The network connection is lost.

Banner Image

အဝေးကွင်းနိုင်ပွဲနဲ့အတူ နောက်တစ်ဆင့်တက်ရောက်ဖို့ အခြေအနေကောင်းသွားတဲ့ ဖောရက်စ်

ဖီနာဘာချီ ဝ-၃ နော်တင်ဟမ်ဖောရက်စ် (ပွဲပြီးရလဒ်)

နည်းပြသစ်ဗီတာပါရဲရားဦးဆောင်လာတဲ့ နော်တင်ဟမ်ဖောရက်စ်က တူရကီမြေမှာ ပြိုင်ဘက်ကို အပြတ်အသတ်အသာစီးရယူကစားပြီး ဂိုးပြတ်နိုင်ပွဲတစ်ခုဖော်ဆောင်ကာ ယူရိုပါလိဂ်နောက်ဆုံး-၁၆ သင်းအဆင့်ဆီတက်ရောက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်ဂိုးတွေကို ပထမပိုင်းပွဲချိန်အတွင်း မူရီလိုနဲ့ အီဂေါဂျီးဆပ်စ်၊ ဒုတိယပိုင်းပွဲချိန်အတွင်း ဂစ်ဝှိုက်တို့က သွင်းယူခဲ့ကြပါတယ်။ အခုနိုင်ပွဲကြောင့် လာမယ့်တနင်္ဂနွေနေ့မှာ လီဗာပူးနဲ့ပွဲကြီးပွဲကောင်းဆင်နွှဲရမယ့် နော်တင်ဟမ်ဖောရက်စ်အတွက် ခွန်အားသစ်တွေ ရရှိလာပါတယ်။