The network connection is lost.

Banner Image

ဘာစီလိုနာစတားရဲ့လက်မှတ်ထိုးကြေးအတွက် ပရိသတ်တွေ ပေးဆောင်ရဖွယ်ရှိနေ

လက်မှတ်ထိုးချင်းနဲ့ပတ်သက်ပြီး စာချုပ်ချုပ်ဆိုတော့မှာဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ ဘာစီလိုနာစတား ယာမဲလ်ရဲ့လက်မှတ်လိုချင်တယ်ဆိုရင် ငွေကြေးပေးဆောင်ရတော့မှာဖြစ်ပါတယ်။ ယာမဲလ်တစ်ယောက် ဖရီးလက်မှတ်ထိုးပေးခြင်းကို ရပ်တန့်တော့မှာဖြစ်ပြီး စာချုပ်ချုပ်ဆိုတာက ရောင်းကုန်တစ်ခုအနေနဲ့ လုပ်ဆောင်တော့မှာဖြစ်ပါတယ်။ မန်ဒိုသတင်းဌာနရဲ့အဆိုအရ အသက် ၁၈ နှစ်သားရဲ့တာဝန်ရှိသူတွေဟာ ဈေးကွက်ထဲမှာ ယာမဲလ်ရဲ့လက်မှတ်ကို တန်ကြေးတစ်ခုသတ်မှတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အဆိုပါဆုံးဖြတ်ချက်ကို ယာမဲလ်ရဲ့အကြံပေးအေဂျင်စီက အခြားကမ္ဘာကျော်စတားတွေနည်တး ဈေးကွက်ရှာဖွေရေးကျွမ်းကျင်သူတွေနဲ့တိုင်ပင်ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။ စာချုပ်ချုပ်ဆိုပြီးသွားရင် ပရိသတ်တွေအနေနဲ့ ဘာစီလိုနာစတားရဲ့လက်မှတ်ထိုးထားတဲ့အကျီ ၊ ဖိနပ် နဲ့ အခြားထုတ်ကုန်တွေကို ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဘက်ကတော့ ယာမဲလ်ရဲ့အဆိုပါလုပ်ရပ်ဟာ သာမန်ဖြစ်ရပ်တစ်ခုလို့သာ တုံ့ပြန်ခဲ့ပါတယ်။ အသင်းဘက်က မန်ဒိုသတင်းဌာနရဲ့ဖော်ပြချက်နဲ့ပတ်သက်ပြီး ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့ပရိုဖိုင်အတွက် သူတို့နားလည်တယ်လို့ ပြောကြားလိုက်ပါတယ်။

ယာမဲလ်ရဲ့တိုးတက်လာတဲ့စွမ်းဆောင်ရည်ကို အသင်းဘက်က သဘောကျနေပြီး စာချုပ်သက်တမ်းကလည်း ၂၀၃၁ အထိ ရှိနေပါတယ်။ အသက် ၁၈ နှစ်သားဟာ လက်ရှိမှာကမ္ဘာကျော်တံဆိပ်တွေဖြစ်တဲ့ Adidas / Beats / Powerade / Oppo / Konami / Nesquik တို့နဲ့လက်တွဲထားတာဖြစ်ပါတယ်။ တိုးတက်လာတဲ့စွမ်းဆောင်ရည်တွေနဲ့အတူ စပိန်သားဟာ Forbes မဂ္ဂဇင်းရဲ့ထိပ်တန်းလုပ်ခလစာအများဆုံး ၁၀ ယောက်စာရင်းမှာ ပထမဆုံးအကြိမ်ပါဝင်လာခဲ့ပါတယ်။ ယာမဲလ်ဟာ ဒီရာသီဘာစီလိုနာအတွက် လာလီဂါ ၄ ပွဲသာကစားထားရပေမယ့် ၂ ဂိုးသွင်း ၊ ၄ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။