The network connection is lost.

Banner Image

ယူနိုက်တက် ကစားသမားဟောင်း ဘရန်ဒန် ဝီလျံစ်ကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ ဆိုးရှား

အိုလီ ဂန်နာ ဆိုးရှား ဟာ ယူနိုက်တက်တွင် ကစားသမားဘဝ အောင်မြင်မှုများ ရရှိခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း နည်းပြအဖြစ် သုံးနှစ်နီးပါး တာဝန်ယူခဲ့ပါတယ်။

ဇန်နဝါရီလတွင် ဆိုးရှားဟာ ယူနိုက်တက်မှ ထုတ်ပယ်ခံရပြီးနောက် ပထမဆုံးအကြိမ် နည်းပြရာထူးကို လက်ခံခဲ့ပြီး ဘက်ဆစ်တပ်စ်ကို တူရကီ စူပါလိဂ်တွင် စတုတ္ထနေရာသို့ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

အဆိုပါအသင်းကို ပထမဆုံး အပြည့်အဝ ကိုင်တွယ်မယ့် ရာသီသစ်အတွက် ပြင်ဆင်နေချိန်တွင် ဆိုးရှားက သူ့ရဲ့ နောက်တန်းကို အားဖြည့်ရန်အတွက် ယူနိုက်တက် ကစားသမားဟောင်းတစ်ဦးကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ နော်ဝေနည်းပြဟာ ယူနိုက်တက် အကယ်ဒမီထွက်ဖြစ်ပြီး အင်္ဂလန်လူငယ်လက်ရွေးစင်ဟောင်း ဘရန်ဒန် ဝီလျံစ်ကို ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။

ဝီလျံစ်ဟာ အိုးထရက်ဖို့ဒ်တွင် ဆိုးရှားရဲ့ ဦးဆောင်မှုအောက်တွင် ခြေစွမ်းပြခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ချန်ပီယံလိဂ်ဆုရှင် ဆိုးရှားက သူ့ကို ပွဲထွက်ခွင့် ပေးခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ကာရင်တန်အကယ်ဒမီထွက်များထဲမှ အောင်မြင်မှုရရှိရန် မျှော်မှန်းခံခဲ့ရပြီး ပြိုင်ပွဲအားလုံးတွင် ၃၆ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။ သို့သော်လည်း ဝီလျံစ်ဟာ ပွဲထွက်ခွင့်ရရန် ခက်ခဲလာခဲ့ပြီး နောဝှစ်ချ် နှင့် အင်းဆွစ်ချ် တို့တွင် အငှားထွက်ကစားခဲ့ရပါတယ်။

နောက်ပိုင်း အငှားသွားကစားခဲ့တဲ့ အင်းဆွစ်ချ်တွင် နည်းပြ ကီရန် မက်ကီနာ လက်အောက်မှာ ခြေစွမ်းကျဆင်းခဲ့ပြီး ကွင်းပြင်ပ ပြဿနာများလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ မေလတွင် ဝီလျံစ်ဟာ အန္တရာယ်ရှိတဲ့ ယာဉ်မောင်းနှင်မှုကြောင့် ထောင်ဒဏ် ၁၄ လ (ဆိုင်းငံ့ပြစ်ဒဏ်) ချမှတ်ခံခဲ့ရပါတယ်။

နောက်ခံလူဟာ သူ့ရဲ့ Audi A3 ကားဖြင့် ချက်ရှိုင်းယားရှိ A34 အဝေးပြေးလမ်းပေါ်တွင် တစ်နာရီ မိုင် ၁၀၀ နီးပါး အရှိန်ဖြင့် မောင်းနှင်ခဲ့ပြီး Ford Fiesta ကားကို တိုက်မိကာ လမ်းအလယ်ရှိ ကန့်လန့်ကာကို ဝင်တိုက်မိခဲ့ပါတယ်။

ဝီလျံစ်ဟာ သူ့ရဲ့နဘေးမှာ ထိုင်နေတဲ့ အမျိုးသမီးခရီးသည်ကို ကြွားချင်လို့ မောင်းနှင်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး မျက်မြင်သက်သေတစ်ဦးက ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

ရှေ့နေများကတော့ ဘယ်သူမှ ပြင်းထန်စွာ ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းမရှိခဲ့သည်မှာ "ကံကောင်းတယ်" လို့ ပြောကြားခဲ့ပါတယ်။

ချက်စတာခရောင်းတရားရုံး မှ တရားသူကြီး လမ် က ဝီလျံစ်ကို "မင်း လုပ်ခဲ့သလို မောင်းနှင်ဖို့ ဘာအကြောင်းမှ မရှိဘူး" လို့ ပြောကြားခဲ့သော်လည်း စိတ်ဓာတ်ကျနေချိန်တွင် ပြစ်မှုကျူးလွန်ခဲ့ခြင်းကြောင့် "ကိုယ်ရေးကိုယ်တာ ထိခိုက်မှု အပြင်းအထန်ရှိခဲ့တယ်" လို့ ပြောကြားခဲ့ပါတယ်။

ကားတိုက်မှု မတိုင်မီက ပါတီပွဲ တက်ရောက်ခဲ့တဲ့ ဝီလျံစ်ကို "မိုက်မဲတယ်" လို့ ပြောကြားခဲ့ပြီး "အရမ်းများတဲ့ ငွေကြေးကို အရမ်းစောစောစီးစီး ရရှိခဲ့တယ်" လို့လည်း ပြောကြားခဲ့ပါတယ်။