အီဂေါတူဒေါနေရာအတွက် ဆန်ခါတင်နည်းပြနှစ်ဦး သတ်မှတ်ထားတဲ့ ဂျူဗင်တပ်စ်
ဂျူဗင်တပ်စ်က အီဂေါတူဒေါကို ရာထူးမှထုတ်ပယ်ပြီးနောက် နည်းပြသစ်နေရာအတွက် မန်စီနီ (သို့မဟုတ်) စပယ်လက်တီကို ခန့်အပ်ဖို့ မျက်စိကျနေပါတယ်။ အသက်-၄၇ နှစ်အရွယ် တူဒေါက နောက်ဆုံးသုံးပွဲဆက်ရှုံးနိမ့်မှုအပါအဝင် ပြိုင်ပွဲစုံရှစ်ပွဲဆက်နိုင်ပွဲပျောက်ပြီးနောက် ဂျူဗင်တပ်စ်နည်းပြရာထူးကို စွန့်လွှတ်လိုက်ရပါတယ်။
စီးရီးအေရှစ်ပွဲကစားပြီးချိန်၊ အမှတ်ပေးဇယားအဋ္ဌမနေရာဆီ ရောက်ရှိနေတဲ့ ဂျူဗင်တပ်စ်က ရာသီသစ်မှာ အပြောင်းအလဲတွေပြုလုပ်ဖို့ ကူညီပေးနိုင်မယ့် နည်းပြသစ်တစ်ဦး ရှာဖွေနေပါတယ်။ နာမည်ကြီးသတင်းထောက်ဒီမာဇီယိုရဲ့အဆိုအရ အသက်-၆၀ နှစ်အရွယ် မန်စီနီနဲ့ အသက်-၆၆ နှစ်အရွယ် စပယ်လက်တီတို့ဟာ အလိုင်းယန့်ဇ်ကွင်းမှာ ရာထူးလက်ခံဖို့အတွက် ရေပန်းအစားဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဂျူဗင်တပ်စ်က စပယ်လက်တီဆီ ဆက်သွယ်ခဲ့ပြီးဖြစ်ပေမဲ့ နာပိုလီနည်းပြဟောင်းနဲ့ သဘောတူညီမှုတစ်ခု မရရှိဘူးဆိုရင် မန်စီနီကို ထည့်သွင်းစဉ်းစားလိမ့်မယ်လို့ သိရပါတယ်။