
ရာဘီအော့ထွက်ခွာမှုနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ မာဆေးလ်ဥက္ကဌ ပါဘလို
အင်္ဂလန်သား ဂျိုနသန်ရိုဝီနဲ့ အဝတ်လဲခန်းထဲမှာ အချင်းများပြီးနောက် ကွင်းလယ်လူ ရာဘီအော့ထွက်ခွာမှုနဲ့ပတ်သက်ပြီး မာဆေးလ်ဥက္ကဌ ပါဘလိုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပါဘလိုက ရာဘီအော့အနေနဲ့ ကြိုတင်ထွက်ခွာဖို့ စီစဉ်ခဲ့တာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့်လည်း မာဆေးလ်အသင်းဥက္ကဌကတော့ အသင်းအနေနဲ့ စည်းကမ်းပိုင်းဆိုင်ရာကို ထိန်းသိမ်းဖို့ လိုအပ်တာကြောင့် အခိုင်အမာပြောကြားလိုက်ပါတယ်။
ပထမဆုံးပွဲဖြစ်တဲ့ ရန်းနက်စ်နဲ့ပွဲမှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် မာဆေးလ်အဝတ်လဲခန်းမှာ အချင်းများမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ရာဘီအော့ နဲ့ ရိုဝီတို့ကြား လက်ပါတဲ့အထိဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ၂ ဦးစလုံးကို လူစာရင်းကနေ ဖယ်ထားခဲ့သလို အရောင်းစာရင်းတင်ခဲ့ပြီး ရိုဝီက ဘိုလော့ဂ်နာ ၊ ရာဘီအော့က အေစီမီလန်ထံပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။
ရာဘီအော့ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဒီဇာဘီလက်အောက်မှာ အဓိကကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။ အသင်းဥက္ကဌ ပါဘလိုကတော့ အခုလိုလုပ်ဆောင်မှုဟာ မှန်ကန်တယ်လို့ ထင်မြင်နေပါတယ်။ “အခြေအနေက အရမ်းနီးကပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရပါမယ်။ အခုလိုမျိုးလုပ်ဆောင်ခဲ့လို့ ကျွန်တော်နောင်တမရမိပါဘူး။ အက်ဒရီယန်အကြောင်း ကျွန်တော်ပြောချင်ပါတယ်။
ပထမဆုံး ကျွန်တော်တို့အခြေအနေတွေက မပြောင်းလဲပါဘူး။ သူက ကျွန်တော်တို့အတွက် အများကြီးအကျိုးပြုခဲ့တဲ့သူပါ။ ဒါပေမယ့် ကျွန်တော်တို့ အသင်းရဲ့စည်းကမ်းပိုင်းဆိုင်ရာကို လေးစားရပါမယ်။ အဲ့တာကြောင့် နောင်တဆိုတာမရှိပါဘူး။ အခြေအနေတွေက နောင်တရစရာတွေပါ။ ဘာလို့လဲဆိုတော့ ဘယ်သူမှ အခုလိုအခြေအနေမရောက်ချင်ပါဘူး။ အထူးသဖြင့် အသင်းအတွက်ကော အားကစားပိုင်းဆိုင်ရာမှာအရေးပါတဲ့ကစားသမားအကြောင်းပြောချိန်မှာပါ။
ဒါပေမယ့် အခုဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ နောင်တမရပါဘူး”လို့ ပါဘလိုက ပြောကြားခဲ့ပါတယ်။ ရာဘီအော့ နဲ့ ရိုဝီတို့ကြား အခြေအနေကို ပြီးခဲ့တဲ့အပတ်သတင်းစာရှင်းပွဲကို ရာဘီအော့တက်ရောက်ချိန်မှာ မေးမြန်းခဲ့သေးတာဖြစ်ပါတယ်။ အဲ့နောက် သူနဲ့ရိုဝီတို့ကြား ဘာပြဿနာမှမရှိပဲ အဆင်ပြေတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ မာဆေးလ်ကနေထွက်ခွာပြီးနောက် သူတို့ ၂ ဦးကြား စာပို့တာအပြန်အလှန်ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
မာဆေးလ်အသင်းဟာ ရာဘီအော့နေရာအတွက် ဘရိုက်တန်စတား အိုရီလေကို အစားထိုးခေါ်ယူခဲ့ပါတယ်။ လာမယ့်စက်တင်ဘာ ၁၇ ရက်နေ့မှာ မာဆေးလ်အသင်းဟာ ရီးရဲလ်အသင်းနဲ့ချန်ပီယံလိဂ်ပွဲကန်ရမှာဖြစ်ပါတယ်။