The network connection is lost.

Banner Image

ပီအက်စ်ဂျီကို ရီးရဲလ်မက်ဒရစ်လိုပဲ အနိုင်ကစားသွားမယ်လို့ပြောကြားလိုက်တဲ့ အိုဒီဂတ်

အာဆင်နယ်အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်က အသင်းအနေနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပီအက်စ်ဂျီကို ကွာတားဖိုင်နယ်မှာ ကျော်ဖြတ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်လိုပဲ အနိုင်ရရှိအောင်ကစားသွားမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

အာဆင်နယ်ဟာ ဆီမီးဖိုင်နယ်ပထမအကျော့အဖြစ် ဗုဒ္ဓဟူးနေ့နံနက်မှာ ပီအက်စ်ဂျီကို အိမ်ကွင်းအမ်းမရိတ်စ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။ ပွဲစဉ်မစတင်မီမှာ အိုဒီဂတ်က "ဒီပွဲအတွက် ပြင်ဆင်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ စိတ်လှုပ်ရှားမှုနဲ့ ယုံကြည်မှုကို ခံစားမိပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ၂ ကျော့စလုံးအနိုင်ကစားပြီးနောက် ကျွန်တော်တို့က ဒီပွဲတွေမှာလည်း ရှေ့ဆက်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်သွားရမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်တွေအတွက် ကျွန်တော်တို့မှာ ယုံကြည်မှုအပြည့်ရှိပါတယ်"

"ပြီးခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်က အမ်းမရိတ်စ်မှာကြုံတွေ့ခဲ့ရတဲ့ ပတ်ဝန်းကျင်အခြေအနေကို ဒီပွဲမှာလည်း အသုံးချနိုင်ဖို့ ကြိုးစားသွားရပါမယ်။ ပရိသတ်တွေရဲ့အားပေးမှုက အံ့မခန်းဖြစ်ခဲ့ပြီး ဒီညမှာလည်း တူညီတဲ့ခံစားချက်မျိုးရရှိဖို့ မျှော်လင့်ပါတယ်"  "ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတာ နောက်ထပ်တစ်ကြိမ်သက်သေပြချင်ပါတယ်။ ဒီတစ်ခေါက်မှာ ပိုကောင်းအောင်ကစားသွားမှာဖြစ်ပြီး ကစားရဖို့ မစောင့်နိုင်တော့ပါဘူး။ပရိသတ်အားပေးမှုက မယုံနိုင်စရာဖြစ်နေမယ်လို့ ယုံကြည်ပါတယ်။ ကျန်တာကတော့ ကျွန်တော်တို့တာဝန်ပါပဲ"

"ရာသီအစမှာ ကျွန်တော်တို့ ပီအက်စ်ဂျီနဲ့ ကစားခဲ့ရသေးပေမယ့် အဲဒီတုန်းက ကျွန်တော် ဒဏ်ရာရနေလို့ ဘေးထွက်နေခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်ကွင်းဘေးကနေ အဲဒီပွဲကိုကြည့်ခဲ့ပြီး အသင်းက ပီအက်စ်ဂျီကို ထိန်းချုပ်နိုင်တယ်ဆိုတာ မြင်တွေ့ခဲ့ပါတယ်။ တကယ်ကို ကျစ်ကျစ်လစ်လစ်နဲ့ ကစားနိုင်ခဲ့ကြတာပါ"

"အဲဒီပွဲက ရာသီအစောပိုင်းကဆိုတော့ အခုချိန်မှာတော့ ပြောင်းလဲမှုတွေရှိလာမယ်လို့ ထင်ပါတယ်။ အဲဒီတုန်းက သူတို့မှာလည်း အဓိက ကစားသမားအချို့မပါဝင်ခဲ့လို့ အခုချိန်မှာတော့ တကယ်ကောင်းတဲ့အသင်းအဖြစ် တည်ငြိမ်နေပါပြီ။ ပြီးတော့ ဒီပြိုင်ပွဲမှာ သူတို့ရဲ့အရည်အသွေးကို ပြသခဲ့ပြီးသားပါ။ သူတို့က ခြေစွမ်းပိုကောင်းလာသလို၊ ကျွန်တော်တို့ကလည်း ပိုကောင်းလာတာပါပဲ။ ဒါကြောင့် အရမ်းကောင်းတဲ့ပွဲတစ်ပွဲ ဖြစ်လာမယ်ဆိုတာ သေချာပါတယ်" လို့ပြောကြားခဲ့ပါတယ်။