The network connection is lost.

Banner Image

ပီအက်စ်ဂျီစတားကို အငှားနဲ့ခေါ်ယူနိုင်ခဲ့တဲ့ တော့တင်ဟမ်

သတင်းတွေအရ တော့တင်ဟမ်အသင်းဟာ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး မူအာနီကို ကနဦးအငှား + ရာသီအကုန်အပြီးသတ်ခေါ်ယူခွင့်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ အင်းနရစ်လက်အောက်မှာ နေရာမရတော့တာကြောင့် မူအာနီတစ်ယောက် ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် အသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ရိုမာနိုရဲ့အဆိုအရ ပီအက်စ်ဂျီစတား မူအာနီတစ်ယောက် တော့တင်ဟမ်အသင်းထံ အံ့အားသင့်ဖွယ်ပြောင်းရွှေ့ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

၂ သင်းကြား ကနဦးအငှား + အပြီးသတ်ခေါ်ယူခွင့်နဲ့သဘောတူညီမှုရရှိခဲ့တာလို့ သိရပါတယ်။ မူအာနီဟာ အခုနွေရာသီမှာ အသင်းကနေထွက်ခွာချင်ခဲ့တာဖြစ်ပြီး အင်းနရစ်ကလည်း ထွက်ခွာခွင့်ပြုထားခဲ့ပြီးဖြစ်ပါတယ်။ ပြင်သစ်သားဟာ ဂျူဗင်တပ်စ်အသင်းအတွက် ၂၂ ပွဲပါဝင်ကစားထားကာ ၁၀ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စီးရီးအေကလပ်အနေနဲ့ ပီအက်စ်ဂျီအသင်းနဲ့သဘောတူညီမှုမရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မူအာနီဟာ တော့တင်ဟမ်အသင်းတိုက်စစ်ကို ဦးဆောင်လာမှာဖြစ်ပြီး လက်ရှိတိုက်စစ်မှာ ရစ်ချာလီဆင် နဲ့ ဆိုလန်ကီတို့ရှိနေတာကြောင့် အားပြိုင်ရဖို့တော့များနေပါတယ်။