The network connection is lost.

Banner Image

ယူရိုပါလိဂ်ဖလားရခဲ့ရင် ဒီရာသီက တော့တင်ဟမ်အတွက် အထူးခြားဆုံးရာသီ ဖြစ်လာနိုင်တယ်လို့ ပိုစတီကိုဂလူဆို

အန်ဂီပိုစကိုဂလူက တော့တင်ဟမ်ဟော့အသင်းအနေနဲ့ ယူရိုပါလိဂ်ဖလားကို ရရှိခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ရာသီ ခြေစွမ်းမပြနိုင်ခဲ့ပေမဲ့ အသင်းအတွက် မှတ်မှတ်ရရအရှိဆုံး ရာသီဖြစ်နိုင်တယ်လို့ ယုံကြည်နေပါတယ်။ ဘိုဒိုဂလင့်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲမတိုင်ခင်မှာ ပိုစတီကိုဂလူက တော့တင်ဟမ်အသင်း ပြည်တွင်းပြိုင်ပွဲတွေမှာ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို ဝန်ခံခဲ့ပြီး အဆင့် ၁၆ မှာ ရပ်တည်နေရတာကိုလည်း ပြောကြားခဲ့ပါတယ်။ 

ဒါပေမဲ့ ယူရိုပါလိဂ်ကနေ အသင်းအတွက် ဖလားလက်မဲ့ဖြစ်နေတာကို အဆုံးသတ်နိုင်မယ့် အခွင့်အရေးဖြစ်တယ်လို့ ပိုစတီကိုဂလူက အလေးပေးပြောကြားခဲ့ပါတယ်။ တော့တင်ဟမ်အသင်းဟာ ၂၀၀၈ ခုနှစ် ကာလင်းဖလားနောက်ပိုင်း ဖလားတစ်လုံးမှ မရသေးပါဘူး။ ဒါ့အပြင် တော့တင်ဟမ်အသင်းဟာ ဥရောပအဓိကဖလားတစ်လုံးမှ မရဖူးသေးတာကြောင့် ဒီပြိုင်ပွဲက ပိုပြီးအရေးပါလာပါတယ်။

ဖလားရရှိနိုင်ခြေရှိပေမဲ့ ပိုစတီကိုဂလူဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးလည်း ကောလာဟလတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ယူရိုပါလိဂ်ခြေစွမ်း ဘယ်လိုပဲရှိပါစေ သူ့ရဲ့ရာထူးက အန္တရာယ်ရှိနိုင်တယ်လို့ အချို့သတင်းတွေက ဖော်ပြနေပါတယ်။ ပိုစတီကိုဂလူက ယူရိုပါလိဂ်ရဲ့ အရေးပါမှုကို အသင်းနဲ့ ပရိသတ်တွေအတွက် အလေးပေးပြောကြားခဲ့ပါတယ်။ 

ပိုစတီကိုဂက"ဖလားတစ်လုံးရခဲ့ရင် လူတွေ တန်ဖိုးထားလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော့်အတွက်မဟုတ်ဘဲ အသင်းအတွက်ပါ။ ဒီနှစ် ကျွန်တော်တို့ရဲ့ ပြဿနာတွေကို ပြင်ဆင်ရဦးမှာပါ။ ဒါပေမဲ့ ဒါက အသင်းသမိုင်းမှာ အထူးခြားဆုံးနှစ်တွေထဲက တစ်နှစ်ဖြစ်လာနိုင်ပြီး ကျွန်တော် ပါဝင်ချင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။