ရှေ့သို့

09 February, 2:30 AM

မန်ယူ Logo

2 : 2

လိဒ်စ် ယူနိုက်တက် Logo
မန်ယူ

ပွဲပြီး

လိဒ်စ် ယူနိုက်တက်
၉၀+၅ မိနစ်

ပွဲပြီးဆုံးချိန်မှာတော့ ယူနိုက်တက်ရဲ့ အိမ်ကွင်းနိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့ပေမယ့် သရေရလဒ် ရရှိအောင်တော့ နောက်ကလိုက်ပြီး ကစားနိုင်ခဲ့ကာ ၂-၂ နဲ့ ပြီးဆုံးခဲ့ပါတယ်။

၉၀+၄ မိနစ်

မန်ယူ - ယူနိုက်တက်တို့ အနိုင်ဂိုးရရှိဖို့ ဆက်တိုက်ကိုထိုးဖောက် တိုက်စစ်ဆင်နေပြီး ဒိပွဲမှာ စုစုပေါင်း ဂိုးပေါက်ခြိမ်းခြောက်မှုက ၂၃ ကြိမ်ထိ ရှိခဲ့ပါတယ်။

၉၀+၃ မိနစ်

မန်ယူ - ဖရက်ဒ် နှစ်ကြိမ်ဆက်တိုက် လိဒ်စ်ဂိုးစည်းထဲမှာရော ဂိုးစည်းထိပ်မှာ အပိုင်တွေကန်ရပေမယ့် ပြိုင်ဘက်ခံစစ်နဲ့ပဲ ထိသွားခဲ့ပါတယ်။

၉၀ မိနစ်

သာမန်ပွဲကစားချိန်မိနစ် ၉၀ ပြည့်လို့ ထပ်ဆောင်းအချိန်ပို ၅ မိနစ် သတ်မှတ်ထားပါတယ်။

၈၉ မိနစ်

Image လူလဲ

လိဒ်စ် ယူနိုက်တက် - ဂနွန်တိုနဲ့မက်ကန်နီအစား ဂျိုဆက်ပ်နဲ့ ဂရင်းဝုဒ်တို့ကို လူစားလဲခဲ့ပါတယ်။

၈၈ မိနစ်

မန်ယူ - ဆန်ချိုရဲ့ တန်ပြန်တိုက်စစ် စတင်မှုကနေ ဖရက်ဒ်အပိုင်ကန်ခွင့် ရရှိခဲ့ပေမယ့်လည်း ကန်ချက်ကအားပျော့သလို လိဒ်စ်ခံစစ်ကလည်း ကာကွယ်နိုင်ခဲ့ပါတယ်။

၈၇ မိနစ်

မန်ယူ - ဖာနန်ဒက်စ်ရဲ့ ပေးပို့မှုကနေ ရက်ရှ်ဖို့ဒ် ဂိုးစည်းထဲမှာ အပိုင်ပိတ်ဖို့ကြိုးစားခဲ့ပေမယ့် ထိချက်လွဲချော်ခဲ့တာကြောင့် ဂိုးသမားမီစီလီယာပဲ ဖမ်းမိသွားခဲ့ပါတယ်။

၈၆ မိနစ်

မန်ယူ - ဖာပို ဖာနန်ဒက်စ်ကို ကစားပုံကြမ်းတမ်းခဲ့ပြန်တာကြောင့် ယူနိုက်တက်တို့ ပြစ်ဒဏ်ဘော ကန်ခွင့်ရရှိခဲ့ပါတယ်။ တစ်ဝါထိပြီးသားဖြစ်လို့ ဖာပိုအနေနဲ့ သတိထားဖို့တော့လိုပါတယ်။

၈၅ မိနစ်

မန်ယူ - ရှောရဲ့ ဖြတ်တင်ဘောက တော်တော်လေး ကောင်းခဲ့ပေမယ့် ဖာနန်ဒက်စ်ရဲ့ ခေါင်းတိုက်အဆုံးသတ်ချက်ကတော့ ထိချက်လွဲသွားခဲ့လို့ ဂိုးလွန်ဘောသာ ဖြစ်သွားခဲ့ပါတယ်။

၈၂ မိနစ်

Image လူလဲ

မန်ယူ - ဒါလော့နဲ့ဆာဘစ်ဇာအစား မာလာစီယာနဲ့လင်ဒီလော့ဖ်တို့ကို လူစားလဲခဲ့ပါတယ်။

၈၁ မိနစ်

မန်ယူ - ဖာနန်ဒက်စ် လူပေးမလိုလိုနဲ့ ဘယ်ခြေနဲ့ အဝေးကန်ချက် ကန်ပြီးဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့် ကန်ချက်က အနည်းငယ်လေး ဂိုးဘားပေါ်က ကျော်တက်သွားခဲ့ပါတယ်။

၈၀ မိနစ်

Image အဝါကတ်

မန်ယူ - ဂနွန်တိုကို ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ဆာဘစ်ဇာအဝါကတ်ပြခံခဲ့ရပါတယ်။

၇၈ မိနစ်

မန်ယူ - ဖာနန်ဒက်စ်ရဲ့ ပေးပို့မှုကနေ ဗာရာနီအပိုင်ခေါင်းတိုက်ခွင့် ရရှိခဲ့ပေမယ့် လိဒ်စ်ဂိုးသမား မီစီလီယာ လှလှပပကာကွယ်သွားခဲ့ပါတယ်။

၇၇ မိနစ်

Image အဝါကတ်

လိဒ်စ် ယူနိုက်တက် - လွတ်လွတ်ကျွတ်ကျွတ် ပြေးထွက်သွားတဲ့ ရက်ရှ်ဖို့ဒ်ကို ဘောလုံးမရှိပဲ အလွတ်ကြီးဆွဲထားခဲ့တာကြောင့် ဖာပိုကို အဝါကတ်ပြခဲ့ပါတယ်။

၇၄ မိနစ်

မန်ယူ - ယူနိုက်တက်သာ ဒီပွဲမှာ အနိုင်ရလဒ်ကို ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင်တော့ အိုးလ်ထရက်ဖို့ဒ်မှာ ၁၄ ပွဲဆက် နိုင်ပွဲရရှိသွားမှာပဲ ဖြစ်ပါတယ်။

၇၁ မိနစ်

Image ဂိုး

မန်ယူ - ဂိုးးး လုခ်ရှောရဲ့ ဖန်တီးမှုကနေ ဆန်ချို လိဒ်စ်ဂိုးစည်းထဲမှာ အပိုင်ကန်ခွင့် ရရှိခဲ့ပြီး လှလှပပအဆုံးသတ်ကာ အဖိုးတန်ချေပဂိုးကို သွင်းယူသွားခဲ့ပါတယ်။

၇၀ မိနစ်

မန်ယူ - အေလင်းရဲ့ ကစားပုံကြမ်းတမ်းမှုကြောင့် ရက်ရှ်ဖို့ဒ် လိဒ်စ်ဂိုးစည်းထဲမှာ လဲကျသွားခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

၆၉ မိနစ်

မန်ယူ - ဆန်ချိုနဲ့ရက်ရှ်ဖို့ဒ်ရဲ့ တွဲလုံးကနေ ဂိုးစည်းထဲမှာ ဖာနန်ဒက်စ် အပိုင်ကန်ခွင့် ရရှိခဲ့ပေမယ့် လိဒ်စ်ခံစစ်မှူးတွေ ကာကွယ်နိုင်ခဲ့ပါတယ်။

၆၈ မိနစ်

လိဒ်စ် ယူနိုက်တက် - လိဒ်စ်ကလည်း ချက်ချင်းတိုက်စစ်ပြန်လည် စတင်ပြီး အေလင်းရဲ့ အဝေးကန်ချက်နဲ့ အဆုံးသတ်မှုက ဂိုးပေါက်နဲ့ သိသိသာသာ လွဲချော်ခဲ့ပါတယ်။

၆၇ မိနစ်

မန်ယူ - ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်အိမ်ကွင်း နောက်ဆုံး ၆ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး ဒီစံချိန်ကိုနောက်ဆုံးရခဲ့သူကတော့ ၂၀၁၂ တုန်းက ဝိန်းရွန်းနီပဲ ဖြစ်ပါတယ်။

၆၅ မိနစ်

လိဒ်စ် ယူနိုက်တက် - အာရွန်ဆန်ရဲ့ ပြစ်ဒဏ်ဘောကန်ချက် က တော်တော်လေး ကောင်းမွန်ခဲ့ပြီး ဒီဂီယာလည်း ဘယ်လိုမှမကာကွယ်နိုင်ခဲ့ပေမယ့် ကန်ချက်က တိုင်ထိထွက်သွားခဲ့ပါတယ်။

၆၃ မိနစ်

Image လူလဲ

လိဒ်စ် ယူနိုက်တက် - ဘမ်ဖို့ဒ်နဲ့ ဟယ်ရီဆင်အစား ရက်တာနဲ့ အာရွန်ဆန်တို့ကို လူစားလဲခဲ့ပါတယ်။

၆၂ မိနစ်

Image ဂိုး

မန်ယူ - ဂိုးးးး ညာခြမ်းကနေ ဒါလော့ရဲ့ ဖြတ်တင်ဘောကို ရက်ရှ်ဖို့ဒ် ဂိုးစည်းထဲမှာ ခေါင်းတိုက် အဆုံးသတ်ကာ ချေပဂိုးတစ်ဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။

၆၀ မိနစ်

Image လူလဲ

မန်ယူ - ၀က်ဂ်ဟော့စ်နဲ့ ဂါနာချိုအစား ဆန်ချိုနဲ့ပယ်လီစထရီတို့ကို လူစားလဲခဲ့ပါတယ်။

၅၈ မိနစ်

မန်ယူ - ကစားပုံတိုးတက်လာခြင်းမရှိတဲ့နောက် ယူနိုက်တက်က လူစားလဲဖို့ စတင်ပြင်ဆင်နေတာ တွေ့ရပါတယ်။

၅၆ မိနစ်

Image အဝါကတ်

လိဒ်စ် ယူနိုက်တက် - ဖရက်ဒ်ကို ကစားပုံကြမ်းတမ်းခဲ့တာကြောင့် တိုင်လာအဒမ်ကို အဝါကတ်ပြခဲ့ပါတယ်။ အဲ့ဒါကြောင့် လိဒ်စ်ရဲ့ကွင်းလယ်နှစ်ယောက်ကတော့ အဝါကိုယ်စီနဲ့ဖြစ်သွားခဲ့ပါတယ်။

၅၄ မိနစ်

မန်ယူ - ရက်ရှ်ဖို့ဒ် အဝေးကန်ချက်နဲ့ ဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့် ကန်ချက်ကတော့ ဂိုးပေါက်နဲ့ သိသိသာသာ လွဲချော်သွားခဲ့ပါတယ်။

၅၂ မိနစ်

Image အဝါကတ်

လိဒ်စ် ယူနိုက်တက် - ယူနိုက်တက်ရဲ့ ပြစ်ဒဏ်ဘောကန်မှုကို အနှောင့်အယှတ်ပေးခဲ့တာကြောင့် မက်ကန်နီကို အဝါကတ်ပြခဲ့ပါတယ်။

၅၀ မိနစ်

လိဒ်စ် ယူနိုက်တက် - ယူနိုက်တက်ရဲ့ အထနှေးပုံကတော့ ပထမပိုင်းတုန်းကအတိုင်းပဲ ဖြစ်နေခဲ့တာကြောင့် လိဒ်စ်ယူနိုက်တက်ကပဲ လျင်လျင်မြန်မြန်နဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုတွေ မကြာခဏပြုလုပ်လာတာတွေ့ရပါတယ်။

၄၈ မိနစ်

Image ဂိုး

လိဒ်စ် ယူနိုက်တက် - ဂနွန်တိုရဲ့ပေးပို့မှုကနေ ဆမ်းမားဗီးလ်ဂိုးစည်းထဲကို ထပ်ပေးဖို့ကြိုးစားရာက ဘောလုံးဟာ ဗာရာနီနဲ့ထိပြီး ဂိုးဝင်သွားခဲ့တာကြောင့် OG အဖြစ်နဲ့ ဒုတိယဦးဆောင်ဂိုး လိဒ်စ်ရရှိခဲ့ပါတယ်။

၄၇ မိနစ်

Image ထောင့်ကန်ဘော

လိဒ်စ် ယူနိုက်တက် - ဟယ်ရီဆင်ရဲ့ ဂိုးစည်းထဲကိုချိုးချမှုက ဆမ်းမားဗီးလ်ဆီရောက်ဖို့ နီးစပ်ခဲ့ပေမယ့် ဖရက်ဒ်နဲ့ထိပြီး ထောင့်ကန်ဘောသာ ဖြစ်သွားခဲ့ပါတယ်။

၄၆ မိနစ်

ဒုတိယပိုင်းပြန်လည် စတင်ပါပြီ

၄၅+၈ မိနစ်

ပထမပိုင်းမှာတော့ ယူနိုက်တက်က ဂနွန်တိုရဲ့ အစောပိုင်းဂိုးနဲ့ အိမ်ကွင်းမှာ လိဒ်စ်ရဲ့ ဦးဆောင်ခြင်းခံထားရပါတယ်

၄၅+၆ မိနစ်

မန်ယူ - ယူနိုက်တက်ကတော့ ကိုယ့်ဂိုးစည်းနားမှာတင် လူပေးမှားလိုက် လိမ်လိုက်ခေါက်လိုက်နဲ့ ပြာနေပြီး တစ်ချက်မှားတာနဲ့ ဂိုးပေးရနိုင်တဲ့ အနေအထားတွေ လုပ်နေတာတွေ့ရပါတယ်။

၄၅+၄ မိနစ်

မန်ယူ - ဒါလော့ အဝေးကန်ချက်နဲ့ ဂိုးရရှိဖို့ကြိုးစားခဲ့ပေမယ့် ဝူဘာကာကွယ်နိုင်ခဲ့ပြန်ပါတယ်။

၄၅+၂ မိနစ်

မန်ယူ - မာတီနက်ဇ် ဘမ်ဖို့ဒ်ကို ခပ်ကြမ်းကြမ်း ရှင်းထုတ်ခဲ့ပြန်ပေမယ့် ပြစ်ဒဏ်ဘော မပေးခဲ့ရပြန်ပါဘူး

၄၅ မိနစ်

ပထမပိုင်း ၄၅ မိနစ်ပြည့်လို့ ထပ်ဆောင်းအချိန်ပိုကို ၈ မိနစ်ထိ ပေးထားပါတယ်။

၄၄ မိနစ်

လိဒ်စ် ယူနိုက်တက် - ဟယ်ရီဆင်ကို တားဆီးဖို့ကြိုးစားရင်း ဖရက်ဒ်ကစားပုံကြမ်းတမ်းခဲ့လို့ လိဒ်စ်ယူနိုက်တက်က ပြစ်ဒဏ်ဘော ရရှိပါတယ်။

၄၂ မိနစ်

လိဒ်စ် ယူနိုက်တက် - ဆေးကုသမှုခံယူပြီးနောက်မှာတော့ ဂနွန်တို ပြန်လည်ကစားသွားမှာပဲ ဖြစ်ပါတယ်။

၄၀ မိနစ်

လိဒ်စ် ယူနိုက်တက် - ယူနိုက်ကတ်ဂိုးစည်းထဲမှာ ဂနွန်တိုအပိုင်ကန်ခွင့်ရလုနီးပါးဖြစ်ခဲ့ပေမယ့် မာတီနက်ဇ် လျှောထိုး ဖြတ်ထုတ်ခဲ့လို့ ဂနွန်တိုဒဏ်ရာအနည်းငယ် ရရှိခဲ့ပုံပါပဲ။

၃၉ မိနစ်

လိဒ်စ် ယူနိုက်တက် - ဖရက်ဒ်ကို အနောက်ကနေ ရိုက်ခဲ့သလိုဖြစ်ခဲ့တာကြောင့် မက်ကန်နီနဲ့ ယူနိုက်တက် ကစားသမားတွေကြားမှာ အချင်းများမှုလေးတွေရှိခဲ့ပြီး ကွင်းလယ်ဒိုင်ကတော့ မက်ကန်နီကို ခေါ်ယူ သတိပေးခဲ့ပါတယ်။

၃၇ မိနစ်

လိဒ်စ် ယူနိုက်တက် - လိဒ်စ်ယူနိုက်တက်အနေနဲ့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပေမယ့်လည်း ဂိုးရပြီးနောက်ပိုင်း ခံစစ်မှသြာ အချိန်ကုန်နေရပါတယ်။

၃၅ မိနစ်

လိဒ်စ် ယူနိုက်တက် - လိဒ်စ်ယူနိုက်တက်ဟာ ကြားရက်မှာ ကန်ရတဲ့ ပွဲတစ်ပွဲမှကို အနိုင်ရဖူးခြင်းမရှိသေးပဲ ယူနိုက်တက်နဲ့ ယခုပွဲကိုတော့ ယုံကြည်မှုအပြည့်နဲ့ ကစားနေတာတွေ့ရ့ပါတယ်။

၃၃ မိနစ်

မန်ယူ - ယူနိုက်တက်ဟာ လိဒ်စ်နဲ့တွေ့ဆုံခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ် ၁၇ ပွဲမှာ ၁ ပွဲသာ ရှုံးဖူးပါတယ်၊ အဲ့ဒါကလည်း ၂၀၀၂ ခုနှစ်တုန်းဖြစ်လို့ တော်တော်ကြာခဲ့ပါပြီ

၃၀ မိနစ်

Image ထောင့်ကန်ဘော

မန်ယူ - ပြစ်ဒဏ်ဘောကနေ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ဆာဘစ်ဇာ တစ်ယောက်ကိုခေါက်ပြီး ဝေ့ဝှိုက်ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် မီစီလီယာ ပုတ်ထုတ်ခဲ့ပါတယ်။

၂၉ မိနစ်

မန်ယူ - ဂါနာချိုကို ဂနွန်တိုကစားပုံကြမ်းခဲ့တာကြောင့် ယူနိုက်တက်တို့ လိဒ်စ်ဂိုးစည်းနားမှာ ပြစ်ဒဏ်ဘော ရရှိခဲ့ပါတယ်။

၂၇ မိနစ်

မန်ယူ - လိဒ်စ်ဂိုးစည်းထဲမှာ ရက်ရှ်ဖို့ဒ် နှစ်ကြိမ်တိုင်တိုင် အဆုံးသတ်ခွင့်ရပေမယ့် ဝူဘာနဲ့မီစီလီယာတို့ ကာကွယ်ခဲ့ပြန်ပါတယ်။

၂၅ မိနစ်

မန်ယူ - ဖာနန်ဒက်စ်ရဲ့ ဖန်တီးမှုကနေ ဂါနာချို ဂိုးသမားမီစလီယာရော အေလင်းကိုပါ ခေါက်ပြီး ဂိုးသမားမရှိတဲ့ ဂိုးထဲကို ကန်သွင်းခဲ့ပေမယ့် ဝူဘာမယုံနိုင်စရာ ကောင်းလောက်အောင် အချိန်မီကာကွယ်သွားခဲ့ပါတယ်။

၂၃ မိနစ်

Image လူလဲ

လိဒ်စ် ယူနိုက်တက် - စထရုဂျစ်ကတော့ ဆက်မကစားနိုင်တော့တာကြောင့် ဖာပိုနဲ့လူစားလဲခဲ့ရပါတယ်၊ လိဒ်စ်ကတော့ ပွဲချိန်မိနစ် ၂၀ ဝန်းကျင်မှာတင် ကစားသမားနှစ်ယောက် ဒဏ်ရာကြောင့် လူစားလဲလိုက်ရပါပြီ။

၂၁ မိနစ်

လိဒ်စ် ယူနိုက်တက် - လက်ရှိလိဒ်စ်ယူနိုက်တက်ကို တာဝန်ယူထားတဲ့ နည်းပြသုံးယောက်ဟာ တစ်ချိန်က ယူနိုက်တက်မှာ နည်းပြရန်နစ်ရဲ့ နည်းပြအဖွဲ့ဝင်တွေဖြစ်ခဲ့ကြတာကြောင့် ယူနိုက်တက်ရဲ့ အထာကို သိနေကြသူတွေလို့ ပြောလို့ရပါတယ်။

၂၀ မိနစ်

လိဒ်စ် ယူနိုက်တက် - ရက်ရှ်ဖို့ဒ်ရဲ့ အဝေးကန်ချက်က တော်တော်လေးအားပြင်းပြိး စထရူဂျစ်မျက်နှာနဲ့ ထိခဲ့တာကြောင့် ဆေးကုသမှု ခံယူနေရပါတယ်။

၁၈ မိနစ်

မန်ယူ - ဆာဘစ်ဇာ အဝေးကန်ချက်နဲ့ ဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့် ကန်ချက်က ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။

၁၆ မိနစ်

မန်ယူ - တန်ပြန်တိုက်စစ်ကနေ ဖာနန်ဒက်စ်ရဲ့ ပေးပို့မှုက ဂိုးစည်းထဲမှာ လွတ်လွတ်ကျွတ်ကျွတ် ရှိနေတဲ့ ဂါနာချိုဆီ ရောက်ရှိခဲ့ပေမယ့်လည်း ဂါနာချိုရဲ့ အဆုံးသတ်က ဂိုးတိုင်ဘေးကနေ အနည်းငယ်လေး ကပ်လွဲသွားခဲ့ပါတယ်။

၁၄ မိနစ်

မန်ယူ - လုခ်ရှောရဲ့ ပြစ်ဒဏ်ဘော ကန်တင်ပေးပို့မှုကနေ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ဆာဘစ်ဇာ ဂိုးစည်းထဲမှာ အပိုင်ကန်ခွင့် ရရှိခဲ့ပေမယ့် သူ့ရဲ့မြေမကျကန်ချက်ကတော့ ဂိုးလွန်ဘောနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။

၁၂ မိနစ်

မန်ယူ - ဒီနေ့ယူနိုက်တက်ရဲ့ ကွင်းလယ်က ကတ်စ်မဲရိုးရော၊ အဲရစ်ဆင်ရော မပါဝင်ပဲ တွဲမကစားဖူးသေးတဲ့ ဖရက်ဒ်နဲ့ ဆာဘစ်ဇာကို တွဲထားတာကြောင့် ကစားကွက်တည်မရဖြစ်နေပြီး ဖာနန်ဒက်စ်ပါ ပုံစံကောင်းပျောက်နေတာ တွေ့ရပါတယ်။

၁၁ မိနစ်

လိဒ်စ် ယူနိုက်တက် - ထောင့်ကန်ဘောကနေ စထရူဂျစ်အနီးကပ် ခေါင်းတိုက်ခွင့် ရရှိခဲ့ပေမယ့် ဒီဂီယာနေရာယူမှန်မှန်နဲ့ ကာကွယ်သွားပါတယ်။

၁၀ မိနစ်

Image ထောင့်ကန်ဘော

လိဒ်စ် ယူနိုက်တက် - ဖာနန်ဒက်စ်ရဲ့ လူပေးမှားမှုကနေ ဂနွန်တိုရသွားပြီး ဟယ်ရီဆင်ရဲ့ ပြေးလမ်းထဲကို ထိုးပေးခဲ့ပေမယ့် မာတီနက်ဇ် ဖျက်ထုတ်ခဲ့လို့ ထောင့်ကန်ဘော ဖြစ်ခဲ့ပါတယ်။

၉ မိနစ်

လိဒ်စ် ယူနိုက်တက် - ဟယ်ရီဆင်ရဲ့ ပေးပို့မှုကနေ ဘမ်ဖို့ဒ် ယူနိုက်တက်ဂိုးစည်းထဲမှာ ရရှိခဲ့ပေမယ့် မာတီနက်ဇ်နဲ့လုခ်ရှော လူကပ်ကာရှင်းထုတ်နိုင်ခဲ့ပါတယ်။

၈ မိနစ်

Image လူလဲ

လိဒ်စ် ယူနိုက်တက် - ဒဏ်ရာရရှိခဲ့တဲ့ ဆီနီစတီယာရဲ့နေရာကို ဆမ်းမားဗီးလ်နဲ့ လူစားလဲခဲ့ပါတယ်။

၆ မိနစ်

လိဒ်စ် ယူနိုက်တက် - ဖာနန်ဒက်စ်နဲ့ ထိခိုက်မိခဲ့တာကြောင့် လိဒ်စ်တောင်ပံကစားသမား ဆီနီစတီယာကတော့ ဆက်မကစားနိုင်တော့တဲ့ပုံပါပဲ။

၄ မိနစ်

မန်ယူ - ရက်ရှ်ဖို့ဒ် ဒါလော့နဲ့ချိတ်ဆက်ပြီး တန်ပြန်တိုက်စစ် စတင်ဖို့ကြိုးစားခဲ့ပေမယ့် ကို့ချ်ရှေ့တက်ပြီး ဖျက်ထုတ်သွားခဲ့ပါတယ်။

၂ မိနစ်

Image ဂိုး

လိဒ်စ် ယူနိုက်တက် - ဂိုးးး ပွဲစတယ်ဆိုတာနဲ့ ယူနိုက်တက်ရဲ့ ပေါ့ဆတဲ့ လူပေးမှုကနေ ဂနွန်တိုက ဘမ်ဖို့ဒ်နဲ့ ဝမ်းတူးရိုက်ကာ အဝေးကန်ချက်နဲ့ လှလှပပ ဦးဆောင်ဂိုးရယူသွားခဲ့ပါတယ်။ ဒီရာသီအမြန်ဆုံးဂိုးတောင် ဖြစ်လာနိုင်ခြေရှိတဲ့ ဂိုးပါ။

၁ မိနစ်

မန်ချက်စတာယူနိုက်တက် Vs လိဒ်စ်ယူနိုက်တက် ပွဲစဉ်စတင်ကစားပြီ ဖြစ်ပါတယ်။