ဖရန်ဂါစီယာအတွက် ဘုန်းမောက်ရဲ့ကမ်းလှမ်းမှုကို ရီးရဲလ်မက်ဒရစ်ပယ်ချ
ရီးရဲလ်မက်ဒရစ်နောက်ခံလူဖရန်ဂါစီယာအတွက် ဘုန်းမောက်ရဲ့ဆောင်းရာသီအပြောင်းအရွှေ့နောက်ဆုံးရက်ကြိုးပမ်းမှုက ကျဆုံးသွားတယ်လို့ သိရပါတယ်။
စပိန်အခြေစိုက် Radio Cope သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘုန်းမောက်ဟာ ဈေးကွက်ပိတ်ခါနီး နောက်ဆုံးနာရီပိုင်းတွေမှာ ဖရန်ဂါစီယာကိုခေါ်ယူဖို့ ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဘုန်းမောက်နည်းပြအီရာအိုလာဟာ ဗယ်လီကာနိုအသင်းမှာ ဖရန်ဂါစီယာနဲ့ လက်တွဲခဲ့ဖူးပြီး ကစားသမားရဲ့ခြေစွမ်းကို အလွန်နှစ်သက်သူလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဘက်မှ ဒီခံစစ်ကစားသမားကို အသင်းအတွက်မရှိမဖြစ်ကစားသမားတစ်ဦးလို့ အခိုင်အမာပြောဆိုကာ ပရီးမီးယားလိဂ်ကလပ်ရဲ့ကြိုးပမ်းမှုကို ပယ်ချသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်က နည်းပြအီရာအိုလာလက်အောက် ဖရန်ဂါစီယာရဲ့ခြေစွမ်းပိုင်းကို အထူးသဘောကျခဲ့ပြီး လွန်ခဲ့တဲ့နှစ်နှစ်တာကာလတုန်းကပင် အသင်းဆီ ကစားသမားကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။