The network connection is lost.

Banner Image

ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဖလော်ရီယန်ဝစ်ဇ်ကို ခေါ်ယူဖို့ သဘောတူခဲ့တဲ့ လီဗာပူး

လီဗာပူးက လေဗာကူဆင်ကစားသမားဖလော်ရီယန်ဝစ်ဇ်ကို ဗြိတိသျှစံချိန်တင်ပြောင်းရွှေ့ကြေးအသစ်ဖြစ်တဲ့ ယူရိုသန်း ၁၅၀ ဖြင့် ခေါ်ယူဖို့အတွက် သဘောတူညီမှုတစ်ခု ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ကြိုးကြာနီတာဝန်ရှိသူတွေက အပြောင်းအရွှေ့အတွက် လေဗာကူဆင်အသင်းအကြီးအကဲတွေနဲ့ ဆွေးနွေးခဲ့ပြီး အခုအချိန်မှာတော့ သဘောတူညီမှုရရှိခဲ့ပြီလို့ နာမည်ကျော်သတင်းထောက်ဖေဘရီဇီယိုရိုမာနိုက ရေးသားဖော်ပြပါတယ်။ လက်ရှိမှာ ဝစ်ဇ်က ဆေးစစ်ဖို့နဲ့ စာချုပ်လက်မှတ်ရေးထိုးဖို့အတွက် အန်ဖီးလ်ဆီ ထွက်ခွာလာပါလိမ့်မယ်။

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ၊ လေဗာကူဆင်ရဲ့ဘွန်ဒက်စ်လီဂါချန်ပီယံပြေးလမ်းမှာ အတောက်ပဆုံးခြေစွမ်းမျိုး ပြသပြီးနောက် ဖလော်ရီယန်ဝစ်ဇ်ကို ကမ္ဘာ့အကောင်းဆုံးကွင်းလယ်တိုက်စစ်ကစားသမားတွေအနက် တစ်ဦးအဖြစ် သတ်မှတ်လာခဲ့ပါတယ်။ သူက အခုဘောလုံးရာသီမှာလည်း ဂျာမန်ကလပ်အတွက် ၁၅ ဂိုးသွင်းယူကာ ၁၆ ကြိမ် ဂိုးဖန်တီးပေးခဲ့ပါတယ်။

လီဗာပူးဆီ ဖလော်ရီယန်ဝစ်ဇ်ရောက်ရှိလာမယ်ဆိုရင် ဒီအပြောင်းအရွှေ့က ချဲလ်ဆီးဆီ ပေါင် ၁၁၅ သန်းဖြင့် ရောက်ရှိလာတဲ့ ကိုင်စီဒိုကိုကျော်ဖြတ်ကာ ဗြိတိန်စံချိန်သစ် ဖြစ်လာပါလိမ့်မယ်။ ဖလော်ရီယန်ဝစ်ဇ်က ပရီမီးယားလိဂ်ချန်ပီယံဆုကာကွယ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ လီဗာပူးအသင်းအတွက် ကြယ်ပွင့်တစ်ဦး ဖြစ်လာနိုင်ပါတယ်။ ဂျာမန်လက်ရွေးစင်က လေဗာကူဆင်အသင်းဖော် ဖရင်းပေါင်နဲ့အတူ အန်းစလော့ရဲ့အသင်းဆီ အခုနွေရာသီမှာ ရောက်ရှိလာသူ ဖြစ်ပါတယ်။