The network connection is lost.

Banner Image

ဖလူမီးနီးစ်ကွင်းအနေအထားကို ဝေဖန်ပြောကြားလိုက်တဲ့ ဒေါ့မွန်စတား ဆူလီ

ဒေါ့မွန်စတား ဆူလီက ဖလူမီးနီးစ်ကွင်းအနေအထားက တော်တော်လေးဆိုးဝါးလွန်းတယ်လို့ ဝန်ခံပြောကြားခဲ့သလို အဲ့တာက ရူးသွပ်ဖွယ်ရာဆင်ခြေလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ဒေါ့မွန်နောက်ခံလူက အဖွင့်ပွဲအဖြစ် ဖလူမီးနီးစ်နဲ့ပွဲမှာ ကွင်းအနေအထားကို ဝေဖန်ခဲ့ပေမယ့်လည်း စွမ်းဆောင်ရည်ပိုင်းက လိုအပ်ချက်ရှိခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

ဆူလီတစ်ယောက်တည်း အဆိုပါကွင်းအခြေအနေကို ဝေဖန်ခဲ့တာမဟုတ်ပဲ ဂိုးသမား ကိုဘဲလ်ကလည်း ကွင်းအခြေအနေဟာ ဘောလုံးကန်ဖို့အဆင်မပြေဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ဖီဖာဘက်က ကလပ်ကမ္ဘာ့ဖလားအတွက် ပြင်ဆင်မှုတွေလုပ်ခဲ့ပေမယ့် ပရိသတ်စိတ်ဝင်စားမှုမရှိတာကြောင့် လက်မှတ်ဈေးတွေကို လျော့ချခဲ့ရပါတယ်။

ဒါ့အပြင် ပြိုင်ပွဲဝင်အသင်းတွေရဲ့ကွင်းအခြေအနေတွေကလည်း စိတ်ပျက်စရာဖြစ်ခဲ့ပြီး ပီအက်စ်ဂျီနည်းပြ အင်းနရစ်က ဖီဖာရဲ့ပွဲစဉ်ဇယားရေးဆွဲမှုကို ဝေဖန်ခဲ့ပါတယ်။ “အချိန်ရွေးချယ်မှုက ဥရောပပရိသတ်တွေအတွက်ကောင်းပေမယ့် အသင်းတွေက ခံစားရပါတယ်။ မိနစ် ၉၀ လုံးထိပ်တန်းအဆင့်စွမ်းဆောင်ရည်နဲ့ကစားဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး”လို့ အင်းနရစ်က ပြောကြားခဲ့ပါတယ်။

ပွဲအပြီးသတင်းထောက်တွေကို ဆူလီကပြောကြားရာမှာ “ကျွန်တော်တို့ ဘောလုံးနဲ့အတူကစားရတာ အရမ်းကိုအားနည်းခဲ့ပါတယ်။ ကျွန်တော်တို့ပိုကောင်းအောင်လုပ်ဖို့ လိုအပ်ပါတယ်။ အခြေအနေတွေကို ဆင်ခြေပေးနေလို့မရပါဘူး။ ကွင်းအခြေအနေက ဘောလုံးကန်ဖို့တောင် အဆင်မပြေပါဘူး။ အဲ့တာတွေက ရူးသွပ်ဖွယ်ရာဆင်ခြေပါ။ ဒီနေ့ခြေစွမ်းက အနည်းငယ်လိုအပ်ချက်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်အပြစ်တင်ရမှာပါ။

လူတိုင်းအတွက် အခုစိန်ခေါ်မှုကိုတွေးထားရပါမယ်။ ကျွန်တော်တို့ ဒုတိယပွဲမှာ ပိုတည်ငြိမ်အောင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ ၂ လတုန်းက ကျွန်တော်တို့ ပြသထားခဲ့ပြီးပါပြီ။ ဒါပေမယ့် အဲ့တာက အခုအခြေအနေမှာ ထည့်မတွက်တော့ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။

ဒေါ့မွန်ဟာာ လာမယ့်ဒုတိယမြောက်ပွဲအဖြစ် Cincinnati အသင်းနဲ့ကန်ရမှာဖြစ်ပြီး နေ့အချိန်ဖြစ်တာကြောင့် ကစားသမားတွေအနေနဲ့ ပူနွေးတဲ့ရာသီဥတုနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒေါ့မွန်စတားတွေဘက်က ကွင်းအခြေအနေ အဆင်ပြေဖို့ မျှော်လင့်နေပါတယ်။