The network connection is lost.

Banner Image

အဝေးကွင်းအနိုင်ရလဒ်နဲ့အတူ ရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားတဲ့ လိုင်လီ

ဇီဗက်ဒါ ဝ-၁ လိုင်လီ (သာမန်ပွဲကစားချိန်) (အချိန်ပို ဝ-၁)

ပထမအကျော့အိမ်ကွင်းမှာရှုံးနိမ့်ထားတဲ့ လိုင်လီက အခုပွဲစဉ်ရဲ့သာမန်ပွဲကစားချိန်အတွင်း မဖြစ်မနေအနိုင်ရရှိဖို့ လိုအပ်ခဲ့ပြီး ပွဲချိန်အစောပိုင်းမှာပဲ ဝါရင့်တိုက်စစ်မှူးဂျီရော့ဒ်ရဲ့ခေါင်းတိုက်ဂိုးနဲ့အတူ ဖိအားတွေကို လျော့ချနိုင်ခဲ့ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာ နှစ်ဖက်အသင်းကစားသမားတွေ အပြန်အလှန်ထိုးဖောက်ကစားခဲ့ပေမယ့် တိုက်စစ်ပိုင်းကစားပုံအားနည်းချက်ကြောင့် ဂိုးမသွင်းနိုင်ခဲ့ကြပါဘူး။ နှစ်ကျော့ပေါင်းရလဒ်အရ အနိုင်အရှုံးအဖြေမပေါ်လို့ အချိန်ပိုဆက်ကစားရာမှာ ဧည့်သည်လိုင်လီက လူစားဝင်ကစားသမားအန်ဂွိုင်းရဲ့အဖိုးတန်အနိုင်ဂိုးနဲ့အတူ ယူရိုပါလိဂ် ၁၆-သင်းရှုံးထွက်အဆင့်ဆီ တက်ရောက်သွားပါတယ်။