The network connection is lost.

Banner Image

အယ်လ်ဘာစီတီကို ခက်ခက်ခဲခဲကစားခဲ့ရပေမဲ့ အသင်းက နိုင်ပွဲနဲ့ထိုက်တန်တယ်လို့ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ် ပြောကြား

ဘာစီလိုနာအသင်းဟာ ဗုဒ္ဓဟူးနေ့နံနက်က အယ်လ်ဘာစီတီအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ကိုပါဒယ်ရေး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ပွဲက ခက်ခဲခဲ့ပေမဲ့ နည်းပြ ဟန်ဆီဖလစ်ခ်ကတော့ ရလဒ်နဲ့ သူ့ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းအပေါ် ကျေနပ်အားရမိကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ပွဲစဉ်ဇယားတွေ ကျပ်တည်းနေတဲ့ကြားက အခုလို ရှုံးထွက်ပွဲစဉ်တွေမှာ ကစားရတာ ဘယ်လောက်အထိ ခက်ခဲကြောင်းကိုလည်း ဖလစ်ခ်က ပွဲအပြီးမှာ ရှင်းပြခဲ့ပါတယ်။

ဘာစီလိုနာဟာ ပွဲပြီးခါနီး မိနစ်ပိုင်းတွေအထိ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ အသင်းရဲ့ ရင့်ကျက်တဲ့ ကစားဟန်ကြောင့် ဒီပွဲကို အနိုင်ရဖို့ ထိုက်တန်ခဲ့တာဖြစ်တယ်လို့ ဖလစ်ခ်က ယူဆနေပါတယ်။

"ဒါမျိုးပွဲတွေကတော့ ကျွန်တော်တို့ အနိုင်ရအောင် ကစားရမှာပါပဲ။ အခု ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်" လို့ မာကာသတင်းဌာနရဲ့ ဖော်ပြချက်အရ ၎င်းက ဆိုပါတယ်။

လက်ရှိမှာ ဘာစီလိုနာအသင်း ရင်ဆိုင်နေရတဲ့ ပွဲပန်းနေမှုတွေကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်လို့ နည်းပြဖြစ်သူက အလေးအနက်ထား ပြောကြားခဲ့ပါတယ်။

"ဒါဟာ တကယ့်ကို ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ရခဲ့ပါတယ်။ သုံးရက်တစ်ပွဲနှုန်း ကစားနေရတာတောင် အမြဲတမ်း အဆင်သင့်ဖြစ်နေပြီး အကောင်းဆုံးပြင်ဆင်ထားတဲ့ ကျွန်တော့်အသင်းကို ဂုဏ်ယူမိသလို ဒီနိုင်ပွဲနဲ့လည်း ထိုက်တန်ပါတယ်" လို့ ဖလစ်ခ်က ဖွင့်ဟခဲ့ပါတယ်။

ဒါပေမဲ့ ဂိုးရှေ့ အဆုံးသတ်ပိုင်းမှာ ထိရောက်မှု အားနည်းခဲ့တာကိုလည်း ဖလစ်ခ်က ထောက်ပြခဲ့ပါတယ်။ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမဲ့ ပွဲကို စောစောစီးစီး အဆုံးမသတ်နိုင်ခဲ့တာပါ။

"ကိုပါဒယ်ရေးပွဲတွေက အမြဲတမ်း ခက်ခဲတတ်ပါတယ်။ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့တဲ့အတွက် အဆုံးသတ်ပိုင်းမှာ ပိုပြီး ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ နောက်ဆုံးမှာတော့ ဒါဟာ တရားမျှတတဲ့ ရလဒ်တစ်ခုပါပဲ" လို့ ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။