The network connection is lost.

Banner Image

ဖီအိုရင်တီးနားမှာ ဆက်လက်နေထိုင်ဖို့ အလားအလာများနေတဲ့ ဒီဂီယာ

ဖီအိုရင်တီးနားဂိုးသမား ဒေးဗစ်ဒီဂီယာဟာ ရီးရဲလ်ဘက်တစ်ကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါကွန်းဖရန့်လိဂ် ဆီးမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အပြီးမှာ သူ့ရဲ့ကစားသမားဘဝ အနာဂတ်နဲ့ပတ်သက်ပြီး အီတလီမြေမှာ ဆက်လက်နေထိုင်နိုင်ကြောင်း အရိပ်အမြွက်ပြောကြားလာခဲ့ပါတယ်။ 

မန်ချက်စတာယူနိုက်တက် ဂိုးသမားဟောင်းဟာ အီတလီမြေမှာ ပုံမှန်အတိုင်း လက်စွမ်းကောင်းတွေ ဆက်လက်ပြသထားနိုင်ဆဲဖြစ်ပြီး အောင်မြင်တဲ့ ကစားသမားဘဝကို ဆက်လက်ပုံဖော်ထားနိုင်ပါတယ်။ 

ဘက်တစ်ကိုရှုံးနိမ့်ပြီးနောက် ပွဲအပြီးမှာ ဖီအိုရင်တီးနားနဲ့ ဆက်လက် လက်တွဲသွားဖို့ရှိမရှိမေးမြန်းခဲ့ရာ ဒီဂီယာက "ကျွန်တော် ဒီမှာ တစ်ရက်ချင်းစီပဲနေထိုင်နေပါတယ်။ကျွန်တော် ဖီအိုရင်တီးနားမှာနေရတာအရမ်းပျော်ပြီး အီတလီဘောလုံးကစားဟန်ကိုလည်း သဘောကျပါတယ်။ အသင်းနဲ့အတူ အကောင်းဆုံးတွေ လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး ယူနိုက်တက်နဲ့ လမ်းခွဲခဲ့တဲ့ ဒီဂီယာဟာ ဘောလုံးလောကမှ ၁ နှစ်ခန့်အနားယူခဲ့ပြီး အသင်းလက်မဲ့ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ်နွေရာသီမှာတော့ စပိန်လက်ရွေးစင်ဟောင်းဟာ ဖီအိုရင်တီးနားနဲ့ ၁ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုပြီး ဘောလုံးလောကထဲ ပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ 

သတင်းတွေအရ ဖီအိုရင်တီးနားဟာ အသက်-၃၄ နှစ်အရွယ်ကစားသမားကို မြင့်မားတဲ့လစာနဲ့ နောက်ထပ် တစ်နှစ် ထပ်မံစာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားတယ်လို့သိရပါတယ်။သို့သော်လည်း အဆိုပါသတင်းတွေဟာ ကောလာဟလအဆင့်သာရှိသေးတာကြောင့် အနည်းငယ်တော့ စောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာတော့ ဖီအိုရင်တီးနားဟာ ရိုးမားနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီဂီယာတစ်ယောက် ဘယ်လိုလက်စွမ်းတွေပြသသွားမလဲဆိုတာ စောင့်ကြည့်ရပါမယ်။