The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်က ပေါ်လစီတွေကို ဟန်ဆီဖလစ်ခ်ဆိုရင် ရယ်ချင်သွားလိမ့်မယ်လို့ ပြောကြားလိုက်တဲ့ တိုနီ ခရူးစ်

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်း တိုနီ ခရူးစ် ဟာ ဘောလုံးလောကတွင် သူ့ရဲ့ ပွင့်ပွင့်လင်းလင်း သဘောထားကြောင့် လူသိများပါတယ်။ ကမ္ဘာ့ဖလားဆုရှင်ဟောင်း ခရူးစ်ဟာ သူ့ရဲ့အစ်ကို ဖီးလစ်ခ် ခရူးစ် နှင့်အတူ တင်ဆက်နေတဲ့ Einfach mal Luppen podcast ကြောင့် ထပ်မံ  နာမည်ကြီး သတင်းဖြစ်ခဲ့ရပြန်ပါတယ်။ ယခုတစ်ကြိမ်တွင်မူ သူတို့နှစ်ဦးဟာ ဘာစီလိုနာနည်းပြ ဖလစ်ခ် နှင့် ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီ တို့ရဲ့ နည်းစနစ်များကို နှိုင်းယှဉ်ဆွေးနွေးခဲ့ကြပါတယ်။

ဟန်ဆီ ဖလစ်ခ် ဟာ ဘာစီလိုနာတွင် သူ့ရဲ့ဖော်ရွေသော ချဉ်းကပ်မှုဖြင့် အောင်မြင်မှုရရှိခဲ့သော်လည်း ၎င်းယူဆောင်လာခဲ့တဲ့ အရာများထဲမှ တစ်ခုမှာ စည်းကမ်းဖြစ်ပါတယ်။အထူးသဖြင့် အချိန်တိကျမှုနှင့် ပတ်သက်၍ ဖြစ်ပါတယ်။ ဂျူးလ်စ် ကွန်ဒီ ဟာ အသင်းအစည်းအဝေးများသို့ နောက်ကျ၍ ရောက်ရှိခြင်းကြောင့် သုံးကြိမ်တိုင်တိုင် လူစာရင်းမှ ချန်လှပ်ခံခဲ့ရပြီး အီနာကီ ပီနာ လည်း အလားတူ အကြောင်းပြချက်ဖြင့် အရန်ခုံတွင် ထိုင်ခဲ့ရပါတယ်။

ခရုးစ် နှင့် ဖလစ်ခ် တို့ဟာ ဂျာမနီလက်ရွေးစင်အသင်းတွင် ဖလစ်ခ် လက်ထောက်နည်းပြအဖြစ် ရှိနေစဉ်က အတူလုပ်ဆောင်ခဲ့ကြပြီး ၎င်းက နည်းပြချုပ်အဖြစ် တာဝန်ယူသောအခါတွင်လည်း ထပ်မံလက်တွဲခဲ့ကြတာကြောင့် ခရုးစ်ဟာ ဘာစီလိုနာနည်းပြရဲ့ နည်းစနစ်များကို ကောင်းစွာ ရင်းနှီးကျွမ်းဝင်သူ ဖြစ်ပါတယ်။

"ဟန်ဆီ နဲ့ဆိုရင် ကစားသမားတချို့က အစည်းအဝေးကို နောက်ကျလို့ အသင်းကနေ ချန်လှပ်ခံခဲ့ရတာတွေ ရှိပါတယ်။ ဒါက ဘာစီလိုနာမှာ အကြိမ်အတော်များများ ဖြစ်ခဲ့ဖူးပါတယ်" 

"ဒါတွေက ကွဲပြားတဲ့ အတွေးအခေါ်တွေပါ။ ရီးရဲလ်မက်ဒရစ် မှာဆိုရင်တော့ သူတို့ ရယ်နေကြမှာပါ။ တော်တော်များများ ကစားသမားနဲ့ နည်းပြ ဘယ်သူက နောက်ကျမလဲဆိုတာ မသိကြပါဘူး။ ဒါက မတူညီတဲ့ စိတ်ဓာတ်ပါပဲ အစည်းအဝေးကို ငါးမိနစ် နောက်ကျလို့ ကစားသမားတစ်ယောက်ကို မကစားခိုင်းဘူးဆိုတာမျိုးပေါ့" လို့ Sport သတင်းစာက ဖော်ပြခဲ့ပါတယ်။

သို့သော်လည်း ခရုးစ်က သူ့ရဲ့အမြင်တွင် မည်သည့်နည်းလမ်းက ပိုကောင်းကြောင်း မပြောခဲ့ပါဘူး။ "သူတို့က မတူညီကြတာပါပဲ။ နှစ်ခုလုံး ကောင်းပါတယ်။ ဖလစ်ခ်ရဲ့နည်းလမ်းကတော့ ဂျာမနီရဲ့ ထုံးစံအတိုင်းလို့ ပြောလို့ရပါတယ်" လို့ သူက ပြောပါတယ်။

သို့သော်လည်း ဗယ်လ်ဒီဘီဘက်စ် တွင် ယခုရာသီ၌ စိတ်ဝင်စားဖွယ်ရာ ကိစ္စတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဇာဘီ အလွန်ဆိုက ရီးရဲလ်မက်ဒရစ် သို့ ရောက်ရှိလာပြီဖြစ်ပြီး ထိုနေရာတွင် သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး အဝတ်လဲခန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။။ သို့တိုင် စပိန်နိုင်ငံသားနည်းပြဟာ ဂျာမနီတွင် မန်နေဂျာနှင့် ကစားသမား နှစ်မျိုးလုံးအဖြစ် အချိန်များစွာ ကုန်ဆုံးခဲ့ပြီး အလွန်ဆိုက အသင်းအား ပေးခဲ့တဲ့ ပထမဆုံး မက်ဆေ့ချ်များထဲမှ တစ်ခုမှာ အသင်းရှိကစားသမားများထံမှ ၂၀၀% လိုချင်ကြောင်း ဖြစ်ပါတယ်။