
အိုဒီဂတ်ဒဏ်ရာအခြေအနေပြီးနောက် အာဆင်နယ်ရဲ့အခြေအနေကို တုံ့ပြန်လိုက်တဲ့ မာကိုဆေးလ်ဗား
ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားက ဒီရာသီအာဆင်နယ်အသင်းဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတာကို ပယ်ချလိုက်ပါတယ်။ အာတီတာရဲ့အာဆင်နယ်ဟာ အခုညမှာ အိုဒီဂတ် ၊ မာဒူကီ ၊ ဟာဗက်ဇ် ၊ ဂျီးဆပ်စ်တို့မပါပဲ ဖူလ်ဟမ်ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဖူလ်ဟမ်ဘက်မှာလည်း မြူနစ်တစ်ယောက် ဒဏ်ရာကြောင့် အခုပွဲကိုလွဲချော်မှာဖြစ်သလို ဂျီမီနက်ဇ်ကလည်း အခုပွဲကို မသေချာသေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆေးလ်ဗားက အာဆင်နယ်အနေနဲ့ လူအင်အားတောင့်တင်းတာကြောင့် စောဒဂတ်တက်ဖို့မရှိဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
“သူတို့မှာ မာဒူကီမရှိပေမယ့် ဆာကာရှိနေပါတယ်။ အဲ့တာက မဆိုးပါဘူး။ အခြားတစ်ယောက် ဟာဗက်ဇ်မရှိပေမယ့် ယိုကရက်စ်ကိုခေါ်ယူထားနိုင်ခဲ့ပါတယ်။ အိုဒီဂတ်မရှိပေမယ့် အီဇီးရှိနေတာကြောင့် မဆိုးသေးပါဘူး။ ဂျီးဆပ်စ် နဲ့ ဟာဗက်ဇ်တို့မပါဝင်နိုင်ပေမယ့် အခြားအစားထိုးနိုင်မယ့်ကစားသမားတွေရှိနေပါတယ်။ ဟာဗက်ဇ် နဲ့ ဂျီးဆပ်စ်တို့က မနှစ်ကရာသီကတည်းက ဒဏ်ရာပြဿနာရှိနေခဲ့တာပါ။ အဓိကကစားသမားတွေမပါဝင်နိုင်ပေမယ့် လက်ရှိလူအင်အားအရ အစားထိုးနိုင်မယ့်သူတွေရှိနေပါတယ်။အသင်းတိုင်းမှာ ကံမကောင်းတဲ့အခိုက်အတန့်တွေရှိတတ်ပေမယ့် သူတို့အဲ့တာကိုကိုင်တွယ်နိုင်ကြတယ်လို့ ကျွန်တော်ထင်ပါတယ်။
မနှစ်ကရာသီနဲ့ယှဉ်ရင် သူတို့လူအင်အားပိုတောင့်တင်းလာပါတယ်။ အဲ့တာကို လူတိုင်းမြင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် ဥပမာ ၃ ခုပေးချင်ပါတယ်။ ၃ ဦးမပါဝင်နိုင်ရင်တောင်မှ သူတို့က အခြားနေရာတွေကနေ အရည်အချင်းကောင်းတွေပြသထားနိုင်ပါတယ်။ သူတို့မှာ အရမ်းအရမ်းကိုတောင့်တင်းတဲ့လူအင်အားရှိနေပါတယ်။ ရာသီအစကတည်းက သူတို့အကောင်းဆုံးစွမ်းဆောင်ရည်ပြသထားနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ဘယ်လောက်ကျစ်လစ်လဲဆိုတာ လူတိုင်းအတွက် အံ့သြစရာမရှိပါဘူး။ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးခံစစ်အတွဲကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အဲ့တာက အသစ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီတုန်းကကော လွန်ခဲ့တဲ့ ၂ ရာသီတုန်းကပါ သူတို့အခုလိုမျိုးစွမ်းဆောင်ရည်ပြသထားနိုင်ပါတယ်။ လက်ရှိအရှိတရားအရ သူတို့အသင်းနဲ့ရင်ဆိုင်ရတာက အရမ်းကို ခက်ခဲပါတယ်”လို့ ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။