The network connection is lost.

Banner Image

ကစားသမား ၃ ဦးမပါဝင်ပဲ အင်္ဂလန်အသင်းကမ္ဘာ့ဖလားရနိုင်ချေမရှိကြောင်း စခိုးလ်ပြောကြား

အင်္ဂလန်အသင်းဂန္ထဝင်ဟောင်း စခိုးလ်က တူချယ်အနေနဲ့ ကစားသမား ၃ ဦးကိုမခေါ်ပဲသွားမယ်ဆိုရင် ကမ္ဘာ့ဖလားရနိုင်ချေမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ အင်္ဂလန်ဟာ လက်ဗီးယားကို ၅-၀ နဲ့အနိုင်ရခဲ့ပြီးနောက် လာမယ့်ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ၂ ပွဲအလိုမှာတင် သေချာသွားခဲ့ပြီဖြစ်ပါတယ်။အင်္ဂလန်အသင်းခေါင်းဆောင်ကိန်းက ၂ ဂိုး ၊ ဂေါ်ဒွန် ၊ အီဇီးတို့ရဲ့ဂိုးတွေနဲပအတူ အင်္ဂလန်ဟာ လက်ဗီးယားကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

တူချယ်ကတော့ သူ့လက်အောက်မှာ အင်္ဂလန်အသင်းကို ကမ္ဘာ့ဖလားရယူပေးချင်နေပါတယ်။ ယခင်တုန်းက အင်္ဂလန်ဟာ ယူရိုဖိုင်နယ် ၂ ကြိမ် နဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် ၂ ကြိမ်တက်ရောက်နိုင်ခဲ့ပေမယ့် ဆုဖလားတော့ မရခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကတည်းက အင်္ဂလန်ဟာ လူအင်အားတောင့်တင်းမှုကြောင့် ကမ္ဘာ့ဖလားရနိုင်ချေရှိတဲ့ရေပန်းအစားဆုံးအသင်းတွေထဲကတစ်သင်းအဖြစ် ပါဝင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် စခိုးလ်ကတော့ အင်္ဂလန်အနေနဲ့ အကောင်းဆုံးကစားသမား ၃ ဦးကိုမခေါ်ယူဘူးဆိုရင် ကမ္ဘာ့ဖလားမရနိုင်ဘူးလို့ ပြောကြားလိုက်ပါတယ်။ “ကျွန်တော်အနည်းငယ်အံ့ဩပါတယ်။ ဒီကစားသမား ၃ ဦးက အသင်းလူစာရင်းထဲမှာရှိသင့်တာပါ။ သူတို့က ကမ္ဘာ့ဖလားအတွက် ပါဝင်သင့်တာပါ။ ခင်ဗျားအနေနဲ့ အခုလူစာရင်းကိုကြည့်လိုက်မယ်ဆိုရင် ကမ္ဘာ့ဖလားရနိုင်ချေမရှိတာကို မြင်ရမှာပါ။ ဒီကစားသမား ၃ ဦးပါဝင်လာတာတောင် အနည်းငယ်ပဲ အခွင့်အရေးပိုများလာမှာပါ။ ဘယ်လင်ဟမ်က အနည်းငယ်လွဲချော်ခဲ့ပေမယ့် သူကြံ့ခိုင်မှုပြည့်ဝမယ်ဆိုရင်ခေါ်ယူသင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒီရာသီမှာ ခြေစွမ်းကောင်းတွေပြန်လည်ရှာဖွေနိုင်ခဲ့ပေမယ့် ဂရီးလစ်ချ် နဲ့ ဖိုဒန်တို့က လူစာရင်းမှာ ပါဝင်လာဖို့ မသေချာသေးတာဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာ စခိုးလ်က ဆက်လက်ပြီး “ဒီနိုင်ငံတကာရက်သတ္တပတ်က ကမ္ဘာ့ဖလားယူဖို့သွားနေတာမဟုတ်ပါဘူး။ အခုကြည့်လိုက်မယ်ဆိုရင် အများကြီးလုပ်စရာကျန်နေပါသေးတယ်။

ဒီကစားသမား ၃ ဦးပါဝင်လာမယ်ဆိုရင် အသင်းကပိုကောင်းလာနိုင်ပါတယ်။ အင်္ဂလန်မှာ သူတို့က အကောင်းဆုံးကစားသမားတွေပါ။ အဲ့တော့ တူချယ်အနေနဲ့ ဖိုဒန် ၊ ဂရီးလစ်ချ် နဲ့ ဘယ်လင်ဟမ်တို့ကိုခေါ်ယူဖို့ လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ အင်္ဂလန်အသင်းဖော်ဟောင်း ကာရေဂါကတော့ တူချယ်အနေနဲ့ ၃ ယောက်အတွက်တင်မဟုတ်ပဲ တစ်သင်းလုံးကို သူ့ဆုံးဖြတ်ချက်ပေးပို့ထားခဲ့ပြီလို့ ယုံကြည်နေပါတယ်။

“သူက တစ်စုံတစ်ခုလုပ်ဆောင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ တစ်သင်းလုံးဆီကို သူမက်ဆေ့ချ်ပေးပို့ပြီးလောက်ပါပြီ။ ဘယ်လင်ဟမ်အကြောင်း သူသိပါတယ်။ တူချယ်လက်အောက်မှာ အကောင်းဆုံးစတင်မှုတော့ မဟုတ်သေးပေမယ့် သူကစားသမားခေါ်ယူရေးမှာ မက်ဆေ့ချ်ပေးပြီးလောက်ပါပြီ”လို့ လီဗာပူးစတားဟောင်းက ဆိုပါတယ်။ အင်္ဂလန်ဟာ လက်ကျန်ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဆားဘီးယား ၊ အယ်လ်ဘေးနီးယားတို့နဲ့ကစားရမှာဖြစ်ပါတယ်။