The network connection is lost.

Banner Image

ကာရာဘောင်ဖလားဗိုလ်လုပွဲနဲ့လွဲချော်ခဲ့ရမှုအပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ချယ်လ်ဆီးနည်းပြရိုစီနီယာ

ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ထပ်မံရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

အာဆင်နယ်အတွက် အနိုင်ဂိုးကို ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ တိုက်စစ်မှူး ကိုင် ဟာဗက်ဇ်က သွင်းယူပေးခဲ့တာဖြစ်ပြီး နှစ်ကျော့ပေါင်းရလဒ် ၄-၂ ဂိုးနဲ့ အာဆင်နယ်တို့ ဗိုလ်လုပွဲဆီ တက်လှမ်းသွားပါတယ်။

ပွဲအပြီးမှာတော့ ချယ်လ်ဆီးနည်းပြ လီယမ် ရိုဆင်းနီးယားက ရလဒ်အပေါ် စိတ်ပျက်မိကြောင်း ဝန်ခံခဲ့ပေမဲ့ အသင်းရဲ့ ခြေစွမ်းတိုးတက်လာမှုအပေါ်မှာတော့ ကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။

"ဒုတိယပိုင်းမှာ ကျွန်တော်တို့ လိုချင်တဲ့အပို်ငးကဏ္ဍတွေကို အသာစီးရယူနိုင်ခဲ့ပေမဲ့ အဆုံးသတ်ပိုင်း အရည်အသွေး ကောင်းကောင်းမပြနိုင်ခဲ့ပါဘူး" လို့ ရိုစီနီယာက ပြောကြားခဲ့ပါတယ်။

ဂိုးပေးလိုက်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း သူက "ကျွန်တော်တို့ ဂိုးရဖို့ တိုက်စစ်ဆင်နေချိန်နောက်ခံလူတွေကိုပါ ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲအထိ တက်ခိုင်းခဲ့တာကြောင့် ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ အခုလို ဂိုးပေးလိုက်ရတာပါ။ ဒါမျိုး ဖြစ်တတ်ပါတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် ပထမအကျော့နဲ့ ယှဉ်ရင် ဒုတိယအကျော့မှာ သိသိသာသာ တိုးတက်လာတာ တွေ့ရတယ်လို့လည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

"ရှုံးနိမ့်ခဲ့ရတာက နာကျင်စရာကောင်းပြီး ဗိုလ်လုပွဲတက်ချင်ခဲ့တာမှန်ပေမဲ့ အသင်းမှာ တိုးတက်မှုတွေ မြင်တွေ့နေရတဲ့အတွက် ဆက်လက် ကြိုးစားသွားရပါမယ်" လို့ ၎င်းက ဖွင့်ဟခဲ့ပါတယ်။

ပထမအကျော့နဲ့ ပတ်သက်တဲ့ နောင်တတွေကို မေးမြန်းရာမှာတော့ ရိုဆင်းနီးယားက "ဒါဟာ ဆင်ခြေပေးတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပထမအကျော့ ကစားရမယ့်နေ့မှာပဲ အသင်းထဲမှာ ဖျားနာမှုတွေ ဖြစ်ပွားခဲ့လို့ ကစားသမား လေးဦးတောင် လွဲချော်ခဲ့ပါတယ်။ အဲ့ဒီအချိန်က ကျွန်တော် အသင်းကို တာဝန်ယူတာ ၃ ရက်ပဲ ရှိပါသေးတယ်" လို့ ရှင်းပြခဲ့ပါတယ်။

ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှု၊ ကစားဟန် ပြင်းထန်မှုနဲ့ တိုက်ပွဲဝင်လိုစိတ်ကိုတော့ အပြစ်ပြောစရာ မရှိကြောင်းနဲ့ အသင်းဟာ အစပျိုးရုံသာ ရှိသေးတာကြောင့် အခုမြင်တွေ့နေရတဲ့ အပြောင်းအလဲတွေကို သဘောကျမိတယ်လို့လည်း ဆိုပါတယ်။

အခုချိန်မှာ အနားယူအင်အားဖြည့်ပြီး လာမယ့်ပွဲစဉ်တွေမှာ ပိုမိုကောင်းမွန်အောင် ဆက်လက်ပြင်ဆင်သွားမယ်လို့ နည်းပြ ရိုဆင်းနီးယားက အဆုံးသတ်ပြောကြားခဲ့ပါတယ်။