The network connection is lost.

Banner Image

ဘန်လေနဲ့ပွဲမတိုင်ခင် အာဆင်နယ်စတား ၂ ဦးအခြေအနေကို အာတီတာပြောကြား

အာဆင်နယ်နည်းပြ အာတီတာက ဘန်လေနဲ့ပွဲမတိုင်ခင် ဆာလီဘာ နဲ့ မာတီနယ်လီတို့ကြံ့ခိုင်မှုအခြေအနေကို စိုးရိမ်မိတယ်လို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ၉ ပွဲဆက်နိုင်ပွဲစံချိန်ကိုဆက်ထိန်းနိုင်ဖို့ အခွင့်အရေးရှိနေသလို အမှတ်ပေးဇယားထိပ်ဆုံးနေရာကိုလည်း ဆက်ထိန်းထားနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက ပဲလေ့စ်ကိုအနိုင်ရရှိခဲ့ပြီးနောက် အာဆင်နယ်ဟာ ဒုတိယနေရာက ဘုန်းမောက်ကို ၄ မှတ်ဖြတ်ကာ အခြားပြိုင်ဘက်တွေကိုလည်း အမှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။

ဘန်လေဟာ မကြာသေးခင်တုန်းက စွမ်းဆောင်ရည်တိုးတက်လာခဲ့တာဖြစ်ပြီး နောက်ဆုံး ၂ ပွဲအနိုင်ရမှုနဲ့အတူ တန်းဆင်းဇုန်နဲ့ ၅ မှတ်အကွာကိုတက်ရောက်လာနိုင်ခဲ့ပါတယ်။ အာတီတာကတော့ မာတီနယ်လီအခြေအနေဟာ အဆင်မပြေဘူးလို့ အတည်ပြုခဲ့ပြီး ပြီးခဲ့တဲ့ဘရိုက်တန်နဲ့ပွဲကိုပါ လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပဲလေ့စ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဆာလီဘာအခြေအနေကလည်း အခုဘန်လေနဲ့ပွဲအတွက် မသေချာသေးတာဖြစ်ပါတယ်။

“ဒဏ်ရာပြဿနာအသစ်မရှိပါဘူး။ တူညီတဲ့အရာတစ်ခုပဲရှိပါတယ်။ မာတီနယ်လီက ဒဏ်ရာရနေဆဲပါ။ ဘယ်လောက်ကြာမလဲဆိုတာ ကျွန်တော်တို့မသိပါဘူး။ ဒါပေမယ့် ဒီပွဲမှာပြန်လာဖို့က စောနေပါသေးတယ်။ ဆာလီဘာအခြေအနေက ဆက်လက်စောင့်ကြည့်ရမှာပါ။ ဒီနေ့ညနေခင်းမှာ နောက်ထပ်လေ့ကျင့်ခန်းအစီအစဉ်ရှိပါတယ်”လို့ အာတီတာက ဖြေကြားခဲ့ပါတယ်။ မာတီနယ်လီကို ဒီရာသီမှာ အရန်ခုံကနေအဓိကအသုံးပြုနေပြီး မန်စီးတီးပွဲက ချေပဂိုးအပါအဝင် ၄ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဆာလီဘာမပါဝင်နိုင်ဘူးဆိုရင် မော့စကွယ်ရာက အစားထိုးမှာဖြစ်ပြီး အာတီတာအတွက် သတင်းကောင်းတွေကတော့ အိုဒီဂတ် ၊ ဟာဗက်ဇ် ၊ မာဒူကီ နဲ့  ဂျီးဆပ်စ်တို့ ပြန်လာနိုင်ဖို့ နီးစပ်နေပါတယ်။

“ကျန်တဲ့ကစားသမားတွေက နီးစပ်လာပါပြီ။ မှန်ကန်တဲ့လမ်းကြောင်းမှာရှိနေပါတယ်။ ဒါပေမယ့် အချိန်တစ်ခုလိုပါသေးတယ်။ အခုအခြေအနေအတိုင်းဆက်လုပ်ဆောင်လာမယ်ဆိုရင် သူတို့ပြန်လာနိုင်ဖို့ နီးစပ်နေပါပြီ။ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ကစားသမားအချို့ပြန်လာနိုင်ပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲ့တာပြီးရင်လည်း အနည်းငယ်နီးစပ်လာပါပြီ”လို့ အာတီတာက ဖြေကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ မြောက်လန်ဒန်ဒါဘီပွဲအဖြစ် တော့တင်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။