The network connection is lost.

Banner Image

ယူနိုက်တက်အား ရှုံးနိမ့်ခဲ့တဲ့ပွဲက အန်ဇို မာရက်စ်ကာရဲ့ ဆုံးဖြတ်ချက်ကိုဝေဖန်လိုက်တဲ့ ဝိန်း ရွန်နီ

ချဲလ်ဆီးအသင်းဟာ ပွဲစပြီး ၅ မိနစ်အကြာမှာ ဂိုးသမား ရောဘတ် ဆန်းချက်ဇ်က ခံစစ်ရဲ့ နောက်ဆုံးလူအဖြစ် ဘရိုင်ယန် အမ်ဘိုမိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ နည်းပြ မာရက်စ်ကာက ချက်ချင်းဆိုသလို အသင်းကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ဂိုးသမား ဖိလစ် ဂျိုဂျန်ဆန်ဟာ အက်စ်တီဗာအိုရဲ့နေရာမှာ လူစားဝင်ခဲ့ပါတယ်။ တိုဆင် အာဒါရာဘီယိုကတော့ နက်တိုရဲ့နေရာမှာ ဝင်ရောက်လာခဲ့ပါတယ်။

ဒါပေမဲ့ ၁၄ မိနစ်အကြာမှာတော့ ကိုးလ် ပါးမားဟာ ပေါင်ခြံဒဏ်ရာကြောင့် ထွက်ခွာခဲ့ရလို့ နည်းပြ မာရက်စ်ကာဟာ နောက်ထပ်လူစားလဲလှယ်မှု ကို ပြုလုပ်ခဲ့ရပါတယ်။ ပွဲရဲ့ပထမပိုင်းမှာ ဘရူနို ဖာနန်ဒက်စ်နဲ့ ကက်စ်မီရိုတို့က ယူနိုက်တက်အတွက် ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အသင်းကလည်း ပထမပိုင်းမပြီးခင်မှာ ကက်စ်မီရိုက ဒုတိယအဝါကတ်ရရှိခဲ့လို့ ကစားသမား ၁၀ ဦးနဲ့သာ ကစားခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒုတိယပိုင်းမှာ ခြေစွမ်းပြသခဲ့ပြီး ပွဲကစားချိန် မိနစ် ၈၀ မှာ ထရီဗို ချာလိုဘာက ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြ မာရက်စ်ကာရဲ့အသင်းဟာ နောက်ထပ်ချေပဂိုးရဖို့ ရှာဖွေနိုင်ခဲ့ခြင်း မရှိပါဘူး။ “ခံစစ်ကစားသမားတစ်ဦးကို ထပ်ထည့်တာကတော့ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ တိုက်စစ်ကစားသမားတစ်ဦးကို ပြန်ထုတ်လိုက်တာပါ။ မိနစ်အနည်းငယ်အကြာမှာ ပါးမား ထွက်သွားပြီး သူတို့ ၁-၀ ဂိုး နဲ့ ရှုံးနိမ့်နေပါတယ်”

“နက်တိုနဲ့ ကိုးလ် ပါးမားတို့ ထွက်သွားတာက တကယ်ကို အားနည်းတဲ့လှုပ်ရှားမှုတစ်ခုပါပဲ။ ကောင်းပါပြီ၊ ပါးမား ဒဏ်ရာနဲ့နည်းနည်းရုန်းကန်နေရတယ်ဆိုတဲ့ သူ့ရဲ့စကားကို ကျွန်တော်တို့ ယုံပါတယ်။ ဒါပေမဲ့ ပွဲအစမှာပဲ သူ့ကို ထုတ်ခဲ့သင့်ပြီး ပွဲရဲ့အရှိန်အဟုန်အတွက် နက်တိုကို ချန်ထားခဲ့သင့်ပါတယ်”

“ဘာလို့လဲဆိုတော့ သူတို့ ဒုတိယပိုင်းမှာ ကစားသမားအရေအတွက် တူညီနေချိန်မှာတောင် ဘောလုံးကို ဖောက်ထွက်နိုင်မယ့် ခြိမ်းခြောက်မှု သိပ်မရှိခဲ့ပါဘူး။ ဂျာအို ပက်ဒရိုတစ်ယောက်တည်းသာ တိုက်စစ်အတွက်တွေးတဲ့စိတ်ဓာတ်ရှိခဲ့ပါတယ်” လို့ BBC’s Match of the Day အစီအစဉ်မှာ မာဖီက ပြောကြားခဲ့ပါတယ်။

ရွန်နီကလည်း ယူနိုက်တက် ကစားသမား ကက်စ်မီရို အထုတ်ခံခဲ့ရပြီးနောက်မှာတောင် ချဲလ်ဆီးအသင်းမှာ “အလျင်စလို” ကစားပုံ မရှိခဲ့ဘူးလို့ ယုံကြည်နေပါတယ်။ “သူတို့မှာ ကွင်းထဲမှာ စိတ်ကူးစိတ်သန်းတွေအားလုံး ရှိခဲ့ပြီး အဲဒါကပဲ ချဲလ်ဆီးအသင်းမှာ ပျောက်ဆုံးနေတာလို့ ကျွန်တော်ထင်ပါတယ်” “သူတို့ ဒုတိယပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုတွေ အများကြီးရှိခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက် ပေးပို့ကစားနေခဲ့ပါတယ်။ ဒါပေမဲ့ နက်တိုနဲ့ ကိုးလ် ပါးမားတို့ ယူဆောင်လာနိုင်မယ့် ဖန်တီးနိုင်စွမ်းကို သူတို့ လွဲချော်နေခဲ့ပါတယ်”

“အပြောင်းအလဲက ထူးဆန်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ အဲဒါက ယူနိုက်တက်ကို အထောက်အကူပြုခဲ့ပါတယ်” “ဒါက ထူးဆန်းတဲ့ပွဲစဉ်ပါပဲ။ ကျွန်တော်ထင်တာကတော့ ၁၀ ဦးစီဖြစ်သွားတဲ့အချိန်မှာ ချဲလ်ဆီးဆီက ပွဲကို ပြန်ရအောင်လုပ်နိုင်ဖို့ အလျင်စလိုလုပ်နေတာမျိုး မရှိခဲ့ဘူးလို့ ကျွန်တော် ခံစားရပါတယ်”

“ရှင်းနေတာကတော့ သူတို့ ပြန်ပေးပို့မှုကနေ တစ်ဂိုးရရှိခဲ့ပါတယ်။ ဘောလုံးပေးပို့မှုတွေ မရှိခဲ့ပါဘူး။ ဘောလုံးပေးပို့မှုနှစ်ခုကနေ တစ်ဂိုးရရှိခဲ့ပြီး နောက်ထပ်အခွင့်အရေးကောင်းတစ်ခုလည်း ရရှိခဲ့ပါတယ်” “ဒါက တဖြည်းဖြည်းနဲ့ တစ်ဖက်နဲ့တစ်ဖက် ပေးနေခဲ့ပါတယ်။ ရာသီဥတုက ဆိုးရွားတယ်ဆိုပေမဲ့ သင်က ချဲလ်ဆီးပရိသတ်တစ်ဦးဖြစ်ခဲ့ရင် ဒီပွဲကနေ တစ်ခုခုရဖို့အတွက် အနည်းငယ်ပိုပြီး အလျင်စလိုလုပ်နေတာကို မြင်ချင်မှာပါ” လို့ ရွန်နီက ပြောကြားခဲ့ပါတယ်။