နာကျင်အချိန်ပိုပယ်နယ်တီသွင်းဂိုးဖြင့် နောက်တစ်ဆင့်တက်ရောက်သွားတဲ့ အတ္တလန္တာ
အတ္တလန္တာ ၄-၁ ဒေါ့မွန် (ပွဲပြီးရလဒ်)
အီတလီမြေ၊ New Balance ကွင်းပွဲစဉ်မှာ နှစ်ဖက်အသင်းကစားသမားတွေရဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားမှုနဲ့အတူ သွင်းဂိုးတွေမြင်တွေ့ခဲ့ရပြီး စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ သာမန်ပွဲကစားချိန်အတွင်း ဆကာမက်ကာ၊ ဇာပါကော်စတာ၊ ပါဆာလစ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အိမ်ရှင်အတ္တလန္တာက သုံးဂိုးပြတ်အထိ ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ကျန်ပွဲကစားချိန်မှာ လူစားဝင်ကစားသမားအဒီယီမီရဲ့ချေပဂိုးသွင်းယူမှုကြောင့် နှစ်ကျော့ပေါင်းရလဒ်တူညီသွားခဲ့ပြီး ဒေါ့မွန်တို့ ပြိုင်ပွဲလမ်းကြောင်းဆီ ပြန်လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နာကျင်အချိန်ပိုမှာ အိမ်ရှင်တို့ ပယ်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ဒီပယ်နယ်တီကို ဆမာဒစ်အမှားအယွင်းမရှိကန်သွင်းယူကာ ပြိုင်ဘက်ဒေါ့မွန်ကို နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဂိုးဖြင့်ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ၁၆-သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားပါတယ်။