The network connection is lost.

Banner Image

ဒဏ်ရာကြောင့် ဒီဘရိုင်းကို လပေါင်းများစွာဆုံးရှုံးရမယ့် နာပိုလီ

ဒီဘရိုင်းရဲ့ဒဏ်ရာက ချက်ချင်းဆိုသလို ပြင်းထန်လာပုံရပြီး စစ်ဆေးမှုတွေအရ ကစားသမားရဲ့ဘယ်ပေါင်မှာ အလွန်ဆိုးရွားတဲ့ ကြွက်သားစုတ်ပြဲဒဏ်ရာရှိနေတယ်လို့ နာပိုလီအသင်းမှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း ဘယ်လ်ဂျီယံကြယ်ပွင့်က ခွဲစိတ်ကုသမှုခံယူမလား (သို့မဟုတ်) လူကာကူလိုပဲ ရှေးရိုးစွဲကုထုံးနဲ့ ကုသမလားဆိုတာ ဆုံးဖြတ်ပေးသွားရပါမယ်။ မည်သို့ပင်ဖြစ်စေ၊ သူက အနည်းဆုံး သုံးလမှ လေးလအထိ အနားယူသွားရလိမ့်မယ်လို့ Corriere dello Sport ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဒီဘရိုင်းက စနေနေ့၊ အင်တာမီလန်နဲ့ပွဲစဉ်မှာ နာပိုလီအတွက် ဦးဆောင်ဂိုးကို ပယ်နယ်တီမှတဆင့် သွင်းယူပြီးနောက် နာကျင်မှုဝေဒနာ ခံစားခဲ့ရပါတယ်။ သူက ကွင်းပြင်အထိထွက်သွားနိုင်ဖို့ အကူအညီခေါ်ခဲ့ရပြီး အထောက်အကူပစ္စည်းတွေနဲ့အတူ အရန်ခုံမှာ ပြန်ထိုင်ခဲ့ပါတယ်။ သူက ဆော်ဒီမှာကျင်းပမယ့် စူပါကိုပါအီတာလီယာပြိုင်ပွဲအပြင် အတ္တလန္တာ၊ ရိုးမား၊ ဂျူဗင်တပ်စ်၊ အေစီမီလန်၊ အင်တာမီလန်တို့နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်တွေကိုလည်း လွဲချော်သွားပါလိမ့်မယ်။

အသက်-၃၄ နှစ်အရွယ်ကစားသမားက မန်စီးတီးမှာ အောင်မြင်မှုများစွာရယူပြီးနောက် နွေရာသီကာလအတွင်း နာပိုလီဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာပါတယ်။ ဒီဘရိုင်းက နာပိုလီအတွက် ပယ်နယ်တီမှတဆင့် လေးဂိုးအထိ သွင်းယူပေးထားပြီး စပို့တင်းလစ္စဘွန်းနဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

လတ်တလောမှာတော့ နာပိုလီက တောင်ပံမှာထွက်ကစားနေတဲ့ တိုမီနေးကို ကွင်းလယ်ဇုန်ဆီ ပြန်ရွှေ့မယ်လို့ မျှော်လင့်ရပါတယ်။ ဘယ်တောင်ပံအတွက်ဆိုရင်တော့ ဒေးဗစ်နီရက်စ်၊ နိုအာလန်း၊ အယ်လ်မက်စ်နဲ့ စပင်နက်ဇိုလာတို့ ရှိနေပါတယ်။