ရှေ့သို့

01 April, 18:00 PM

မန်စီးတီး Logo

4 : 1

လီဗာပူး Logo
မန်စီးတီး

ပွဲပြီး

လီဗာပူး
Image

ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) မှ မန်စီးတီး - လီဗာပူး ပွဲကြိုခန့်မှန်းချက် (ညနေ ၆း၀၀)

9:37 AM, 1, April 2023

မန်စီးတီး ဒဏ်ရာရလူစာရင်း - ဖိုဒန်(သေချာပေါက်လွဲ)၊ ဟာလန်း(မသေချာ)
လီဗာပူး ဒဏ်ရာရလူစာရင်း - လူးဝစ်ဒီယက်ဇ်၊ သီယာဂို၊ ကယ်ဗင်ရမ်ဆေး၊ ဘာ့ဂျ်စီတစ်၊ ဂိုမက်ဇ်(သေချာပေါက်လွဲ)၊ နူနက်ဇ်၊ ဆီမီကတ်စ်(မသေချာ)

အိမ်ရှင် မန်စီးတီးအသင်း အခြေအနေ
=====================
မန်စီးတီးအသင်းဟာ နိုင်ငံတကာပွဲစဉ်တွေမတိုင်ခင် အက်ဖ်အေဖလားပွဲစဉ်ကစားခဲ့ရတာကြောင့် ပရီးမီးယားလိဂ်မှာ ၈မှတ်ပြတ်နေခဲ့ပြီး ယနေ့ညမှာလည်း နိုင်ပွဲမဖြစ်မနေရဖို့ လိုအပ်နေပါတယ်။

ဧည့်သည်     လီဗာပူးအသင်း အခြေအနေ
=====================
လီဗာပူးအသင်းမှာ ကွင်းလယ်ပိုင်းမှာ အထူးခြေစွမ်းပြနေတဲ့ ဘာ့ဂျ်စီတစ် ဒဏ်ရာရနေသလို သီယာဂိုကလည်း ဒဏ်ရာမသက်သာသေးတာကြောင့် ယနေ့ညပွဲစဉ်မှာ ကွင်းလယ်ပိုင်း အားနည်းချက်ရှိလာနိုင်ပါတယ်။

ထူးခြားချက်များ
============
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး၆ပွဲမှာ ၅ပွဲနိုင်ထားပါတယ်။

ခန့်မှန်းချက်
==========
မန်စီးတီးအသင်းဟာ နိုင်ငံတကာပွဲစဉ်တွေမတိုင်ခင် ခြေစွမ်းကောင်းတွေရရှိထားပြီး ပြိုင်ပွဲစုံ ၆ပွဲဆက်အထိ နိုင်ထားပါတယ်။ လီဗာပူးအသင်းကတော့ ယူနိုက်တက်ကို ၇ဂိုးပြတ်နိုင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်၊ ဘုန်းမောက်တို့ကို ဆက်တိုက်ရှုံးထားပါတယ်။ လီ

ဗာပူးရဲ့ခြေစွမ်းပိုင်းဆိုးရွားမှုအပြင် ဒဏ်ရာရကစားသမားများနေတဲ့ အခြေအနေမှာ အကျောပေးမှုပြင်းနေတဲ့ မန်စီးတီးပဲ အနိုင်ယူပြသွားဖို့များပါတယ်။

မန်စီးတီး - လီဗာပူး ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
------------------------------------------------------------------
မန်စီးတီး ၃ - ၂ လီဗာပူး (၂၃-ဒီဇင်ဘာ-၂၀၂၂)
လီဗာပူး ၁ - ၀ မန်စီးတီး (၁၆-အောက်တိုဘာ-၂၀၂၂)
လီဗာပူး ၃ - ၁ မန်စီးတီး (၃၀-ဇူလိုင်-၂၀၂၂)
မန်စီးတီး ၂ - ၃ လီဗာပူး (၁၆-ဧပြီ-၂၀၂၂)
မန်စီးတီး ၂ - ၂ လီဗာပူး (၁၀-ဧပြီ-၂၀၂၂)
.
မန်စီးတီး နောက်ဆုံး (၅) ပွဲရလဒ်
----------------------------
မန်စီးတီး ၆ - ၀ ဘန်လေ (၁၉-မတ်-၂၀၂၃)
မန်စီးတီး ၇ - ၀ လိုက်ပ်ဇစ် (၁၅-မတ်-၂၀၂၃)
ပဲလေ့စ် ၀ - ၁ မန်စီးတီး (၁၂-မတ်-၂၀၂၃)
မန်စီးတီး ၂ - ၀ နယူးကာဆယ် (၄-မတ်-၂၀၂၃)
ဘရစ်စတို ၀ - ၃ မန်စီးတီး (၁-မတ်-၂၀၂၃)
.
လီဗာပူး နောက်ဆုံး (၅) ပွဲရလဒ်
------------------------------
ရီးရဲလ်မက်ဒရစ် ၁ - ၀ လီဗာပူး (၁၆-မတ်-၂၀၂၃)
ဘုန်းမောက် ၁ - ၀ လီဗာပူး (၁၁-မတ်-၂၀၂၃)
လီဗာပူး ၇ - ၀  ယူနိုက်တက် (၅-မတ်-၂၀၂၃)
လီဗာပူး ၂ - ၀ ဝုဗ် (၂-မတ်-၂၀၂၃)
ပဲလေ့စ် ၀ - ၀ လီဗာပူး (၂၆-ဖေဖော်ဝါရီ-၂၀၂၃)

#လီဗာပူး #မန်စီးတီး #ပွဲကြိုသုံးသပ်ချက် #ပရီးမီးယားလိဂ်