The network connection is lost.

Banner Image

လိုက်ပ်ဇစ်မှထွက်ခွာပြီး အသင်းသစ်နဲ့ချိတ်ဆက်ဖို့ အဆင်သင့်ရှိနေတဲ့ ဇာဗီဆိုင်မွန်

လိုက်ပ်ဇစ်ကြယ်ပွင့်ကစားသမား ဇာဗီဆိုင်မွန်ဟာ အသင်းမှထွက်ခွာဖို့ဆန္ဒရှိနေကြောင်း အသိပေးထားပြီး လိုက်ပ်ဇစ်အနေနဲ့လည်း ကစားသမားကိုရောင်းချကာ ဘဏ္ဍာငွေရှာဖွေလိုနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။  The Athletic သတင်းဌာနရဲ့အဆိုအရ ဇာဗီဆိုင်မွန်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာပဲ အသင်းကနေထွက်ခွာဖို့အတွက် အလိုရှိနေတယ်လို့သိရပါတယ်။ အသက်-၂၂ နှစ်အရွယ်ကစားသမားက သူ့အနေနဲ့ လိုက်ပ်ဇစ်မှာ အခုထက်ပို တိုးတက်စရာမရှိဘူးလို့ယူဆနေပြီး ကျန်ရှိနေသေးတဲ့ ၂ နှစ်သက်တမ်းရှိစာချုပ်ကို အဆုံးသတ်လိုနေတာဖြစ်ပါတယ်။ 

ဆိုင်မွန်ဟာ ၂၀၂၃ ခုနှစ်မှာ ပီအက်စ်ဂျီမှ လိုက်ပ်ဇစ်သို့ အငှားစာချုပ်နဲ့စတင်ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီမှာတော့ အပြီးသတ်ပြောင်းရွှေ့လာခဲ့ပါတယ်။ သို့သော်လည်း ၂၀၂၄-၂၅ ရာသီမှာ လိုက်ပ်ဇစ်ဟာ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှာရပ်တည်ပြီး နောက်ရာသီဥရောပဝင်ခွင့်မရခဲ့တာကြောင့် ဆိုင်မွန်တစ်ယောက် အသင်းကိုစွန့်ခွာပြီး ထိပ်တန်းဘောလုံးအဆင့်မှာဆက်လက်ကစားလိုနေတာဖြစ်ပါတယ်။ 

လိုက်ပ်ဇစ်အနေနဲ့လည်း ဆိုင်မွန်ကိုရောင်းချပြီး ဘဏ္ဍာငွေရှာဖွေလိုနေပေမယ့် ကစားသမားအတွက် အနည်းဆုံး ပေါင်သန်း ၆၀ အထိတန်ကြေးသတ်မှတ်ထားတယ်လို့သိရပါတယ်။ နယ်သာလန်လက်ရွေးစင်ဟာ လိုက်ပ်ဇစ်အတွက် စုစုပေါင်း ၇၆ ပွဲကစားခဲ့ပြီး ၂၁ ဂိုးသွင်းကာ၊ ဂိုးဖန်တီးမှု ၂၃ ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ ဆိုင်မွန်ဟာ နွေရာသီအားလပ်ရက်ကိုကုန်ဆုံးနေပြီး လိုက်ပ်ဇစ်နဲ့အတူ အပြောင်းအရွှေ့အတွက် အလားအလာရှိတဲ့ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေပြီဖြစ်ပါတယ်။