The network connection is lost.

Banner Image

ဘောလုံးပြင်ပကလပ်တစ်ခုကို သွားရောက်ချင်ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဘိုင်ယန်စတား

ဘိုင်ယန်စတား ဟယ်ရီကိန်းက သူ့အနေနဲ့ ဘောလုံးပြင်ပမှာ သွားကစားချင်တဲ့အသင်းရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကိန်းတစ်ယောက် ကစားသမားတစ်ဘဝလုံးစောင့်ဆိုင်းနေရတဲ့ ပထမဆုံးဆုဖလားကို ရယူနိုင်ဖို့ အတော်လေးနီးစပ်နေပြီဖြစ်ပါတယ်။
အင်္ဂလန်သားဟာ တစ်ဦးချင်းဆုတံဆိပ်တွေရယူနိုင်ခဲ့ပေမယ့် ဆုဖလားအောင်မြင်မှုတစ်ခုမှမရသေးတာဖြစ်ပါတယ်။

အဆိုပါအခြေအနေတွေက ၂၀၂၅ မှာ ပြောင်းလဲခဲ့ပြီး ဘိုင်ယန်နဲ့အတူ အမှတ်ပေးချန်ပီယံဖြစ်ဖို့ ၁ ပွဲသာ လိုအပ်တော့တာဖြစ်ပါတယ်။ ကိန်းအနေနဲ့ လာမယ့်ပွဲမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာမဟုတ်ပေမယ့် ဆုဖလားရယူရာမှာတော့ ပါဝင်လာမှာဖြစ်ပါတယ်။ ဘိုင်ယန်စတားဟာ ဒီရာသီအသင်းအတွက် ၈၉ ပွဲမှာ ၈၀ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပြီး ကွင်းပြင်ပအပျော်တွေကြောင့် ကွင်းထဲမှာပါ အပြုံးတွေနဲ့ကစားနိုင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ဇနီးသည် ၊ သားသမီးတွေအပြင် ဂေါက်ရိုက်တဲ့အလုပ်နဲ့လည်း ရှုပ်ယှက်ခက်နေတာဖြစ်ပါတယ်။ ကိန်းတစ်ယောက် အနာဂတ်မှာ ဘောလုံးလောကကနေ အနားယူခဲ့ရင် ဂေါက်လောကကို ဝင်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အင်တာဗျူးတစ်ခုမှာ “ကျွန်တော် အပေါက်တစ်ခုတည်းဘယ်တုန်းကမှမရခဲ့ပါဘူး။ အခုအဲ့လောကကိုဝင်ရောက်ဖို့က ကျွန်တော့်ပစ်မှတ်တွေထဲကတစ်ခုပါ”လို့ ဖြေကြားခဲ့ပါတယ်။ ကိန်းအနေနဲ့ မကြာခင်မှာ ဆုဖလားကံခေမှုကို အဆုံးသတ်နိုင်တော့မှာဖြစ်ပြီး တိုက်စစ်မှူးတစ်ဦးအနေနဲ့ ဖိအားတွေကို လျော့ချနိုင်တော့မှာဖြစ်ပါတယ်။