The network connection is lost.

Banner Image

မန်ချက်စတာဒါဘီမတိုင်ခင် ဒူးဒဏ်ရာကြုံတွေ့ခဲ့တဲ့ မန်စီးတီးကစားသမား အိုမာမာမွတ်ရှ်

ဘူကီနာဖာဆိုနဲ့ရင်ဆိုင်ရတဲ့ အီဂျစ်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲအတွင်း မန်စီးတီးတိုက်စစ်မှူးအိုမာမာမွတ်ရှ် ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့၊ မန်ချက်စတာယူနိုက်တက်ကို ဧည့်ခံကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ရှိနေမှုနဲ့အတူ ဝါကူဒူကူမှာ ဘူကီနာဖာဆိုနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်ရဲ့ပွဲအစကိုးမိနစ်မှာပဲ အသက်-၂၆ နှစ်အရွယ် အီဂျစ်ကစားသမားက ကွင်းတွင်းမှထွက်ခွာသွားခဲ့ပါတယ်။

မာမွတ်ရှ်က ပွဲအစလေးမိနစ်မှာတင် ပြင်းထန်တဲ့ဖြတ်ထုတ်မှုတစ်ခုနဲ့ရင်ဆိုင်ရချိန် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူကာ ဆက်ကစားခဲ့ပါတယ်။ ဆေးမှူးတွေနဲ့အတူ ကွင်းတွင်းမှထွက်ခွာသွားတဲ့ ကစားသမားရဲ့ဓါတ်ပုံကို ဖော်ပြကာ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က X လူမှုကွန်ရက်မှတဆင့် “ အိုမာမာမွတ်ရှ်ရဲ့ဒူးအရွတ် ပွန်းပဲ့သွားပါတယ်”လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့၊ ကိုင်ရိုမှာ အီသီယိုးပီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ဂိုးသွင်းယူပေးခဲ့တဲ့ မာမွတ်ရှ်ကို မန်ချက်စတာဒါဘီမတိုင်ခင် မန်စီးတီးဆေးအဖွဲ့က အကဲဖြတ်လေ့လာသွားဖို့ ရှိပါတယ်။ ဖရန့်ဖတ်ကစားသမားဟောင်းက တော့တင်ဟမ်၊ ဘရိုက်တန်တို့ကို အရေးနိမ့်ခဲ့တဲ့ မန်စီးတီးရဲ့ရာသီအဖွင့် ပွဲစဉ်နှစ်ခုမှာ ပွဲထွက်ပါဝင်ကစားခဲ့ပါတယ်။