The network connection is lost.

Banner Image

နယူးဂျာစီအပူချိန်ကြောင့် အသက်ရှုဖို့တောင် ခက်ခဲခဲ့ကြောင်း ချဲလ်ဆီးစတား ဝန်ခံပြောကြား

ဖလူမီးနီးစ်အသင်းကိုအနိုင်ရခဲ့တဲ့ဆီမီးဖိုင်နယ်ပွဲအတွင်း သူ့အနေနဲ့ နယူးဂျာစီအပူချိန် နဲ့ လေဖိအားကြောင့် အသက်ရှုဖို့တောင် ခက်ခဲခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးညာနောက်ခံလူဟာ ပြင်းထန်တဲ့ရာသီဥတုအခြေအနေကြောင့် ရုန်းကန်ခဲ့ရတာကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဖလူမီးနီးစ်အသင်းကို ဂျာအိုပက်ဒရိုရဲ့သွင်းဂိုး ၂ ဂိုးနဲ့ ဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ရီးရဲလ် ဒါမှမဟုတ် ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အမေရိကမြေရဲ့ပြင်းထန်တဲ့ရာသီဥတုအခြေအနေကြောင့် ကစားသမားတွေဟာ ရုန်းကန်နေရသလို လာမယ့်နှစ်မှာတော့ နေရာပြောင်းလဲဖွယ်ရှိနေပါတယ်။ ရာသီဥတုအခြေအနေက ဆိုးဝါးခဲ့တာကြောင့် ဂတ်စ်တိုတစ်ယောက် အသက်ရှုဖို့တောင် ခက်ခဲခဲ့တာဖြစ်ပါတယ်။ 

“ကွင်းထဲမှာ အခြေအနေကခက်ခဲပါတယ်။ အသက်ရှုဖို့တောင် ခက်ခဲခဲ့ပြီး နောက်တစ်ဆင့်တက်နိုင်လို့ ကျွန်တော်တို့ ပျော်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာကန်ရတာက ရှုပ်ထွေးလွန်းပါတယ်။  ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကိုယ် ကျွန်တော်တို့အာရုံစိုက်နိုင်ခဲ့ပြီး အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ အသင်းအားလုံးအတွက်လည်း အတူတူပါပဲ။ 

အရေးအကြီးဆုံးက ကျွန်တော်တို့အကောင်းဆုံးလုပ်နိုင်ခဲ့တာပါ။ ကျွန်တော်တို့ အခုဖိုင်နယ်အတွက် ကြိုးစားရမှာဖြစ်ပြီး ဆုဖလားရယူချင်ပါတယ်”လို့ ဂတ်စ်တိုက ပြောကြားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲကန်ရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက ချဲလ်ဆီးအသင်းနဲ့ဖိုင်နယ်ပွဲကန်ရမှာဖြစ်ပါတယ်။