The network connection is lost.

Banner Image

ပြိုင်ဘက်ဖြစ်ပေမယ့် မက်ဆီကို ချစ်ခင်တယ်လို့ ပြောကြားလာတဲ့ ရော်နယ်ဒို

သမိုင်းတစ်လျှောက်ပြိုင်ဘက်တွေဖြစ်ခဲ့ပေမယ့် ရော်နယ်ဒိုက မက်ဆီကို ချစ်ခင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ရော်နယ်ဒို နဲ့ မက်ဆီတို့ဟာ ဆယ်စုနှစ် ၂ ခုကြာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကြားထဲမှာ ရော်နယ်ဒိုက မက်ဆီထက်ပိုကောင်းတယ်လို့ ပြိုင်ဆိုင်နေကြတာဖြစ်ပါတယ်။

မက်ဆီဟာ ဘော်လွန်းဒီအော်ဆု ၈ ကြိမ်အထိရရှိထားခဲ့ပေမယ့် ရော်နယ်ဒိုကတော့ ၅ ကြိမ်သာရရှိထားခဲ့ပါတယ်။ ၂၀၀၈ ကနေ ၂၀၁၇ အထိ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ဟာ တစ်ဦးချင်းဆုတံဆိပ်တွေကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီကတော့ လက်ရှိမေဂျာလိဂ်မှာကစားနေပြီး ရော်နယ်ဒိုက ဆော်ဒီလိဂ်မှာကစားနေကာ ၂ ဦးစလုံးရဲ့နေဝင်ချိန်တွေက နီးစပ်လာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာ ယူနိုက်တက် နဲ့ ရီးရဲလ်စတားဟောင်းက မက်ဆီအပေါ် ချစ်ခင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ဆုပေးပွဲတွေမှာ သူ့အတွက် ဘာသာပြန်ပေးခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

“ဟုတ်ပါတယ်။ ကျွန်တော်မက်ဆီကို ချစ်ခင်ပါတယ်။ ကျွန်တော်တို့ စင်မြင့်ပေါ်မှာ ၁၅ နှစ်ကြာ အတူတူရှိခဲ့တာပါ။ ကျွန်တော် သူ့ကိုဘာသာပြန်ပေးခဲ့ရတာကို မှတ်မိပါတယ်။ ဘာလို့လဲဆိုတော့ သူကောင်းကောင်းမပြောတတ်လို့ပါ။ သူက ကျွန်တော့်ကိုကောင်းကောင်းဆက်ဆံသလို လေးစားမှုလည်းရှိပါတယ်”လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လာမယ့်တနင်္ဂနွေနေ့မှာ စပိန်အသင်းနဲ့နေးရှင်းလိဂ်ဖိုင်နယ်ကန်ရမှာဖြစ်ပြီး မက်ဆီကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အာဂျင်တီးနား နဲ့ ကိုလံဘီယာပွဲမှာ ပါဝင်ကစားဖွယ်ရှိနေပါတယ်။