The network connection is lost.

Banner Image

စိုးရိမ်စိတ်ကြောင့် အင်တာမိုင်ယာမီအသင်း သရေသာခဲ့ရကြောင်း မာရှာရာနို ညည်းညူ

အင်တာမိုင်ယာမီနည်းပြ ဟာဗီယာမာရှာရာနိုက အီဂျစ်ချန်ပီယံ အယ်လ်အာလီအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ "စိုးရိမ်စိတ်က ကစားပုံထိခိုက်စေခဲ့တယ်" လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားသားက စနေနေ့က ဟတ်ဒ်ရော့ခ်ကွင်းမှာ ပွဲစကတည်းက သတိထားပြီးကစားခဲ့သလို ဒုတိယပိုင်းမှာ ပိုမိုကောင်းမွန်တဲ့ကစားပုံ ပြသနိုင်ခဲ့တာကြောင့် ကျေနပ်မိကြောင်း ပြောကြားခဲ့ပါတယ်။

အင်တာမိုင်ယာမီဟာ ကလပ်ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ အယ်လ်အာလီနဲ့ ၀-၀ သရေကျခဲ့ပါတယ်။ အင်တာမိုင်ယာမီဟာ ပွဲစဉ်အတွင်း ဘောလုံးပိုင်ဆိုင်မှု ၅၅ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးပေါက်တည့်မှု ၅ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။  အယ်လ်အာလီကတော့ ဂိုးပေါက်တည့်မှု ၇ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ဂိုးသမားနှစ်ဦးစလုံးက အရေးပါတဲ့ကယ်တင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
 
မာရှေရာနိုက "ကျွန်တော်တို့ရဲ့ ကစားပုံအတွက် ကျေနပ်ပါတယ်။ ဒုတိယပိုင်းမှာ ပိုကောင်းခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ကျွန်တော်တို့က ဘောလုံးအနည်းငယ်ဆုံးရှုံးခဲ့ပြီး သူတို့က အန္တရာယ်ရှိတဲ့အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့က အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပြီး ဂိမ်းကိုထိန်းချုပ်နိုင်ခဲ့ကာ အနိုင်ရဖို့ အခွင့်အရေးတွေရှိခဲ့ပါတယ်။ ဒါက ဘောလုံးပါပဲ"လို့ ပြောခဲ့ပါတယ်။ မာရှာရာနို (Mascherano) က အားကောင်းတဲ့
ပြိုင်ဘက်နဲ့ အသင်းအပေါ်က ဖိအားတွေကို ဝန်ခံခဲ့ပါတယ်။ 

"ကျွန်တော်တို့က အားကောင်းတဲ့အသင်းနဲ့ရင်ဆိုင်ရမယ်ဆိုတာသိခဲ့ပါတယ်။ ပထမပိုင်းမှာ စိုးရိမ်စိတ်က ကျွန်တော်တို့ကို ကစားပုံထိခိုက်စေခဲ့ပါတယ်" လို့ သူကဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အနိုင်ရဖို့ အခွင့်အရေးတွေရှိခဲ့ပါတယ်။ အသင်းက အရမ်းကောင်းတဲ့ပုံစံပြသနိုင်ခဲ့ပါတယ်။ ဒါက ရှေ့ဆက်ရမယ့်လမ်းပါ... ဒီလိုမျိုးကစားနိုင်ရင် ကျွန်တော်တို့က ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်ပါတယ်"လို့ မာရှေရာနိုက ဆိုပါတယ်။

ဒီပွဲစဉ်မှာ အင်တာမိုင်ယာမီရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ မိနစ် ၉၀ လုံး ကစားခဲ့ပါတယ်။ ပထမပိုင်းမှာ ပျောက်သလိုဖြစ်နေခဲ့ပေမဲ့ မက်ဆီက ဒုတိယပိုင်းမှာ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပြီး ဖရီးကစ်က ဘေးပိုက်ကိုထိမှန်ခဲ့ကာ နောက်ဆုံးမိနစ် ကန်ချက်ကလည်း အယ်လ်အာလီဝါရင့်ဂိုးသမား မိုဟာမက် အယ်လ်ရှီနာဝီက ကယ်တင်ခဲ့ပါတယ်။
အင်တာမိုင်ယာမီဟာ ဇွန်လ ၁၉ ရက် ကြာသပတေးနေ့မှာ ပေါ်တို နဲ့ကစားရမှာဖြစ်ပြီး ဇွန်လ ၂၃ ရက်မှာ ပါးမီးရက်စ်နဲ့ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။