The network connection is lost.

Banner Image

အယ်လ်ဗာရက်ဇ်ကို မန်စီးတီးမှာ ပြန်ရှိနေစေချင်တယ်လို့ ပြောလိုက်တဲ့ ဂွါဒီယိုလာ

မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာက ဂျူလီယန် အယ်လ်ဗာရက်ဇ်ကို အသင်းနဲ့အတူ ပြန်လည်ရှိနေစေချင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

အာဂျင်တီးနား တိုက်စစ်မှူးဟာ အခုဆိုရင် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ဒုတိယမြောက်ရာသီကို ဖြတ်သန်းနေပြီဖြစ်ပြီး လာလီဂါနဲ့ ဥရောပပြိုင်ပွဲတွေမှာ အကောင်းဆုံး ခြေစွမ်းပြသနေပါတယ်။

ဂွါဒီယိုလာက သောကြာနေ့မှာ ပြောကြားရာမှာ "သုံးဖလားရခဲ့တဲ့နှစ်က အရန်ခုံပေါ်မှာ ကျွန်တော် ချန်ထားခဲ့ရတဲ့ ကစားသမားတွေကို မှတ်မိကြသေးလား။ အေးမရစ် လာပေါ့တ်လိုမျိုး အံ့မခန်း ဗဟိုခံစစ်မှူး တစ်ယောက်နဲ့ နိုင်ငံအသင်းအတွက် ပုံမှန်ကစားခွင့်ရသူ၊ ဂျူလီယန် အယ်လ်ဗာရက်ဇ် နဲ့ တခြားကစားသမားတွေပေါ့။ သူတို့ကို အခု ကျွန်တော့်ဆီမှာ ရှိစေချင်တယ်၊ ဒါပေမဲ့ သူတို့က ပွဲပိုကစားချင်ခဲ့ကြလို့ ထွက်ခွာသွားကြတာပါ"

"ဂျူလီယန်က အာလင် ဟာလန်း နဲ့ နေရာပြိုင်ဆိုင်ခဲ့ရတယ်။ ဒါက ကျွန်တော်တို့အတွက်တော့ ထူးကဲကောင်းမွန်တဲ့ အခြေအနေတစ်ခု ဖြစ်ခဲ့ပါတယ်။ အခု သူက ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်မှာ၊ ကမ္ဘာ့အဆင့်မီ နည်းပြ ဒီယေဂို ဆီမြွန်နီ နဲ့ အသင်းဖော်တွေဆီမှာ ရောက်နေပြီး ခြေစွမ်းကောင်းတွေ အံ့မခန်း ပြသနေပါတယ်"

သူက "အခုတော့ သူ့ကို ကျွန်တော်နဲ့အတူ ရှိစေချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော် နားလည်ပါတယ်" လို့ ဝန်ခံပြောကြားခဲ့ပါတယ်။