The network connection is lost.

Banner Image

ချီယေဆာကို ပြီးခဲ့တဲ့ဘောလုံးရာသီနဲ့ လုံးဝကွဲပြားခြားနားသွားတဲ့ ကစားသမားလို့ ရှုမြင်နေတဲ့ အန်းစလော့

လီဗာပူးနည်းပြအန်းစလော့က ချီယေဆာကို လွန်ခဲ့တဲ့ ၁၂ လတာကာလမှာ မြင်တွေ့ခဲ့ဖူးတဲ့ပုံနဲ့ လုံးဝကွဲပြားခြားနားသွားပြီလို့ ယူဆနေပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အနိုင်ရရှိမှုမှာ အရန်ခုံတန်းမှတဆင့် အလှည့်အပြောင်းပြုလုပ်ပေးခဲ့တဲ့ အီတာလျံသားရဲ့ကူညီပေးမှုကိုလည်း အသိအမှတ်ပြုသွားခဲ့ပါတယ်။

အီတလီလက်ရွေးစင်ကစားသမားက အန်ဖီးလ်ကစားသမားဘဝအဖွင့်ဘောလုံးရာသီမှာ ကြံ့ခိုင်မှုပြဿနာတွေနဲ့အတူ ရုန်းကန်ခဲ့ရပြီး ၁၄ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူက ဘုန်းမောက်ကိုရင်ဆိုင်ရတဲ့ပွဲစဉ်ရဲ့ပွဲချိန်နှောင်းပိုင်းမှာ အနိုင်ဂိုးလိုအပ်နေတဲ့ လီဗာပူးအတွက် လူစားဝင်ကစားပြီး အဖိုးတန်သွင်းဂိုး ရှာဖွေပေးခဲ့ပါတယ်။
 
လက်ရှိလီဗာပူးအသင်းလူစာရင်းပိုင်းအရ တိုက်စစ်ပိုင်းရွေးချယ်ခွင့် နည်းပါးနေမှုနဲ့အတူ အသင်းမှထွက်ခွာနိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ပြီးနောက် တစ်လအကြာမှာပဲ ချီယေဆာအတွက် အသင်းရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်လာနိုင်မယ့် အခွင့်အရေးလည်း ရှိနေပါသေးတယ်။

အန်းစလော့က “ အခုအချိန်မှာ ပြီးခဲ့တဲ့ဘောလုံးရာသီနဲ့ လုံးဝကွဲပြားခြားနားသွားတဲ့ ချီယေဆာကို မြင်တွေ့နေရပါပြီ။ သူက ရာသီကြိုကာလတစ်ခုလုံးကို လွဲချော်ခဲ့ပြီး ပွဲကစားခွင့်ပမာဏနဲ့ ယှဉ်ပြိုင်မှုပြင်းထန်ပုံအရ ပရီးမီးယားလိဂ်စည်းချက်တစ်ခုဆီ ဝင်ရောက်လာနိုင်တယ်ဆိုတာ ပုံမှန်အခြေအနေပဲ ဖြစ်ပါတယ်။

သူသာ ကစားနိုင်နေမယ်ဆိုရင် ကျွန်တော်တို့အသင်းရဲ့ရလဒ်တွေအပေါ်မှာပဲဖြစ်ဖြစ်၊ သူ့ရဲ့ပွဲကစားချိန်အပေါ်မှာဖြစ်ဖြစ် အကျိုးသက်ရောက်မှုပြသနိုင်ဖို့ အခွင့်အရေးတွေ ရရှိလာပါလိမ့်မယ်။ ဒါပေမဲ့ လက်ရှိအခိုက်အတန့်လိုပဲ သူ့ရဲ့ကြံ့ခိုင်မှုပိုင်းက ပြီးပြည့်စုံနေဖို့ လိုအပ်ပါတယ်။

အခုတော့ သူ့အတွက် အရမ်းကောင်းတဲ့နေရာတစ်ခုမှာ ရောက်ရှိနေပါပြီ။ အခုအချိန်မှာ ကျွန်တော်တို့အတွက် သွင်းဂိုးလိုအပ်လာလို့ အရန်ခုံတန်းကို ကြည့်လိုက်မယ်ဆိုရင် တိုက်စစ်ပိုင်းအတွက် ချီယေဆာနဲ့ အသက်-၁၆ နှစ်အရွယ် အန်ဂူမိုဟာတို့ပဲ ရှိနေပါတယ်။

အန်ဂူမိုဟာက ရာသီကြိုကာလမှာ အကောင်းဆုံးလုပ်ဆောင်ပြခဲ့ပေမယ့် ကျွန်တော့်အတွက်တော့ ချီယေဆာကို ရွေးချယ်ဖို့ဆိုတာ သာမန်ရွေးချယ်မှုတစ်ခုပဲ ဖြစ်နေပါလိမ့်မယ်။ ချီယေဆာကိုယ်တိုင်လည်း အသင်းကို ကယ်တင်ပေးခဲ့ပါတယ်”လို့ ဆိုပါတယ်။