The network connection is lost.

Banner Image

ကွန်းဖရန့်လိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့ပြီးနောက် ဘက်ဆစ်တက်ခ်အသင်းထံကနေ အထုတ်ခံခဲ့ရတဲ့ ဆိုးလ်ရှား

ဘက်ဆစ်တက်ခ်အသင်းဟာ ကွန်းဖရန့်လိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့ပြီးနောက် နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်လိုက်ပါတယ်။ တူရကီကလပ်အသင်းဟာ ကွန်းဖရန့်လိဂ်ခြေစစ်ပွဲမှာ ဆွစ်ဇာလန်ကလပ် လော်ဆန်နီစပေါ့တ်အသင်းကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပထမအကျော့ ဆွစ်ဇာလန်မြေမှာတုန်းက ၁-၁ သရေကျခဲ့ပြီး အိမ်ကွင်းမှာတော့ အသာစီးမယူနိုင်ခဲ့ပဲ ၁-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။

အာဆင်နယ်အကယ်ဒမီထွက်ကစားသမားလေး အိုယီဒီဂျေက လော်ဆန်နီစပေါ့တ်အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘက်ဆစ်တက်ခ်တာဝန်ရှိသူတွေအတွက် ဥရောပပြိုင်ပွဲမြင်တွေ့ချင်ကျရှုံးခဲ့သလို ကစားသမားတော်တော်များများက စိတ်ပျက်လက်ပျက်ဖြစ်ခဲ့တာဖြစ်ပါတယ်။

အသင်းဘက်က ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့တာနဲ့ပတ်သက်ပြီး “ကျွန်တော်တို့ ဘုတ်အဖွဲ့အတွင်းတွေ့ဆုံမှုပြုလုပ်ခဲ့ပြီးနောက် ဆိုးလ်ရှား နဲ့ စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသင်းကိုတာဝန်ယူပေးခဲ့တဲ့ ဆိုးလ်ရှားကို ကျေးဇူးတင်သလို အရှိတရားကို လေးစားစွာနဲ့ ထုတ်ပြန်ခဲ့တာပါ”လို့ ဆိုပါတယ်။

ဆိုးလ်ရှားဟာ ဇန်နဝါရီတုန်းက ဘက်ဆစ်တက်ခ်အသင်းကို တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ဘက်ဆစ်တက်ခ်အသင်းဟာ ဆိုးလ်ရှားအတွက် ၂၀၂၁ ယူနိုက်တက်ကနေထွက်ခွာပြီးနောက် ပထမဆုံးနည်းပြအလုပ်ဖြစ်လာခဲ့ပါတယ်။ ဆိုးလ်ရှားတာဝန်ယူခဲ့တုန်းက ဘက်ဆစ်တက်ခ်အသင်းဟာ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ရာသီအကုန်မှာ အသင်းကို အဆင့် ၄ နေရာနဲ့ရာသီသိမ်းအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားဟာ ဘက်ဆစ်တက်ခ်နဲ့အတူ ပထမဆုံးလိဂ်နိုင်ပွဲအဖြစ် Eyupspor ကို ၂-၁ နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကွန်းဖရန့်လိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့ပြီးနောက် ရာထူးကနေ အထုတ်ခံခဲ့ရပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ ဘက်ဆစ်တက်ခ်အသင်းဟာ အလန်ယာစပေါလ်အသင်းနဲ့ကန်ရမှာဖြစ်ပြီး နည်းပြအသစ်ကိုတော့ အတည်မပြုရသေးတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒေါ့မွန်ကစားသမားဟောင်း နူရီဆာဟင်ကို ခန့်အပ်ဖို့ ချိတ်ဆက်နေပါတယ်။