
အယ်လ်-ဟီလယ်အသင်းထံပြောင်းရွှေ့ဖို့ဆုံးဖြတ်ထားတဲ့ အေစီမီလန်စတား
သတင်းတွေအရ အေစီမီလန်ဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်တစ်ယောက် အခုနွေရာသီမှာ အယ်လ်-ဟီလယ်အသင်းထံပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ မာကာတိုသတင်းဌာနရဲ့အဆိုအရ အယ်လ်-ဟီလယ်အသင်းဟာ ကနဦးပေါင် ၁၅ သန်းကမ်းလှမ်းမှုကနေ ပေါင် ၁၇ သန်းအထိတိုးမြှင့်ကမ်းလှမ်းခဲ့ပြီးနောက် သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။
၂ သင်းကြား စာရွက်စာတမ်းတွေလုပ်ဆောင်နေပြီး လာမယ့်နာရီပိုင်းအတွင်းမှာ အပြောင်းအရွှေ့ကို အပြီးသတ်မှာဖြစ်ပါတယ်။ ပြင်သစ်သားဟာ ကနဦးတုန်းက ဥရောပမြေမှာဆက်နေချင်နေပေမယ့် မီလန်ဘက်က စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲရောက်နေတာကြောင့် ရောင်းဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။အယ်လ်-ဟီလယ်အသင်းရဲ့ကနဦးကမ်းလှမ်းမှုပယ်ချခံခဲ့ရပြီးနောက် တီကိုအသင်းက ကြားဖြတ်လုယူဖို့ ပြင်ဆင်ခဲ့ပေမယ့် အေစီမီလန်ရဲ့တန်ကြေးကြောင့် နောက်ဆုတ်ခဲ့ရပါတယ်။
အဲ့နောက် အယ်လ်-ဟီလယ်အသင်းက ကြေးတိုးမြှင့်ကမ်းလှမ်းခဲ့ရာမှာ အဆင်ပြေခဲ့တာဖြစ်ပါတယ်။ ဟာနန်ဒက်ဇ်ဟာ ရီးရဲလ်ကနေပြောင်းလာပြီးနောက် ၆ နှစ်အကြာမှာ မီလန်နဲ့လမ်းခွဲခဲ့တာဖြစ်ပါတယ်။ အေစီမီလန်ဟာ အယ်လီဂရီကိုနည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ဟာနန်ဒက်ဇ်က သူ့ပရောဂျက်ထဲမှာ မပါဝင်တော့တာဖြစ်ပါတယ်။
အယ်လ်-ဟီလယ်အသင်းဟာ နည်းပြအဖြစ် ဖရက်ဒရီကိုအားခန့်အပ်ခဲ့ပြီးနောက် ဟာနန်ဒက်ဇ်ကိုခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။ အသက် ၂၇ နှစ်သားဟာ ပထမဆုံးအကြိမ်ဥရောပပြင်ပကိုထွက်ကစားမှာဖြစ်ပြီး ဆော်ဒီလိဂ် နဲ့ အေအက်ဖ်စီချန်ပီယံလိဂ်မှာကစားရမှာဖြစ်ပါတယ်။