The network connection is lost.

Banner Image

၂၀၂၆ ကမ္ဘာ့ဖလားကို လီယွန်နယ် မက်ဆီ အလွယ်တကူ ကစားနိုင်လိမ့်မယ်လို့ ပြောကြားလိုက်တဲ့ ခရစ္စတီယန် ရိုမဲရိုး

လီယွန်နယ် မက်ဆီ က ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားနိုင်မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားအသင်းဖော် ခရစ္စတီယန် ရိုမဲရိုးကတော့ ၈ ကြိမ်မြောက် ဘော်လွန်းဒီအော်ဆုရှင်ဟာ ဒီပြိုင်ပွဲမှာ “အလွယ်တကူ” ကစားနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီကတော့ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းနဲ့အတူ ဗိုလ်စွဲခဲ့တဲ့ဆုဖလားကို ကာကွယ်ဖို့အတွက် ကြံ့ခိုင်မှုပြဿနာတွေကြောင့် မကစားနိုင်မှာကို စိုးရိမ်နေခဲ့ပါတယ်။

မက်ဆီဟာ ဒီရာသီမှာ အင်တာ မိုင်ယာမီအသင်းအတွက် ပွဲတချို့ကို လွဲချော်ခဲ့ရပြီး ဒဏ်ရာတွေလည်း ရရှိခဲ့ပါတယ်။ အသင်းနဲ့ လက်ရွေးစင်အသင်းတို့က သူ့ရဲ့ ပွဲကစားချိန်ကို ဂရုတစိုက်စီမံနေပြီး မလိုအပ်တဲ့အန္တရာယ်တွေကို မယူဘဲ ရှောင်ရှားနေပါတယ်။

တောင်အမေရိက ဘောလုံးလောကရဲ့ ဂန္တဝင်အကျော်အမော်ဟာ မကြာသေးခင်က ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်ခုမှာ သူ့ရဲ့ ဇာတိမြေမှာ နောက်ဆုံး ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်ကို ကစားခဲ့ပြီး နိုင်ငံတကာပွဲတွေကနေ မကြာခင် အနားယူတော့မယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ မက်ဆီနဲ့အတူ အသင်းဖော်တွေကတော့ နောက်ထပ်အဓိကပြိုင်ပွဲတစ်ခုမှာ သူ့ရဲ့ အစီအစဉ်တွေအပေါ် ယုံကြည်မှုရှိနေပါတယ်။ နောက်ခံလူ ရိုမဲရိုးကတော့ အသင်းရဲ့ ကျောနံပါတ် ၁၀ အင်္ကျီပိုင်ရှင် မက်ဆီဟာ ကမ္ဘာ့ဖလားဖလား နှစ်ကြိမ်မြောက်ရယူနိုင်မယ့် စိန်ခေါ်မှုကို မလုပ်နိုင်စရာ အကြောင်းမရှိဘူးလို့ ယူဆနေပါတယ်။

တော့တင်ဟမ်အသင်းနောက်ခံလူ ရိုမဲရိုးက သူ့ရဲ့ဂန္တဝင်အသင်းဖော်အကြောင်း သတင်းထောက်တွေရဲ့ မေးမြန်းမှုအပေါ် “လီယိုအကြောင်းတော့ ကျွန်တော်ဖြေနိုင်ပါတယ်။ ကျွန်တော်ထင်တာကတော့ သူ ကြံ့ခိုင်မှုရှိပြီး အလွယ်တကူ ပါဝင်ကစားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ကျွန်တော်တို့အားလုံး သူ့နဲ့ ကစားရတာကို ပျော်ရွှင်ပါတယ်။ ကျွန်တော်နဲ့ ဘောလုံးအကြောင်း သိတဲ့သူတွေအတွက်တော့ သူက သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားပါ”

“သူနဲ့ အတူတူ အသင်းဖော်အဖြစ်၊ အချိန်တွေကို မျှဝေရတာကို ကျွန်တော်ချစ်ပါတယ်။ ကျွန်တော်တို့ အတူတူ ပျော်ရွှင်စရာအချိန်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ သေချာတာပေါ့။ သူ ကမ္ဘာ့ဖလားအတွက် အဆင်ပြေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”

“ကျွန်တော် လက်ရွေးစင်အသင်းမှာ ရှိနေတုန်း ကမ္ဘာ့ဖလားအကြောင်း စဉ်းစားဖို့ အချိန်အများကြီး လိုပါသေးတယ်။ အဲဒီပြိုင်ပွဲ ရောက်ရှိလာဖို့ လပေါင်းများစွာ လိုပါသေးတယ်။ ကျွန်တော်က စပါးအသင်းအပေါ်မှာပဲ အာရုံစိုက်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ၁၉၄ ပွဲကစားပေးထားပြီး ၁၁၄ ဂိုးသွင်းယူထားပါတယ်။ နိုင်ငံတကာပွဲတွေမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်အချို့ချရမယ့်အချိန်မှာ မက်ဆီဟာ ပြည်တွင်းမှာလည်း သူ့ရဲ့အနာဂတ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချရမှာဖြစ်ပြီး အင်တာ မိုင်ယာမီအသင်းမှာ စာချုပ်သက်တမ်းတိုးဖို့ကိစ္စတွေလည်း ထွက်ပေါ်နေပါတယ်။