The network connection is lost.

Banner Image

နော်တင်ဟမ်ဖောရက်စ်ကြယ်ပွင့် အဲလိယော့ အန်ဒါဆန်ကို ခေါ်ယူဖို့ မန်စီးတီး အလေးအနက် စဉ်းစားနေ

နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ကွင်းလယ်လူ အဲလိယော့ အန်ဒါဆန်ကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့အတွက် မန်ချက်စတာစီးတီးအသင်းက အခြေခံပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းရင်းမြစ်တွေက အတည်ပြုလိုက်ပါတယ်။

ဖလတ်ရှ်စကိုးရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ ၂၀၂၆-၂၇ ဘောလုံးရာသီမှာ အသင်းကို အင်အားဖြည့်တင်းဖို့အတွက် ကြိုတင်စီမံကိန်းတွေ စတင်ရေးဆွဲနေပြီ ဖြစ်ပါတယ်။

လတ်တလောမှာ တရားဝင် ညှိနှိုင်းမှုတွေ မရှိသေးပေမဲ့ မန်စီးတီးရဲ့ ရည်ရွယ်ချက်ကို နော်တင်ဟမ်ဖောရက်စ်ဘက်က သိရှိထားပြီး လာမယ့်လပိုင်းတွေအတွင်း ကမ်းလှမ်းမှုတွေ ရှိလာနိုင်မယ်လို့ ခန့်မှန်းထားတာပါ။

မန်စီးတီးဟာ ဒီရာသီမှာ ဆုဖလားတွေ ရယူနိုင်ဖို့ အာရုံစိုက်နေသလို တစ်ဖက်မှာလည်း အသင်းလူစာရင်းကို အပြောင်းအလဲလုပ်ဖို့ နောက်ကွယ်ကနေ ပြတ်ပြတ်သားသား ပြင်ဆင်နေပါတယ်။

ဘာနာဒို ဆေးလ်ဗားနဲ့ ဂျွန် စတုန်းစ်တို့ဟာ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရိုဒရီနဲ့ ဖီးလ် ဖိုဒန်တို့ကို စာချုပ်သစ်ချုပ်ဆိုဖို့ အသင်းက အလိုရှိနေပေမဲ့ လက်ရှိမှာတော့ စိုးရိမ်စရာ အခြေအနေအချို့ ရှိနေတယ်လို့ သိရပါတယ်။

နေသန် အကီ၊ ဂျက် ဂရီးလစ်ရှ်နဲ့ မာတီယို ကိုဗာဆစ်တို့ဟာလည်း အသင်းကနေ ထွက်ခွာဖို့ များနေတာကြောင့် ကစားသမားသစ်တွေအတွက် နေရာလွတ်တွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

အဲလိယော့ အန်ဒါဆန်ဟာ မန်စီးတီးအတွက် ကွင်းလယ်ပိုင်းမှာ အားဖြည့်ဖို့ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာနိုင်ပေမဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

မန်စီးတီးအသင်းဟာ သူတို့ရဲ့ အပြောင်းအရွှေ့ မဟာဗျူဟာအပေါ် ယုံကြည်မှု အပြည့်ရှိနေပြီး အသင်းရဲ့ နေရာစုံမှာ အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်သွားဖို့ ရှိနေတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာတောင် အန်တွိုင်း ဆီမီညိုနဲ့ မာ့ခ် ဂူဟီတို့အတွက် ပေါင် ၈၄ သန်းအထိ အသုံးပြုခဲ့တဲ့ မန်စီးတီးဟာ လာမယ့်နွေရာသီမှာလည်း အသင်းရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ငွေကြေးသုံးစွဲသွားမှာ ဖြစ်ပါတယ်။