ယူနိုက်တက်၊ ချဲလ်ဆီးတို့ရဲ့ခြေချော်မှုကို အခွင့်ကောင်းယူနိုင်ခဲ့တဲ့ လီဗာပူး
ဆန်းဒါးလန်း ဝ-၁ လီဗာပူး (ပွဲပြီးရလဒ်)
အခုသီတင်းပတ်၊ ကြားရက်ပွဲစဉ်တွေမှာ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးတို့ နိုင်ပွဲပျောက်ဆုံးချိန် လီဗာပူးက ကစားရခက်ခဲတယ်လို့ ကျော်ကြားနေတဲ့ အလင်းရောင်ကွင်းကြီးအတွင်း အိမ်ရှင်တွေအတွက် အခုရာသီ၊ ပထမဆုံးပရီးမီးယားလိဂ်ရှုံးပွဲကို မိတ်ဆက်ပေးခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်ဂိုးကို ပွဲချိန်တစ်နာရီပြည့်မြောက်ချိန် မိုဆာလက်ရဲ့ထောင့်ကန်ဘောပေးပို့မှုမှတဆင့် ဗန်ဒိုက်က ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် လီဗာပူးရဲ့ TOP 4 အိပ်မက်ပြန်လည်ရှင်သန်လာပြီး နည်းပြအန်းစလော့အတွက်လည်း ဖိအားအနည်းငယ်လျော့ပါးသွားခဲ့ပါတယ်။