The network connection is lost.

Banner Image

လူငယ်ကြယ်ပွင့်တိုင်ရီကွီဂျော့ရှ်ကိုခေါ်ယူဖို့ နည်းပြမိုယက်စ်ဆီ အကြုံပြုခဲ့တယ်လို့ ဒျူဘူရီဟောလ် ဖွင့်ဟ

အဲဗာတန်ကွင်းလယ်ကစားသမားဒျူဘူရီဟောလ်က ချယ်လ်ဆီးလူငယ်ကြယ်ပွင့်တိုင်ရီကွီဂျော့ရှ်ကို အသင်းဆီခေါ်ယူနိုင်ခဲ့တဲ့အပြောင်းအရွှေ့မှာ သူကိုယ်တိုင် ဘယ်လိုပုံစံမျိုး ပါဝင်ပတ်သက်ခဲ့တယ်ဆိုတာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ချယ်လ်ဆီးတောင်ပံကစားသမားတိုင်ရီကွီဂျော့ရှ်က အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်ဖြင့် အဲဗာတန်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး ဒါဟာ အဲဗာတန်ဆီ ဒျူဘူရီဟောလ်ရောက်ရှိပြီး ခြောက်လအကြာမှာ ပေါ်ပေါက်လာတဲ့ အပြောင်းအရွှေ့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့စနေနေ့၊ ဖူလ်ဟမ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အဲဗာတန်အတွက် ခြေစွမ်းပြခဲ့တဲ့ ဒျူဘူရီဟောလ်က “တိုင်ရီကွီဂျော့ရှ်ဆိုတာ တကယ့်ကိုအရည်အချင်းရှိတဲ့ကစားသမားတစ်ဦးဖြစ်လို့ ကျွန်တော် အတော်လေး စိတ်လှုပ်ရှားမိပါတယ်။ သူဟာ စိတ်ဓာတ်ပိုင်းကောင်းမွန်တဲ့ ထူးချွန်လူငယ်ကစားသမားတစ်ဦးပါ” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်းက “ဒီနေ့ပွဲမှာ လူစားဝင်လာတဲ့ ပုံစံကိုကြည့်ရင်တောင် သူဟာ အသင်းနဲ့ တစ်သားတည်းရှိနေပြီး ယုံကြည်မှုရှိရှိ ကစားနိုင်တယ်ဆိုတာကို တွေ့ရပါတယ်။ သူဆီမှာ ကြောက်ရွံ့နေတာမျိုး လုံး၀မရှိပါဘူး” လို့ ဆိုပါတယ်။

တိုင်ရီကွီဂျော့ရှ်ရဲ့အရည်အသွေးနဲ့ပတ်သက်လို့ “သူဟာ သူ့ရဲ့ အရည်အချင်းကို သက်သေပြချင်နေတာပါ။ ဒါဟာ မောက်မာတာမျိုး မဟုတ်ဘဲ ကောင်းမွန်တဲ့ ယုံကြည်မှုတစ်ခုပဲ ဖြစ်ပါတယ်။ အကယ်၍ သူသာ အသင်းနဲ့ မြန်မြန်ဆန်ဆန် အသားကျသွားမယ်ဆိုရင် ကျွန်တော်တို့အသင်းအတွက် ကြီးမားတဲ့ခွန်အားတစ်ရပ် ဖြစ်လာပါလိမ့်မယ်” လို့ ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အဆိုပါ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ နည်းပြနဲ့ ဆွေးနွေးခဲ့တာကိုလည်း “ကျွန်တော် နည်းပြ ဒေးဗစ် မိုယက်စ်နဲ့ စကားနည်းနည်းပြောဖြစ်ခဲ့ပြီး တိုင်ရီကွီဂျော့ရှ်နဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့အမြင်တွေကို ရှင်းပြခဲ့ပါတယ်။ တိုင်ရီကွီဂျော့ရှ်ကိုတော့ သူကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ်လို့ ကျွန်တော် တိုက်ရိုက်ဘာမှမပြောခဲ့ပေမဲ့ ကျွန်တော်တို့အသင်းကို သူရွေးချယ်ခဲ့လို့ ဝမ်းသာမိပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။

လက်ရှိတွင် ဒျူဘူရီဟောလ်က အသင်းသစ်မှာ တိုင်ရီကွီဂျော့ရှ် အခြေတကျဖြစ်စေဖို့ ကူညီပေးနေပြီး အသင်းရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဘာတွေပြင်ဆင်ရမလဲဆိုတာကို အမြဲမပြတ်ပြောပြပေးနေတယ်လို့ သိရပါတယ်။

“သူဟာ လေ့ကျင့်ရေးစဆင်းတဲ့ ပထမဆုံးနေ့ကတည်းက အသင်းနဲ့ အသားကျနေပြီလို့ ပြောလို့ရပါတယ်။ ဒါကြောင့် သူ အမြန်ဆုံး အရှိန်အဟုန်ရလာပြီး အသင်းအတွက် ဂိုးတွေ၊ ဖန်တီးမှုတွေ လုပ်ပြနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဒျူဘူရီဟောလ်က နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။