The network connection is lost.

Banner Image

အဲဗာတန်စတားအသစ်ကို အင်္ဂလန်အသင်းထံပြန်လည်ခေါ်ယူရေး ထောက်ခံလိုက်တဲ့ ဝိန်းရွန်းနီ

အင်္ဂလန်အသင်းဂန္ထဝင်ဟောင်း ဝိန်းရွန်းနီက အခုနွေရာသီမှာ အဲဗာတန်အသင်းထံ အငှားနဲ့ပြောင်းရွှေ့လာခဲ့ပြီးနောက် ဂျက်ဂရီးလစ်ချ်ကို အင်္ဂလန်အသင်းမှာ ပြန်လည်ခေါ်ယူရေးအတွက် ထောက်ခံလိုက်ပါတယ်။ ဂရီးလစ်ချ်ဟာ မန်စီးတီးမှာ ရုန်းကန်ခဲ့ရပြီးနောက် အဲဗာတန်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပထမဆုံးပရီးမီးယားလိဂ် ၃ ပွဲမှာ ၄ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ဂရီးလစ်ချ်တစ်ယောက် အင်္ဂလန်အသင်းမှာ ပြီးခဲ့ဲတဲ့အောက်တိုဘာက ဖင်လန်နဲ့နေးရှင်းလိဂ်ပွဲအပြီးကတည်းက ပါဝင်ခွင့်မရတော့တာဖြစ်ပါတယ်။ တူချယ်ကိုင်တွယ်ပြီးကတည်းက မန်စီးတီးစတားဟောင်း နေရာမရသေးတာဖြစ်ပြီး အခုချိန်မှာတော့ ဝိန်းရွန်းနီက ထောက်ခံခဲ့တာဖြစ်ပါတယ်။

အဲဗာတန်ကိုပြောင်းရွှေ့ပြီးနောက် ဂရီးလစ်ချ်ဟာ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ အရန်ခုံကနေ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဘရိုက်တန် ၊ ဝုဗ်နဲ့ပွဲတွေမှာတော့ ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ကာ ၂ ပွဲစလုံးမှာ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။“ဖိုင်နယ်ပွဲအပြီးမှာ အမှန်တကယ်တော့ယူရိုပွဲအပြီးမှာ ဘာဖြစ်လဲဆိုတာ မသိပါဘူး။ သူက ကျွန်တော့်သားလေးကို ဖိုင်နယ်က သူ့အကျီပေးခဲ့ပါတယ်။ ကောင်လေးတွေကတော့ ဝမ်းသာနေပါတယ်။

ဒါပေမယ့် မှန်ပါတယ်။ သူက ဘုရားပေးတဲ့ကစားသမားပါ။ အင်္ဂလန်မှာတော့ သူအနည်းငယ်ခြားနားပါတယ်။ ဒါကြောင့် ကျွန်တော် သူ့ကိုအင်္ဂလန်အသင်းမှာ ပြန်မြင်ချင်ပါတယ်။ အဲ့လိုဖြစ်လာနိုင်ချေလည်းရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။

ဒါပေမယ့် မှန်ပါတယ်။ သူက ဘောလုံးပြန်ကစားပြီး သူ့ဘာသာသူပျော်ရွှင်ဖို့က အဓိကအရာပါ။ ဂျက်က တကယ့်ကိုကြင်နာတတ်တဲ့သူပါ။ ပြီးတော့ အရမ်းလည်းလေးစားမှုရှိပါတယ်။ မန်စီးတီးအတွက်မကစားရတာက သူ့အတွက် အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် အဲဗာတန်ကိုပြောင်းတာက သူ့အတွက် အဆင်ပြေစေပါတယ်။ အခုအပြောင်းအရွှေ့က သူ့အတွက်အလုပ်ဖြစ်ခဲ့သလို အရမ်းအစကောင်းထားပါတယ်။ အဲ့တာကို ဆက်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ဝိန်းက ပြောကြားခဲ့ပါတယ်။

အသက် ၂၉ နှစ်သားဟာ လာမယ့်အပတ် ဗီလာနဲ့ပွဲမှာလည်း အသင်းအတွက်ပါဝင်လာဖွယ်ရှိနေပါတယ်။ လာမယ့်ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်နိုင်ဖို့ ဂျက်တစ်ယောက် စွမ်းဆောင်ရည်ကောင်းဆက်လက်ပြသနိုင်ဖို့ လုပ်ဆောင်နေပါတယ်။