ကာရာဘောင်ဖလားပြိုင်ပွဲကို ပုံစံပြောင်းလဲကျင်းပဖို့ တိုက်တွန်းခဲ့တဲ့ တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်
တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်က ကာရာဘောင်ဖလားပြိုင်ပွဲပုံစံ ပြောင်းလဲကျင်းပမှုကို မြင်တွေ့ရဖို့ လိုလားနေပါတယ်။ ဖရန့်ခ်က အသင်းကြီးတွေအတွက် အကျိုးဖြစ်ထွန်းစေတယ်လို့ သူယူဆထားတဲ့ ဆီမီးဖိုင်နယ်အဆင့်၊ အိမ်ကွင်းအဝေးကွင်းနှစ်ကျော့ကစားရတဲ့ပုံစံကို ဖျက်သိမ်းလိုက်ဖို့ ဆန္ဒရှိနေပါတယ်။
ဒိန်းမတ်သားနည်းပြက “ ဆီမီးဖိုင်နယ်ဆိုတာ တစ်ပွဲပဲ ဖြစ်သင့်ပါတယ်။ ဘရန့်ဖို့ဒ်မှာတုန်းကလည်း ဒါကို ကျွန်တော် ပြောခဲ့ဖူးပါတယ်။ အခု နောက်တစ်ကြိမ်ထပ်ပြောရလို့ ဝမ်းသာမိပါတယ်။ အသင်းငယ်တွေအတွက် အသင်းကြီးတွေကို အနိုင်ယူချင်ရင် တစ်ပွဲပဲကစားရတာ ပိုမိုလွယ်ကူပါတယ်။
ဒါကြောင့် တစုံတဦးလောက်က အမှန်တကယ်ဖောက်ထွက်လာတာမျိုး လိုလားမယ်၊ တော့တင်ဟမ်မှလွဲ၍ ပြိုင်ဆိုင်ချိန်တိုင်းမှာ တူညီတဲ့အသင်းတွေသာ ဗိုလ်စွဲနေတာမျိုး မဖြစ်စေချင်ဘူးဆိုရင် ကျွန်တော်တို့အတွက် တစ်ကျော့တည်းသာကစားမဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် လိုအပ်ပါတယ်။ ပွဲတွေအများကြီးကစားနေသူတိုင်းအတွက်လည်း တစ်ပွဲတည်းသာ ဖြစ်သင့်ပါတယ်။
အကယ်၍ ငွေရေးကြေးရေးနဲ့ပတ်သက်နေတယ်ဆိုရင်လည်း တစုံတဦးက ဒါကို ပြင်ဆင်ပေးသွားဖို့ လိုအပ်ပါတယ်။ ကျွန်တော်နားလည်ထားသလောက် ပရီးမီးယားလိဂ်က EFL ဆီ ငွေကြေးထောက်ပံ့ပေးနေရတယ်ဆိုရင် ဒါကို တစုံတဦးက ပြင်ဆင်ပေးရပါမယ်။ ဒါက အရမ်းလွယ်ကူနေတာမျိုး ဖြစ်သင့်တယ်”လို့ ပြောပါတယ်။ တော့တင်ဟမ်က ဒီညမှာ ကာရာဘောင်ဖလားပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။