The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်ထံပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားတဲ့ အေစီမီလန်စတား

သတင်းတွေအရ အေစီမီလန်တောင်ပံကစားသမား ရာဖေးလ်လီအိုတစ်ယောက် ဘိုင်ယန်မြူးနစ်အသင်းထံပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားတယ်လို့ သိရပါတယ်။ ဂျာမန်သတင်းဌာန Bild ကလည်း လီအိုဟာ ဘိုင်ယန်ထံပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေဆဲလို့ ဖော်ပြခဲ့ပါတယ်။ ဂျာမန်ကလပ်ဘက်က တန်ကြေးမြင့်မားတာကြောင့် မီလန်အသင်းထံ တရားဝင်မဆက်သွယ်သေးတာဖြစ်ပါတယ်။

ဘိုင်ယန်ဟာ တောင်ပံနေရာကို အားဖြည့်ချင်နေပြီး စတုဂတ်စတား နစ် နဲ့ လီဗာပူးစတား ဒီယက်ဇ်တို့ကို ချိတ်ဆက်နေပါတယ်။  “နိုးနိုး ၊ သူက ကျွန်တော်တို့အတွက် ရွေးချယ်စရာမဟုတ်ပါဘူး။ မက်စ်အီဘာရယ်ကလည်း ကျွန်တော့်နည်းတူပါပဲ။ ကျွန်တော်တို့ စကားပြောဖြစ်ကြာသလို သူ့ကိုစိတ်မဝင်စားပါဘူး”လို့ ဘိုင်ယန်ဥက္ကဌ ဟိုးနက်စ်က ဖြေကြားခဲ့ပါတယ်။