ရှေ့သို့

01 April, 18:00 PM

မန်စီးတီး Logo

4 : 1

လီဗာပူး Logo
မန်စီးတီး

ပွဲပြီး

လီဗာပူး
၉၀+၃ မိနစ်

ပွဲချိန်ကုန်ဆုံးသွားပါပြီ။ ပွဲပြီးချိန်မှာ မန်စီးတီးက လီဗာပူးကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

၉၀+၂ မိနစ်

မန်စီးတီး - မာရက်ဇ်ရဲ့ဖန်တီးပေးမှု ကောင်းမွန်ပေမယ့် ဗန်ဒိုက်ရှင်းထုတ်နိုင်ခဲ့ပါတယ်။

၉၀ မိနစ်

နာကျင်အချိန်ပို ၃ မိနစ် သတ်မှတ်ပေးထားပါတယ်။

၈၈ မိနစ်

Image လူလဲ

မန်စီးတီး - ပယ်လ်မာ (အဝင်)၊ ဂရီးလစ်ချ် (အထွက်)

၈၆ မိနစ်

မန်စီးတီး - မာရက်ဇ်ရဲ့ထိုးဖောက်ကန်သွင်းမှု ကောင်းမွန်ခဲ့ပေမယ့် ဂိုးပေါက်နဲ့ မတည့်ခဲ့ပါဘူး။

၈၄ မိနစ်

မန်စီးတီး - မာရက်ဇ်ကို ဆီမီကတ်စ်ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် မန်စီးတီးတို့ ပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ပါတယ်။

၈၂ မိနစ်

Image လူလဲ

မန်စီးတီး - ဘာနာဒိုဆေးလ်ဗား (အဝင်)၊ ရိုဒရီ (အထွက်)

၈၁ မိနစ်

Image လူလဲ

လီဗာပူး - မီလ်နာ (အဝင်)၊ ဂတ်ပို (အထွက်)

၈၀ မိနစ်

မန်စီးတီး - ဒီဘရိုင်းရဲ့ဖန်တီးပေးမှုမှတဆင့် ဂရီးလစ်ရှ် အပိုင်ကန်သွင်းခဲ့ရာ ဂိုးသမားအလီဆင် ကာကွယ်နိုင်ခဲ့ပါတယ်။

၇၆ မိနစ်

မန်စီးတီး - မာရက်ဇ်ရဲ့ထိုးဖောက်မှု အတော်လေးကောင်းမွန်ပေမယ့် ကိုနာတေးရှင်းထုတ်နိုင်ခဲ့ပါတယ်။

၇၄ မိနစ်

Image ဂိုး

မန်စီးတီး - ဒီဘရိုင်းရဲ့ လှပတဲ့ ပေးပို့မှုကို ဂရီးလစ်ချ်က အပိုင်ကန်သွင်းကာ မန်စီးတီးအတွက် စတုတ္ထမြောက်သွင်းဂိုး ရယူခဲ့ပါတယ်။

၇၂ မိနစ်

မန်စီးတီး - မာရက်ဇ်ရဲ့ ပေးပို့မှုကောင်းမွန်ပေမယ့် ဂိုးသမားအလီဆင် ပုတ်ထုတ်ကာကွယ်ခဲ့ပါတယ်။

၆၈ မိနစ်

Image လူလဲ

လီဗာပူး - ဆီမီကတ်စ်၊ ဒါဝင်နူနက်ဇ်၊ ဖာမီနို၊ ချိန်ဘာလိန် (အဝင်)၊ ရော်ဘတ်ဆန်၊ ဂျိုတာ၊ မိုဆာလက်၊ အီလီယော့ (အထွက်)

၆၆ မိနစ်

Image ထောင့်ကန်ဘော

မန်စီးတီး - မာရက်ဇ်ရဲ့ထိုးဖောက်မှု ကောင်းမွန်ပေမယ့် ဗန်ဒိုက်ရှင်းထုတ်နိုင်ခဲ့လို့ ထောင့်ကန်ဘောနဲ့ အဆုံးသတ်ခဲ့ရပါတယ်။

၆၄ မိနစ်

လီဗာပူး - တန်ပြန်တိုက်စစ်စတင်ဖို့ ကြိုးစားလာတဲ့ အယ်လ်ဗာရက်ဇ်ကို ကိုနာတေးအပိုင်ကပ်ကာ ဘောလုံးပိုင်ဆိုင်မှု ပြန်လည်ရယူခဲ့ပါတယ်။

၆၂ မိနစ်

မန်စီးတီး - မာရက်ဇ်ရဲ့ ညာခြမ်းဖန်တီးပေးမှု ကောင်းမွန်ခဲ့ပေမယ့် ဂိုးသမားအလီဆင် ဖမ်းမိခဲ့ပါတယ်။

၆၀ မိနစ်

ဒုတိယပိုင်းစတင်ချိန်မှာပဲ ဦးဆောင်ဂိုးတွေရရှိထားတဲ့ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှုထိန်းချုပ်ကာ ယှဉ်ပြိုင်နေသလို လီဗာပူးကလည်း လိုအပ်နေတဲ့ ချေပဂိုးတွေရှာဖွေနိုင်ဖို့ တိုက်စစ်မြှင့်ကစားနေပါတယ်။

၅၉ မိနစ်

Image ထောင့်ကန်ဘော

မန်စီးတီး - အယ်လ်ဗာရက်ရဲ့ဖန်တီးပေးမှုကို ဂရီးလစ်ချ် ဝေ့ဝိုက်ကန်သွင်းရာ အတော်လေး ကောင်းမွန်ခဲ့ပေမယ့် ဂိုးသမားအလီဆင် ပုတ်ထုတ်ကာကွယ်ခဲ့လို့ ထောင့်ကန်ဘောနဲ့ အဆုံးသတ်ခဲ့ရပါတယ်။

၅၇ မိနစ်

မန်စီးတီး - မာရက်ဇ်ကို ရော်ဘတ်ဆန် နောက်ကနေတွန်းခဲ့တာကြောင့် မန်စီးတီးတို့ ပြစ်ဒဏ်ဘောရရှိခဲ့ပါတယ်။

၅၅ မိနစ်

လီဗာပူး - အာနိုးလ်ရဲ့ဖြတ်တင်ဘောပေးပို့မှု အတော်လေးကောင်းမွန်ပေမယ့် နသန်အကီ ခေါင်းတိုက်ရှင်းထုတ်ခဲ့ပါတယ်။

၅၃ မိနစ်

Image ဂိုး

မန်စီးတီး - အယ်လ်ဗာရက်ဇ်ရဲ့ ကန်သွင်းမှုကို အာနိုးလ်ရှင်းထုတ်ခဲ့ရာမှတဆင့် လျှံကျလာတဲ့ဘောလုံးကို ဂန်ဒိုဂန်ကအသာအယာထိန်းကာ အပိုင်ကန်သွင်းပြီး ဒုတိယမြောက်ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။

၅၁ မိနစ်

မန်စီးတီး - ဂန်ဒိုဂန်၊ ဂရီးလစ်ချ် တွဲလုံးနဲ့ထိုးဖောက်မှု အတော်လေးကောင်းမွန်ခဲ့သလို ဂန်ဒိုဂန်အဆုံးသတ်ကန်သွင်းခဲ့ပေမယ့် ဂိုးသမားအလီဆင် ဖမ်းမိသွားခဲ့ပါတယ်။

၄၉ မိနစ်

လီဗာပူး - အာနိုးလ်ရဲ့ပေးပို့လာမှုကို ဂတ်ပိုရဲ့ထိုးဖောက်ကန်သွင်းမှု ကောင်းမွန်ပေမယ့် လူကျွံဘောနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

၄၇ မိနစ်

Image ဂိုး

မန်စီးတီး - မာရက်ဇ်ရဲ့ လှပတဲ့ထိုးဖောက်မှုနဲ့အတူ ဖန်တီးပေးလာတဲ့ ဘောလုံးကို ဒီဘရိုင်းက အပိုင်ပိတ်သွင်းကာ မန်စီးတီးအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။

၄၆ မိနစ်

ဒုတိယပိုင်း ပြန်လည်စတင်ပါပြီ။

၄၅ မိနစ်

ပထမပိုင်းပြီးဆုံးသွားပါပြီ။ မန်စီးတီးနဲ့လီဗာပူးတို့ တစ်ဖက်တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်နေပါတယ်။

၄၄ မိနစ်

မန်စီးတီး - မာရက်ဇ်ရဲ့ပေးပို့မှုကို ဂန်ဒိုဂန်ပိတ်သွင်းယူဖို့ကြိုးစားပေမယ့် ဖာဘင်ဟို ဖျက်ထုတ်သွားလို့ မန်စီးတီးအသင်း ဦးဆောင်ဂိုးနဲ့ ဝေးကွာခဲ့ရပါတယ်။

၄၂ မိနစ်

မန်စီးတီး - ဂန်ဒိုဂန်၊ ဂရီးလစ်ချ်တွဲလုံးနဲ့ထိုးဖောက်ဖို့ ကြိုးစားလာရာ လီဗာပူးနောက်ခံလူတွေက အမှားအယွင်းမရှိ ပိတ်ဆို့ကာကွယ်နိုင်ခဲ့ပါတယ်။

၄၀ မိနစ်

လီဗာပူး - အီလီယော့ရဲ့ပေးပို့မှုမှတဆင့် မိုဆာလက် ထိုးဖောက်ဖို့ ကြိုးစားပေမယ့် လူကျွံနေခဲ့ပါတယ်။

၃၈ မိနစ်

Image ထောင့်ကန်ဘော

မန်စီးတီး - မာရက်ဇ်ရဲ့ ပြစ်ဒဏ်ဘောကန်တင်ပေးပို့မှု ကောင်းမွန်ခဲ့ပေမယ့် ဂတ်ပို ရှင်းထုတ်ခဲ့လို့ ထောင့်ကန်ဘောနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

၃၆ မိနစ်

လီဗာပူး - တန်ပြန်တိုက်စစ်မှတဆင့် မိုဆာလက်က ဖန်တီးပေးဖို့ ကြိုးစားခဲ့ရာ ရိုဒရီ အချိန်မီရှင်းထုတ်နိုင်ခဲ့ပါတယ်။

၃၄ မိနစ်

လီဗာပူး - ဂတ်ပိုအပေါ် ရိုဒရီဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် လီဗာပူးအသင်း ပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ပါတယ်။

၃၂ မိနစ်

Image အဝါကတ်

မန်စီးတီး - ဂျိုတာကို နောက်ကနေဆွဲခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ရိုဒရီကို အဝါကတ်ပြသခဲ့ပါတယ်။

၃၀ မိနစ်

မန်စီးတီး - အယ်လ်ဗာရက်ဇ် ထိုးဖောက်ကန်သွင်းဖို့ ကြိုးစားပေးမယ့် လူကျွံဘောနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

၂၈ မိနစ်

Image ဂိုး

မန်စီးတီး - ဂရီးလစ်ချ်ရဲ့ကောင်းမွန်တိကျတဲ့ ဖန်တီးပေးမှုကို အယ်လ်ဗာရက်ဇ်က အပိုင်ပိတ်သွင်းပြီး မန်စီးတီးအတွက် ချေပဂိုးရယူသွားခဲ့ပါတယ်။

၂၆ မိနစ်

လီဗာပူး - ကောင်းမွန်တဲ့တန်ပြန်တိုက်စစ်စတင်မှုနဲ့အတူ ဂျိုတာဆီ မိုဆာလက်က ဖန်တီးပေးဖို့ ကြိုးစားပေမယ့် ဂရီးလစ်ချ်က နောက်အထိဆင်းပြီး ဖြတ်ထုတ်ခဲ့လို့ သွင်းဂိုးတော့ မမြင်တွေ့ခဲ့ရပါဘူး။

၂၄ မိနစ်

မန်စီးတီး - ဒီဘရိုင်းရဲ့ပေးပို့မှု ကောင်းမွန်ပေမယ့် လီဗာပူးနောက်ခံလူတွေ ရှင်းထုတ်နိုင်ခဲ့ပါတယ်။

၂၂ မိနစ်

မန်စီးတီး - မာရက်ဇ်ရဲ့ အဝေးကန်ချက် အတော်လေးကောင်းမွန်ပေမယ့် ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပါတယ်။

၂၀ မိနစ်

မန်စီးတီး - ဒီဘရိုင်းရဲ့ပေးပို့မှုကို မန်စီးတီးကစားသမားတွေ ပိတ်သွင်းယူဖို့ ကြိုးစားပေမယ့် နောက်ကျနေခဲ့လို့ လီဗာပူးနောက်ခံလူတွေ ရှင်းထုတ်နိုင်ခဲ့ပါတယ်။

၁၉ မိနစ်

Image အဝါကတ်

လီဗာပူး - ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်ပုံ မကောင်းမွန်ခဲ့တဲ့ မိုဆာလက်ကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။

၁၇ မိနစ်

Image ဂိုး

လီဗာပူး - တန်ပြန်တိုက်စစ်မှတဆင့် အာနိုးလ်ရဲ့ အကွက်မြင်မြင်ပေးပို့မှုကို ဂျိုတာက ဆွဲပြေးကာ မိုဆာလက်ဆီ ဖန်တီးပေးခဲ့ရာ မိုဆာလက်က အပိုင်ကန်သွင်းပြီး လီဗာပူးအတွက် ဦးဆောင်ဂိုးရယူခဲ့ပါတယ်။

၁၄ မိနစ်

မန်စီးတီး - မာရက်ဇ်ရဲ့ ပြစ်ဒဏ်ဘောတိုက်ရိုက်ကန်သွင်းမှု အတော်လေးကောင်းမွန်ခဲ့ပေမယ့် ဂိုးပေါက်နဲ့ အနည်းငယ်လေး လွဲချော်သွားခဲ့ပါတယ်။

၁၂ မိနစ်

မန်စီးတီး - ဒီဘရိုင်းအပေါ် ဟန်ဒါဆန်ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် လီဗာပူးဂိုးဧရိယာအစပ်မှာ မန်စီးတီးအသင်း ပြစ်ဒဏ်ဘောကန်ခွင့် ရရှိခဲ့ပါတယ်။

၁၀ မိနစ်

မန်စီးတီး - မာရက်ဇ်ရဲ့ခေါင်းတိုက်ချပေးမှုမှတဆင့် ရိုဒရီ အဝေးကန်ချက်နဲ့ ပိတ်သွင်းခဲ့ပေမယ့် ဂိုးသမားအလီဆင် ပုတ်ထုတ်ကာကွယ်ခဲ့ပါတယ်။

၈ မိနစ်

မန်စီးတီး - ဒီဘရိုင်းရဲ့ဖန်တီးပေးမှုမှတဆင့် ဂန်ဒိုဂန်ကန်သွင်းယူဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးသမားအလီဆင်ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

၆ မိနစ်

မန်စီးတီး - မာရက်ရဲ့ဖန်တီးပေးမှုမှတဆင့် အယ်လ်ဗာရက်ဇ် ကန်သွင်းယူဖို့ ကြိုးစားပေမယ့် ဂိုးသမားအလီဆင် နေရာယူမှန်မှန်နဲ့ အမိအရဖမ်းယူခဲ့ပါတယ်။

၄ မိနစ်

မန်စီးတီး - ဂရီးလစ်ချ်ရဲ့ထိုးဖောက်မှုကို ဖာဘင်ဟို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် မန်စီးတီးအသင်း ပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ပါတယ်။

၂ မိနစ်

မန်စီးတီး - အကီက အယ်လ်ဗာရက်ဇ်ဆီ ဘောလုံးပေးပို့ဖို့ ကြိုးစားပေမယ့် နောက်ခံလူဗန်ဒိုက်ရှင်းထုတ်နိုင်ခဲ့လို့ လက်ပစ်ဘောဖြစ်သွားခဲ့ပါတယ်။

၁ မိနစ်

လီဗာပူး - အလီဆင်(ဂိုး)၊ ရော်ဘတ်ဆန်၊ ဗန်ဒိုက်၊ ကိုနာတေ၊ အာနိုးလ်၊ ဟန်ဒါဆန်၊ ဖာဘင်ဟို၊ အီလီယော့၊ ဂျိုတာ၊ ဂတ်ပို၊ မိုဆာလက်။

၁ မိနစ်

မန်စီးတီး - အီဒါဆန်(ဂိုး)၊ ရိုဒရီ၊ ရူဘင်ဒီယက်စ်၊ အကန်ဂျီ၊ ဂျွန်စတုန်းစ်၊ ဂန်ဒိုဂမ်၊ အကီ၊ ဂရီးလစ်ချ်၊ ဒီဘရိုင်း၊ မာရက်ဇ်၊ အယ်လ်ဗာရက်ဇ်။

၁ မိနစ်

ပွဲစတင်ပါပြီ။