The network connection is lost.

Banner Image

စီးတီးစတားဟောင်းအပေါ် လေးစားမှုပြသခဲ့တဲ့ ရီဂျန်ဒါ

စီးတီးကွင်းလယ်လူသစ် ရီဂျန်ဒါက သူ့အနေနဲ့ ဒီဘရိုင်းနေရာကို အစားဝင်ဖို့လာခဲ့တာမဟုတ်ကြောင်း ပြောကြားလိုက်ပြီး လေးစားမှုကိုပြသလိုက်ပါတယ်။ စီးတီးဟာ ရီဂျန်ဒါကို ပေါင် ၄၆.၅ သန်းနဲ့ အေစီမီလန်အသင်းထံကနေခေါ်ယူခဲ့တာဖြစ်ပြီး ဒီဘရိုင်းတစ်ယောက် နာပိုလီကိုပြောင်းရွှေ့ပြီးနောက်မှာ ခေါ်ယူလိုက်တာဖြစ်ပါတယ်။

နယ်သာလန်သားဟာ စီးရီးအေရဲ့အကောင်းဆုံးကွင်းလယ်လူအဖြစ် စွမ်းဆောင်ပြနိုင်ခဲ့ပြီးနောက် ဂွါဒီယိုလာကမျက်စိကျကာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းထွက်ခွာမှုနဲ့အတူ ခိုင်းနှိုင်းမှုတွေရှိနေပေမယ့် ရီဂျန်ဒါက အဆိုပါပြောဆိုမှုတွေကို ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် ရီဂျန်ဒါက သူ့အနေနဲ့ ဒီဘရိုင်းကစားပုံကိုလေ့လာခဲ့သလို ကိုယ်ပိုင်ဟန်တစ်ခုရှိတယ်လို့  ပြောကြားလိုက်ပါတယ်။

ရီဂျန်ဒါက သူ့ရဲ့ကစားပုံမှာ ဘာစီလိုနာဂန္ထဝင်ဟောင်း အင်နီယေစတာရဲ့လွှမ်းမိုးမှုလည်းရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ စီးတီးအသင်းမီဒီယာနဲ့အင်တာဗျူးမှာ ရီဂျန်ဒါက “ကျွန်တော် ဒီကိုဒီဘရိုင်းနေရာအစားဝင်ဖို့ ရောက်လာတာမဟုတ်ပါဘူး။ ကျွန်တော့်ကိုယ်ပိုင်ဟန်နဲ့ကစားဖို့ လာခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် မတူညီတဲ့ကစားသမားတွေဆီကနေ သင်ယူပါတယ်။ ကီဗင်ကလည်း ကျွန်တော်လေ့လာခဲ့တဲ့ကစားသမားတွေထဲကတစ်ဦးပါ။ အထူးသဖြင့် သူ့ရဲ့ဘောလုံးပေးပို့မှုတွေကိုပါ။ ဒါ့အပြင် စီးတီးမှာက ကမ္ဘာ့အကောင်းဆုံးနည်းပြလည်းရှိနေပါတယ်။ ကျွန်တော် သူ့ဆီကနေ သင်ယူစရာတွေရှိနေပါတယ်။ အဲ့တာကြောင့် ကျွန်တော်ပွဲထွက်ခွင့်ရဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ”လို့ ဖြေကြားခဲ့ပါတယ်။ 

အသက် ၂၆ နှစ်သားဟာ လာမယ့်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း စီးတီးကွင်းလယ်မှာ မြင်တွေ့ရဖွယ်ရှိနေပါတယ်။ ဒီဘရိုင်းခေတ်က ပြီးဆုံးချိန်မှာ ရီဂျန်ဒါအနေနဲ့ လာမယ့်အနာဂတ်စီးတီးနဲ့အတူ တောက်ပလာနိုင်မယ်လို့ ယုံကြည်နေပါတယ်။