ရှေ့သို့

09 February, 2:30 AM

မန်ယူ Logo

2 : 2

လိဒ်စ် ယူနိုက်တက် Logo
မန်ယူ

ပွဲပြီး

လိဒ်စ် ယူနိုက်တက်
Image

ပရီးမီးယားလိဂ် ပွဲစဉ် (၈) ပွဲကျန်မှ ယူနိုက်တက် - လိဒ်စ် ပွဲကြိုခန့်မှန်းချက် (နံနက် ၂း၃၀)

2:17 PM, 8, February 2023

ယူနိုက်တက် ဒဏ်ရာရလူစာရင်း - ဗန်ဒီဘိခ်၊ အဲရစ်ဆင်၊ တိုမီနေး၊ အန်တိုနီ၊ မာရှယ် (သေချာပေါက်လွဲ)၊ ကတ်စ်မဲရိုး (ပွဲပယ်)
လိဒ်စ်ယူနိုက်တက် ဒဏ်ရာရလူစာရင်း - ဒဲလက်စ်၊ ဖော်ရှော၊ ဂရေး၊ ပါကင်စ်၊ ရိုဒရီဂို(သေချာပေါက်လွဲ)

အိမ်ရှင် ယူနိုက်တက်အသင်း အခြေအနေ
=====================
ယူနိုက်တက်က ယနေ့ညပွဲမှာ အဓိကကွင်းလယ်ခံစစ်ကစားသမားနှစ်ဦးဖြစ်တဲ့ ကတ်စ်မဲရိုးနဲ့ တိုမီနေး မပါနိုင်ပဲ ကစားရမှာဖြစ်လို့ ခံစစ်ပိုင်းအားနည်းနိုင်တဲ့ အခြေအနေမှာ နည်းပြ တန်ဟတ် ဒီကိစ္စကို ဘယ်လိုအဖြေရှာမလဲ စောင့်ကြည့်ရပါမယ်။ အလားတူ အန်တိုနီ၊ မာရှယ်တို့လို ကစားသမားမျိုးတွေ မပါဝင်နိုင်တဲ့ အခြေအနေမှာ ပွဲပန်းနေနိုင်တဲ့ ကစားသမားတွေကို တန်ဟတ် ဘယ်လိုအသုံးပြုမယ်ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။

ဧည့်သည် လိဒ်စ်ယူနိုက်တက်အသင်း အခြေအနေ
=====================
လိဒ်စ်ကတော့ ရလဒ်တွေ ထူးထူးခြားခြားကောင်းမလာတဲ့ နည်းပြ ဂျက်စီမတ်ရှ်ကို ထုတ်ပယ်လိုက်ပြီး ယခင်က ယူနိုက်တက်နည်းပြအဖွဲ့ဝင်ဟောင်းတွေကို တာဝန်ပေးထားတာကြောင့် ယနေ့ညမှာ ယူနိုက်တက်ကို ဒုက္ခပေးနိုင်မလား ကြည့်ရပါမယ်။

ထူးခြားချက်များ
============
လိဒ်စ်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၇ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။

ယူနိုက်တက်အသင်းဟာ လိဒ်စ်ကို ပြိုင်ပွဲစုံ နောက်ဆုံး ၆ပွဲမှာ ၅ပွဲ နိုင်ထားပါတယ်။

ခန့်မှန်းချက်
==========
အာဆင်နယ်ကို အမ်းမရိတ်မှာ ရှုံးခဲ့ပြီးနောက် ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံ ၄ပွဲဆက် နိုင်ထားပြီး ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ကိုလည်း တက်ရောက်နိုင်ခဲ့ကာ အိမ်ကွင်းမှာဆိုရင်လည်း ခံစစ်တပ်ကြီးတစ်ခုလို ရလဒ်အတော်လေးကောင်းတာကို တွေ့ရပါတယ်။

လိဒ်စ်ကတော့ တန်းဆင်းရမယ့်အရေးနဲ့ မရင်ဆိုင်ချင်လို့ နည်းပြအပြောင်းအလဲ လုပ်ထားသလို ဇန်နဝါရီအပြောင်းအရွှေ့မှာလည်း ယူရို သန်း၁၀၀နီးပါး အသုံးပြုထားလို့ နည်းပြသစ်တွေက အသင်းကို ပြန်လည် တည့်မတ်ပေးနိုင်မလား ကြည့်ရမှာပါ။ ယူနိုက်တက်ရဲ့ ခံစစ်ပိုင်းက အားနည်းမှုတွေ ရှိလာမယ့် အခြေအနေမှာ လိဒ်စ်ကလည်း ဂိုးရနိုင်လို့ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်သွားနိုင်ပါတယ်။
.
ယူနိုက်တက် - လိဒ်စ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
-------------------------------------------------------------
လိဒ်စ် ၂ - ၄ ယူနိုက်တက် (၂၀-ဖေဖော်ဝါရီ-၂၀၂၂)
ယူနိုက်တက် ၅ - ၁ လိဒ်စ် (၁၄-သြဂုတ်-၂၀၂၁)
လိဒ်စ် ၀ - ၀ ယူနိုက်တက် (၂၅-ဧပြီ-၂၀၂၁)
ယူနိုက်တက် ၆ - ၂ လိဒ်စ် (၂၀-ဒီဇင်ဘာ-၂၀၂၀)
ယူနိုက်တက် ၄ - ၀ လိဒ်စ် (၁၇-ဇူလိုင်-၂၀၁၉)
.
ယူနိုက်တက် နောက်ဆုံး (၅) ပွဲရလဒ်
---------------------------------
ယူနိုက်တက် ၂ - ၁ ပဲလေ့စ် (၄-ဖေဖော်ဝါရီ-၂၀၂၃)
ယူနိုက်တက် ၂ - ၀ နော်တင်ဟမ်ဖောရက်စ် (၂-ဖေဖော်ဝါရီ-၂၀၂၃)
ယူနိုက်တက် ၃ - ၁ ရီဒင်း (၂၉-ဇန်နဝါရီ-၂၀၂၃)
နော်တင်ဟမ်ဖောရက်စ် ၀ - ၃ ယူနိုက်တက် (၂၆-ဇန်နဝါရီ-၂၀၂၃)
အာဆင်နယ် ၃ - ၂ ယူနိုက်တက် (၂၂-ဇန်နဝါရီ-၂၀၂၃)
.
လိဒ်စ် နောက်ဆုံး (၅) ပွဲရလဒ်
-------------------------------
နော်တင်ဟမ်ဖောရက်စ် ၁ - ၀ လိဒ်စ် (၅-ဖေဖော်ဝါရီ-၂၀၂၃)
အက်သရင်တန် စတန်လေ ၁ - ၃ လိဒ်စ် (၂၈-ဇန်နဝါရီ-၂၀၂၃)
လိဒ်စ် ၀ - ၀ ဘရန့်ဖို့ဒ် (၂၂-ဇန်နဝါရီ-၂၀၂၃)
လိဒ်စ် ၅ - ၂ ကာဒီဖ် စီးတီး (၁၉-ဇန်နဝါရီ-၂၀၂၃)
အက်စတွန်ဗီလာ ၂ - ၁ လိဒ်စ် (၁၄-ဇန်နဝါရီ-၂၀၂၃)

#မန်ချက်စတာယူနိုက်တက် #ပွဲကြိုသုံးသပ်ချက် #လိဒ်စ်ယူနိုက်တက် #ပရီးမီးယားလိဂ်