The network connection is lost.

Banner Image

အထောင်တိုက်စစ်မှူးတစ်ဦးအဖြစ် သာမန်ထက်ပိုပြီးထူးခြားခဲ့တဲ့ ရာဖေးလ်လီယာအိုလို့ အယ်လီဂရီချီးကျူး

လီဗာပူးကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိတဲ့ ခြေစမ်းပွဲစဉ်အတွင်း တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့တဲ့ ရာဖေးလ်လီယာအိုအတွက် အေစီမီလန်နည်းပြအယ်လီဂရီက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံတွေနဲ့ ဟောင်ကောင်မှာရင်ဆိုင်ခဲ့တဲ့ပွဲစဉ်အတွင်း အယ်လီဂရီရဲ့အသင်းက အထင်ကြီးလောက်စရာစွမ်းဆောင်ရည်မျိုး ပြသသွားခဲ့ပါတယ်။ ဒီပွဲစဉ်အတွင်း အေစီမီလန်က မြန်နှုန်းမြင့်တိုက်စစ်မှူးတွေကိုအသုံးပြုကာ တန်ပြန်တိုက်စစ်ကစားဟန်နဲ့အတူ အယ်လီဂရီရဲ့ပင်ကိုယ်စတိုင်ပုံစံစွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။

အခုတစ်ကြိမ်မှာလည်း အယ်လီဂရီက ပေါ်တူဂီတောင်ပံကစားသမားလီယာအိုကို ဗဟိုတိုက်စစ်မှူးတစ်ဦးအဖြစ် အသုံးပြုသွားခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲအတွင်း အယ်လီဂရီက “ အခုနွေရာသီမှာ အသင်းတစ်ခုလုံး ကောင်းကောင်းကြိုးစားခဲ့သလိုပဲ လီယာအိုကလည်း ဗဟိုတိုက်စစ်မှူးတစ်ဦးအဖြစ် အရမ်းကောင်းမွန်အောင် ကစားနိုင်ခဲ့ပါတယ်။

အကောင်းဆုံးနဲ့ အရေးအကြီးဆုံးအချက်ကတော့ အခုလိုကနဦးရက် ၂၀ အတွင်း အသင်းမှာ အပေါင်းလက္ခဏာဆောင်တဲ့ စိတ်နေစိတ်ထားတစ်ရပ် ရှိနေခဲ့တယ်ဆိုတာပါပဲ။ သူတို့တွေက ဘောလုံးပိုင်ဆိုင်ထားချိန်မှာရော၊ ဘောလုံးကစားဖို့ကြိုးစားချိန်မှာပါ အသင်းလိုက်ခံနိုင်ရည်စွမ်းကို မြှင်တင်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဘောလုံးပိုင်ဆိုင်မှုမရှိချိန်မှာလည်း အသင်းလိုက်စုစုစည်းစည်းနဲ့ ကာကွယ်ကြပါတယ်”လို့ ပြောပါတယ်။

ဂျူဗင်တပ်စ်တိုက်စစ်မှူးဗလာဟိုဗစ်အပါအဝင် ဈေးကွက်အတွင်းရှိ တိုက်စစ်ကစားသမားတစ်ဦးကိုခေါ်ယူဖို့ အေစီမီလန်တို့ ကြိုးစားနေချိန်မှာပဲ လီယာအိုဟာ နည်းပြသစ်လက်အောက် တိုက်စစ်ပိုင်းအတွက် စိတ်ကြိုက်ကစားသမား ဖြစ်လာခဲ့ပါတယ်။

အယ်လီဂရီက “ လီယာအိုဆိုတာ ထူးချွန်တဲ့ကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူ့မှာ သာမန်ထက်ပိုထူးခြားတဲ့ အရည်အသွေးရှိပြီး တဖြည်းဖြည်းသန်မာလာနေပါတယ်။ ကျွန်တော့်အမြင်မှာလည်း သူက ရင့်ကျက်သင့်တဲ့ အသက်အရွယ်ဆီ ရောက်လာနေပြီး အရေးကြီးတဲ့ဘောလုံးရာသီတစ်ခု ပိုင်ဆိုင်ထားပါတယ်”လို့ ဆိုပါတယ်။

လီဗာပူးကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူခဲ့တဲ့ အိုကာဖော်ကတော့ အခုနွေရာသီမှာ အသင်းပြောင်းရွှေ့သွားဖွယ် ရှိပါတယ်။