The network connection is lost.

Banner Image

ပီအက်စ်ဗွီသို့ အပြီးသတ်မပြောင်းဘဲ ပြန်လာမယ့် မာလာစီယာကြောင့် စိတ်အနှောက်အယှက်ဖြစ်နေရတဲ့ အာမိုရင်

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရာသီကို ဖြတ်သန်းခဲ့ရပြီးနောက် ယူနိုက်တက်ဟာ အပြောင်းအရွှေ့ဈေးကွက်တွင် အလုပ်များနေခဲ့ပြီး မာသီးယက်စ် ကွန်ညာကို ခေါ်ယူပြီး ဘရိုင်ယန် အမ်ဘိုမိုနှင့် သဘောတူညီမှု ရရှိရန် နီးစပ်လာနေပါတယ်။

သို့သော် အသင်းဟာ မလိုအပ်တဲ့ ကစားသမားများကို ရောင်းချရာတွင် များစွာတိုးတက်မှု မရှိသေးဘဲ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ အလက်ဇန်ဒရို ဂါနာချို၊ အန်တိုနီ နှင့် ဂျေဒန် ဆန်ချိုတို့မှာ အိုးထရက်ဖို့ဒ်တွင် ရှိနေဆဲဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်က ဘာစီလိုနာသို့ အိပ်မက်ဆန်ဆန် ပြောင်းရွှေ့ရန် ကြိုးပမ်းနေသဖြင့် ပရီးမီးယားလိဂ်ကလပ် သုံးခုကို ငြင်းဆန်ခဲ့တယ်လို့ သိရပြီး ရီးရဲလ် ဘက်တစ်က အန်တိုနီကို ပြန်လည်ခေါ်ယူလိုသော်လည်း ငွေကြေးကိစ္စများမှာ ခက်ခဲနေပါတယ်။

တနင်္ဂနွေနေ့တွင် ယူနိုက်တက်ရဲ့ ပြဿနာများ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ပီအက်စ်ဗွီက တိုင်ရယ်လ် မာလာစီယာရဲ့ အငှားစာချုပ်ကုန်ဆုံးပြီးနောက် မဝယ်ယူတော့ကြောင်း ကြေညာခဲ့ပါတယ်။ "ဇူလိုင်လ ၁ ရက်နေ့တွင် တိုင်ရယ်လ် မာလာစီယာနှင့် ရစ်ခ် ကားစ်ဒေါ့ပ်တို့ရဲ့ ပီအက်စ်ဗွီ တွင် ရှိနေတဲ့ သက်တမ်း ကုန်ဆုံးပါမယ်" လို့ ဒတ်ခ်ျချန်ပီယံတွေက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

"တိုင်ရယ်လ်က သူ့ရဲ့အငှားကာလ ကုန်ဆုံးပြီးနောက် ယူနိုက်တက်သို့ ပြန်သွားမှညဖြစ်ပြီး ရစ်ခ် ကားစ်ဒေါ့ပ်ရဲ့ ကုန်ဆုံးတော့မယ့် စာချုပ်ကိုလည်း သက်တမ်းတိုးမှာ မဟုတ်ပါဘူး" ပီအက်စ်ဗွီ က ယခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ယူနိုက်တက်မှ တိုင်ရယ်လ်ကို အငှားဖြင့် ခေါ်ယူခဲ့ကြောင်း ကြေညာခဲ့ပြီး အသက် ၂၅ နှစ်အရွယ် ကစားသမားက ပီအက်စ်ဗွီပထမအသင်းတွင် ၁၂ ပွဲ ကစားခဲ့ပါတယ်။ ကလပ်နှင့်အတူ သူ့ရဲ့ကစားသမားဘဝ ပထမဆုံးသော ပြည်တွင်းလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မာလာစီယာက ၂၀၂၂ ခုနှစ် နွေရာသီက ပေါင် ၁၃ သန်းဖြင့် အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ခဲ့ပြီး အဲရစ် တန်ဟက်ဂ်ရဲ့ ပထမဆုံးခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။ ဘယ်နောက်ခံလူက ပွဲဦးထွက်ရာသီ ကောင်းမွန်ခဲ့ပြီး ၃၉ ပွဲ ကစားကာ ကာရာဘောင်းဖလားကို ရရှိခဲ့သော်လည်း ၂၀၂၃ - ၂၄ ရာသီတစ်ခုလုံးကို ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။

၁၈ လကြာ ကွင်းပြင်ပရောက်ရှိနေပြီးနောက် ပြန်လာချိန်တွင် တန်ဟက်ဂ်ရဲ့နေရာတွင် အမ်မိုရင် ရောက်ရှိလာခဲ့ပြီး မကြာမီတွင် နည်းပြချုပ်အသစ်က ကလပ်တွင် သူ့ရဲ့အချိန် ကုန်ဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်က အငှားပြောင်းရွှေ့မှုဟာ အပြီးသတ် ထွက်ခွာမှုဆီသို့ ဦးတည်လိမ့်မယ်လို့ မျှော်လင့်ခဲ့သော်လည်း ယခုအခါ ၎င်းအတွက် ကလပ်အသစ်တစ်ခု ရှာဖွေရတော့မှာဖြစ်ကာ ကစားသမားက ကြံ့ခိုင်မှုအတွက် ရုန်းကန်နေရဆဲဖြစ်သောကြောင့် ခက်ခဲသည့် အလုပ်တစ်ခုဖြစ်နေပါတယ်။

မာလာစီယာ ကာရင်တန်သို့ ပြန်ရောက်တဲ့အခါ အာမိုရင်နှင့် ကလပ်အပေါ် ထားရှိတဲ့ ခွဲခွာခြင်းမှတ်ချက်ကြောင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ ပီအက်စ်ဗွီ သို့ သွားစဉ်က နောက်ခံလူက "ဒီကိုလာရတာ ပျော်ပါတယ်။ နောက်ဆုံးတော့ ကောင်းမွန်တဲ့ ဘောလုံးကို ပြန်ကစားရပြီ" လို့ ပြောကြားခဲ့ပါတယ်။

ဒတ်ခ်ျကစားသမားတွင် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး PSR စည်းမျဉ်းများကြောင့် ယူနိုက်တက်က ကစားသမားအတွက် ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ရရှိရန် ပေါင် ၃ သန်းခန့်ဖြင့် ရောင်းချရန် လိုအပ်မှာ ဖြစ်ပါတယ်။