The network connection is lost.

Banner Image

ဘာစီလိုနာရဲ့ချန်ပီယံလိဂ်ပွဲစဉ်သရေရလဒ်အပေါ် သူ့ရဲ့အမြင်ကိုထုတ်ပြောလာတဲ့ ရာဖင်ဟာ

ဒီနေ့မနက်ပိုင်း၊ ဘာစီလိုနာနဲ့ အင်တာမီလန်တို့အကြား အကြိတ်အနယ်ယှဉ်ပြိုင်ကစားကာ တစ်ဖက်သုံးဂိုးစီသရေကျမှုအပေါ် ဆိုးရွားလွန်းတဲ့ရလဒ်တော့ မဟုတ်ပါဘူးလို့ ရာဖင်ဟာက ထုတ်ဖော်ပြောဆိုလာပါတယ်။

အခုပွဲစဉ်ရဲ့အစောပိုင်းမိနစ်တွေမှာ ဧည့်သည်တွေက ဦးဆောင်ဂိုးနှစ်ဂိုးအထိ သွင်းယူကာ အိမ်ရှင်ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး သိပ်မကြာခင်မှာပဲ ယာမယ်လ်က ဘာစီလိုနာအတွက် ဗွေဆော်ဦးချေပဂိုး သွင်းယူခဲ့ပါတယ်။ ဒီနောက်မှာတော့ ဖာရန်တောရက်စ်က ပထမပိုင်းပွဲချိန်မပြီးဆုံးခင် ရလဒ်ပိုင်းညီမျှစေမယ့် ချေပဂိုးကို ရှာဖွေသွားခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်မှာလည်း အင်တာမီလန်တို့ နောက်တစ်ကြိမ်ထပ်ဦးဆောင်ခဲ့ပေမယ့် ဂိုးသမားယန်းဆွန်းမား ဘယ်လိုမှမကာကွယ်နိုင်တဲ့ ရာဖင်ဟာရဲ့အံ့အားသင့်ဖွယ်ထိုးဖောက်ကန်သွင်းမှုမှတဆင့် ဘာစီလိုနာတို့ ချက်ချင်းဆိုသလို ချေပဂိုးသွင်းယူကာ ပြန်လာနိုင်ခဲ့ပါတယ်။

Movistar နဲ့တွေ့ဆုံချိန် ရာဖင်ဟာက “ အိမ်ကွင်းမှာကစားရတဲ့ပွဲစဉ်ဆိုတော့ အခုထက်ပိုကောင်းတဲ့ရလဒ်တစ်ခု ရရှိသင့်တယ်ဆိုတဲ့ ခံစားချက်မျိုးတော့ ဖြစ်ပေါ်မိပါတယ်။ အိမ်ကွင်းမှာတင် ဂိုးတွေအများကြီးခွင့်ပြုပေးရတာ လက်မခံချင်စရာပါ။ ဒါပေမယ့် ကျွန်တော်တို့တွေ ထောင့်ကန်ဘောတွေမှာ အရမ်းအားကောင်းခဲ့တဲ့ အင်တာမီလန်ကိုလည်း အသိအမှတ်ပြုသွားရပါမယ်။

အရာအားလုံးက ဒုတိယအကျော့ပွဲစဉ်နဲ့ သက်ဆိုင်သွားပါပြီ။ ဒီအတွက် ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်သွားရပါလိမ့်မယ်။ ဝ-၂ ဂိုးဖြစ်သွားချိန်မှာတောင် ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ ဆိုးရွားလှတဲ့ရလဒ်တော့ မဟုတ်ပါဘူး။ကျွန်တော်တို့တွေ အများကြီးစွန့်စားခဲ့ရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အိမ်ကွင်းပွဲစဉ်မှာတော့ ဒီလိုမျိုးစွန့်စားမှုတွေ လုပ်ကိုလုပ်သွားရပါမယ်”လို့ ပြောပါတယ်။ ဘာစီလိုနာကစားသမားတွေက ဗယ်လာဒိုးလစ်နဲ့ လာလီဂါပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားပြီးနောက် ဆန်စီရိုမှာကစားမယ့် ဒုတိယအကျော့ပွဲစဉ်အတွက် အီတလီမြေဆီ ခရီးထွက်ခွာပါလိမ့်မယ်။