The network connection is lost.

Banner Image

အနီကတ်အတွက် ပြစ်ဒဏ်ချမှတ်ခံရမှာမဟုတ်တဲ့ လီဗာပူးစတား

လီဗာပူးအသင်းနည်းပြ စလော့က မိမိတို့အနေနဲ့ တိုက်စစ်မှူး အက်ကီတီကီကို ပြစ်ဒဏ်ချမှတ်မှာမဟုတ်ဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ပြင်သစ်သားဟာ ဆောက်သမ်တန်နဲ့ကာရာဘောင်ဖလားပွဲမှာ အရန်ခုံကနေလူစားဝင်လာပြီး အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် အကျီချွတ်အောင်ပွဲခံခဲ့တာကြောင့် ၂ ဝါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ အက်ကီတီကီဟာ အီဆက်အစားလူစားဝင်လာပြီးနောက် ၈ မိနစ်အတွင်းမှာ ပထမဆုံးအဝါကတ်ပြသခံခဲ့ရပါတယ်။

အဲ့နောက် ပြင်သစ်သားဟာ ပွဲကစားချိန် ၈၅ မိနစ်မှာ အသင်းဖော် ချီယေဆာရဲ့ပေးပို့မှုကနေ အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အက်ကီဟာ အိမ်ကွင်းပရိသတ်တွေရှေ့မှာ အကျီချွတ်အောင်ပွဲခံခဲ့ပါတယ်။ အဆိုပါအပြုအမူကြောင့်ပဲ ဒုတိယအဝါကတ်ထပ်မံပြသခံခဲ့ရကာ စလော့က ဒေါသထွက်ခဲ့ပါတယ်။ ပဲလေ့စ်နဲ့ပွဲမတိုင်ခင် အင်တာဗျူးမှာ စလော့က အက်ကီကို ၂ ပတ်စာလုပ်ခလစာဒဏ်ကြေးအဖြစ် ချမှတ်မယ်ဆိုတဲ့သတင်းတွေကို ပယ်ချခဲ့ပါတယ်။

“စည်းကမ်းအရဆိုရင် ပြစ်ဒဏ်ချမှတ်ရမှာပါ။ ကျွန်တော် သူနဲ့စကားပြောဖြစ်သလို သူကိုယ်တိုင်ကလည်း အသင်းဖော်တွေကို တောင်းပန်ခဲ့ပြီးပါပြီ။ သူက ငယ်ရွယ်တာကြောင့် အသက်ငယ်တဲ့ကစားသမားတွေဟာ အခုလိုအမှားတွေလုပ်တတ်ကြပါတယ်။ ဒီလိုအမှားတွေအတွက် အသင်းဘက်က ပြစ်ဒဏ်ချမှတ်ဖို့မရှိပါဘူး။ လူသားတစ်ယောက်အနေနဲ့ သူ့မှာ အံ့ဖွယ်ပါ။ တကယ်လို့ ထိပ်တန်းဝန်ထမ်း ၃ ယောက်ကိုမေးမြန်းမယ်ဆိုရင် သူလည်း ပါဝင်လာနိုင်ပါတယ်။ ဒါကြောင့် သူက အမှားလုပ်နိုင်ပါတယ်။ ဒါကြောင့် သူအမှားလုပ်နိုင်ပါတယ်။ အဲ့တာက ဉာဏ်ကောင်းတာမဟုတ်သလို ကျွန်တော်တို့ကို မနာကျင်စေပါဘူး။ မနက်ဖြန်မှာတော့ အနည်းငယ်နာကျင်နိုင်ပါတယ်။ ဒါပေမယ့် ချီယေဆာကလည်း သူ့အနေနဲ့ ပွဲထွက်ခွင့်နဲ့ထိုက်တန်တယ်ဆိုတာကို ပြသခဲ့ပါတယ်”လို့ စလော့က ပြောကြားခဲ့ပါတယ်။

အက်ကီတီကီဟာ လာမယ့်ပဲလေ့စ်နဲ့ပွဲကို လွဲချော်မှာဖြစ်ပြီး ဂါလာတာစာရေးနဲ့ပွဲမှာမှ ပြန်လည်ပါဝင်နိုင်မှာဖြစ်ပါတယ်။ ဥရောပပြိုင်ပွဲတွေက ကြားရက်မှာကန်မှာဖြစ်တာကြောင့် အက်ကီအနေနဲ့ စွမ်းဆောင်ရည်ကောင်းပြန်လည်ပြသနိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။