
အာဆင်နယ်စတားကို စိတ်ဝင်စားနေတဲ့ ဘက်ဆစ်တက်ခ်
သတင်းတွေအရ တူရကီကလပ် ဘက်ဆစ်တက်ခ်အသင်းဟာ အာဆင်နယ်တောင်ပံကစားသမား ထရိုဆက်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံသားဟာ ၂၀၂၃ တုန်းက ဘရိုက်တန်းအသင်းထံကနေ အာဆင်နယ်ထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းတိုးထားတာကြောင့် ၂၀၂၇ အထိ အသင်းမှာဆက်ရှိနေတော့မှာဖြစ်ပါတယ်။
ထရိုဆက်ကို အစောပိုင်းတုန်းက မော်ရင်ဟိုရဲ့ဖီနာဘာချီအသင်းက စိတ်ဝင်စားခဲ့သေးတာဖြစ်ပါတယ်။ ရိုမာနိုရဲ့အဆိုအရ တူရကီကလပ် ဘက်ဆစ်တက်ခ်အသင်းက စိတ်ဝင်စားနေပေမယ့် အာဆင်နယ်ဟာ ထရိုဆက်ကို ရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ တူရကီလိဂ်ဈေးကွက်က ဖွင့်နေဆဲဖြစ်တာကြောင့် ကစားသမားတွေအနေနဲ့ အသင်းပြောင်းခွင့်ရှိနေသေးတာဖြစ်ပါတယ်။
မာဒူကီ နဲ့ ဗစ်တာယိုကရက်စ်တို့ရောက်လာတာကြောင့် ထရိုဆက်ရဲ့အနာဂတ်က နွေရာသီတစ်လျှောက်လုံး သတင်းထွက်ခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသားဟာ အာဆင်နယ်မှာ စာချုပ်သက်တမ်းတိုးပြီး အနာဂတ်ကိုအတည်ပြုခဲ့တာကြောင့် ၂၀၂၇ အထိ အသင်းမှာဆက်ရှိနေတော့မှာဖြစ်ပါတယ်။
ကစားသမားအသစ်တွေရောက်လာခဲ့ပေမယ့်လည်း ထရိုဆက်ဟာ အာတီတာရဲ့ချီးကျူးမှုကို ရရှိထားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ အန်ဖီးလ်မှာ လီဗာပူးကိုအရေးနိမ့်ပြီးနောက် အခုနိုင်ငံတကာရက်သတ္တပတ်အပြီးမှာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။