
The network connection is lost.

စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ပြင်းထန်ကျောဒဏ်ရာကို အရေးပေါ်ခွဲစိတ်ကုသမှုခံယူပြီးနောက် သက်သာလာပြီဖြစ်တဲ့ မန်စီးတီးနည်းပြပက်ဂွါဒီယိုယာဟာ မန်ချက်စတာအခြေစိုက်ကလပ်နဲ့ ပြန်လည်ပူးပေါင်းလာပါတယ်။
အပြုံးပန်းဝေဆာနေတဲ့ စပိန်သားနည်းပြက ဝက်စ်ဟမ်းနဲ့ရင်ဆိုင်ရမယ့် ပရီးမီယားလိဂ်ပွဲစဉ်အတွက် ပြင်ဆင်ဖို့ နိုင်ငံ့လက်ရွေးစင်တာဝန်ထမ်းဆောင်ပြီးနောက် အသင်းဆီ ပြန်လည်ပူးပေါင်းလာတဲ့ သူ့ရဲ့ကစားသမားတွေကို လေ့ကျင့်ရေးကွင်းမှာ ကြီးကြပ်နေခဲ့ပါတယ်။ နောက်ကျောဒဏ်ရာ ခွဲစိတ်ကုသမှုပြုလုပ်ဖို့ လိုအပ်နေလို့ မန်စီးတီးအသင်းရဲ့ပွဲစဉ်နှစ်ပွဲကို လွဲချော်ခဲ့တဲ့ ပက်ဂွါဒီယိုလာက လာမယ့်စနေနေ့ပွဲစဉ်မှာ အသင်းရဲ့အရံခုံတန်းပေါ် ပြန်လည်ရောက်ရှိနေပါလိမ့်မယ်။
မန်စီးတီးဘက်ကတော့ သူတို့ရဲ့နည်းပြကြီး ပြန်လည်ရောက်ရှိလာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါလိမ့်မယ်။ မန်စီးတီးကလည်း ပက်ဂွါဒီယိုလာ မပါဝင်နိုင်တဲ့အချိန်မှာ တန်းတက်ရှက်ဖီးလ်၊ အဆိပ်ရှိတဲ့ ဖူလ်ဟမ်တို့နဲ့ ရင်ဆိုင်ခဲ့ရပြီး အခက်အခဲအချို့ရှိခဲ့ပေမယ့် လက်ထောက်နည်းပြလီလိုရဲ့ ဦးဆောင်မှုနဲ့အတူ အောင်မြင်စွာကျော်ဖြတ်ကာ ခြောက်မှတ်အပြည့်ရယူနိုင်ခဲ့ပါတယ်။
ပက်ဂွါဒီယိုလာရဲ့ နောက်ကျောဒဏ်ရာ သက်သာလာပြီဖြစ်ပေမယ့် ခြေစွမ်းပိုင်းတက်ရိပ်ပြသနေတဲ့ ဝက်စ်ဟမ်းကို လန်ဒန်ကွင်းကြီးမှာ ရင်ဆိုင်ရတော့မယ့်ပွဲစဉ်က စပိန်သားနည်းပြအတွက် စိတ်မသက်မသာဖြစ်စရာတွေ ရှိလာနိုင်ပါတယ်။